









Source-CNA

unicode

အပူပေါ် အပူဆင့်ခဲ့တဲ့ အန္ဒိယနိုင်ငံ (ဘေးကင်းကြပါစေ)

“အိန္ဒိယမှာ ကိုဗစ်ဆေးရုံ မီးလောင် လူ ၁၈ ဦး သေဆုံး ”

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ ကိုဗစ်-၁၉ ဆေးရုံတစ်ရုံမှာ

သောကြာနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့လို့ ကျန်းမာရေးဝန်ထမ်း နှစ်ဦး အပါအဝင် လူ ၁၈ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘာရပ်ခ်ျမြို့က ကိုဗစ်ကုသရေးအဆောက်အအုံအဖြစ် သတ်မှတ်ထားတဲ့ Patel Welfare ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ

ညသန်းခေါင်ချိန်လောက် မီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မီးလောင်မှုအတွင်း လူနာ ၁၆ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦးဟာ မီးလောင်

မီးခိုးမွန်းလို့ သေဆုံးခဲ့ရတာဖြစ်ကြောင်း ဘာရပ်ခ်ျမြို့မှ ရဲအရာရှိ အာဗီ ချူဒါဆာမာက ပြောဆိုပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ ဝါယာလျှော့ဖြစ်ရာက မီးလောင်မှုဖြစ်ရတယ်လို့ သိရပါတယ်။

Source-CNA