မောင်နှမဆိုတာ ကမ္ဘာမြေကြီးကပေးလိုက်တဲ့အခိုင်မာဆုံးသံယောဇဉ်ကြိုး တစ်ချောင်းပါ။

ေမာင္ႏွမဆိုတာ ကမၻာေျမႀကီးကေပးလိုက္တဲ့အခိုင္မာဆုံးသံေယာဇဥ္ႀကိဳး တစ္ေခ်ာင္းပါ။

တစ္ခါတစ္ေလ မိဘကိုတူတူဆိုးၾကတာရွိမယ္

တစ္ခါတစ္ေလ တူတူလိမၼာ ၾကတာလဲရွိပါတယ္။

အကိုႀကီးအဖရာ၊အမႀကီးအမိရာ ဆိုသလိုမုန္႔ေလးဘာေလးစားရရင္ ငါ့ညီ၊ငါ့ညီမအတြက္ထားထားၾက တာရွိလိမ့္မယ္။

အငယ္ေတြကလဲ ကိုယ့္အကိုႀကီး၊အမႀကီးေတြကိုအားကိုးၾကပါတယ္။

ျပႆနာတစ္ခုခုျဖစ္ခဲ့ရင္အရင္တိုင္ပင္တာကိုယ့္ အကို၊အမေတြကိုပါ။

တစ္ခါတစ္ေလ အငယ္ေတြကျပန္ၿပီးဦးေဆာင္ၾကတာရွိတယ္။

ဒါေပမယ့္ သူတို႔အကိုႀကီး၊အမႀကီးေတြကိုမေမ့ပါဘူး။

တစ္ခါတစ္ေလရန္ျဖစ္ၾကမယ္။ ၿပီးရင္ ျပန္ခ်စ္ၾကမယ္။

အႀကီးေတြကလဲအငယ္ေတြကိုလမ္းျပေပးသလိုအငယ္ေတြကလဲ ရင္ဖြင့္စရာရွိရင္ရင္ဖြင့္ၾကတယ္။

ကိုယ္က ဘာႀကီးပဲျဖစ္ေနပါေစ ကိုယ့္အကိုအမေရွ႕ေရာက္ရင္ ကေလးေလးပါပဲ။

တစ္ခါတစ္ေလ ကိုယ့္အတြက္သူတို႔က ေရွ႕ဆုံးကေနဂုဏ္ယူတတ္ၾကတယ္။

တစ္ခါတစ္ေလ ကိုယ္ကသူတို႔အတြက္ ေရွ႕ဆုံးကေနဂုဏ္ယူေနရတယ္။

မိဘေတြမရွိေတာ့တဲ့အခါကိုယ္ဒုကၡေရာက္လို႔မရွိ၊ရွိ တာေလးနဲ႔ ကူညီေပးတာ ေမာင္ႏွမဆိုတဲ့သံေယာဇဥ္ႀကိဳးေလးေၾကာင့္ပါ။

ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္ပါ။အေဖအေမၿပီးရင္ဘယ္သူ႔ကိုအခ်စ္ဆုံးလဲလို႔ ပါးစပ္ကေနထုတ္မေျပာရင္ေတာင္

စိတ္ထဲကေနကိုယ္မသိပဲ ခ်စ္မိေနပါလိမ့္မယ္။

ဘာလို႔ဆို ေလာကႀကီးက သံေယာဇဥ္ဆိုတဲ့ႀကိဳးေလးတစ္ေခ်ာင္းကိုေမြးလာကတည္းက ခ်ည္ေႏွာင္ထားလို႔ေပါ့ဗ်ာ။ ။ ။ ။

ေအာက္မွာ ပါေမာကၡဆရာေတာ္ဘုရားႀကီးတို႔ေမာင္ႏွမရဲ့ ၾကည္ႏူးစရာပုံရိပ္ေလးပါ။

ေလာကမွာရွိတဲ့ေမာင္ႏွမတိုင္းခ်စ္နိုင္ၾကပါေစ…..။

unicode

မောင်နှမဆိုတာ ကမ္ဘာမြေကြီးကပေးလိုက်တဲ့အခိုင်မာဆုံးသံယောဇဉ်ကြိုး တစ်ချောင်းပါ။

တစ်ခါတစ်လေ မိဘကိုတူတူဆိုးကြတာရှိမယ်

တစ်ခါတစ်လေ တူတူလိမ္မာ ကြတာလဲရှိပါတယ်။

အကိုကြီးအဖရာ၊အမကြီးအမိရာ ဆိုသလိုမုန့်လေးဘာလေးစားရရင် ငါ့ညီ၊ငါ့ညီမအတွက်ထားထားကြ တာရှိလိမ့်မယ်။

အငယ်တွေကလဲ ကိုယ့်အကိုကြီး၊အမကြီးတွေကိုအားကိုးကြပါတယ်။

ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်အရင်တိုင်ပင်တာကိုယ့် အကို၊အမတွေကိုပါ။

တစ်ခါတစ်လေ အငယ်တွေကပြန်ပြီးဦးဆောင်ကြတာရှိတယ်။

ဒါပေမယ့် သူတို့အကိုကြီး၊အမကြီးတွေကိုမမေ့ပါဘူး။

တစ်ခါတစ်လေရန်ဖြစ်ကြမယ်။ ပြီးရင် ပြန်ချစ်ကြမယ်။

အကြီးတွေကလဲအငယ်တွေကိုလမ်းပြပေးသလိုအငယ်တွေကလဲ ရင်ဖွင့်စရာရှိရင်ရင်ဖွင့်ကြတယ်။

ကိုယ်က ဘာကြီးပဲဖြစ်နေပါစေ ကိုယ့်အကိုအမရှေ့ရောက်ရင် ကလေးလေးပါပဲ။

တစ်ခါတစ်လေ ကိုယ့်အတွက်သူတို့က ရှေ့ဆုံးကနေဂုဏ်ယူတတ်ကြတယ်။

တစ်ခါတစ်လေ ကိုယ်ကသူတို့အတွက် ရှေ့ဆုံးကနေဂုဏ်ယူနေရတယ်။

မိဘတွေမရှိတော့တဲ့အခါကိုယ်ဒုက္ခရောက်လို့မရှိ၊ရှိ တာလေးနဲ့ ကူညီပေးတာ မောင်နှမဆိုတဲ့သံယောဇဉ်ကြိုးလေးကြောင့်ပါ။

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။အဖေအမေပြီးရင်ဘယ်သူ့ကိုအချစ်ဆုံးလဲလို့ ပါးစပ်ကနေထုတ်မပြောရင်တောင်

စိတ်ထဲကနေကိုယ်မသိပဲ ချစ်မိနေပါလိမ့်မယ်။

ဘာလို့ဆို လောကကြီးက သံယောဇဉ်ဆိုတဲ့ကြိုးလေးတစ်ချောင်းကိုမွေးလာကတည်းက ချည်နှောင်ထားလို့ပေါ့ဗျာ။ ။ ။ ။

အောက်မှာ ပါမောက္ခဆရာတော်ဘုရားကြီးတို့မောင်နှမရဲ့ ကြည်နူးစရာပုံရိပ်လေးပါ။

လောကမှာရှိတဲ့မောင်နှမတိုင်းချစ်နိုင်ကြပါစေ…..။