ယေန႕ ေမ ၃ ရက္ေန႕မွာ ကြယ္လြန္ျခင္း ၂ လျပည့္ျပီျဖစ္တဲ့ ၾကယ္စင္

ယေန႕ ေမ ၃ ရက္ေန႕မွာ ကြယ္လြန္ျခင္း ၂ လျပည့္ျပီျဖစ္တဲ့ ၾကယ္စင္

ယေန႕ ေမ ၃ ရက္မွာေတာ့ ေႏြဦးေတာ္လွန္ေရးမွာ က်ဆံုးခဲ့တဲ့ ၾကယ္စင္ကြယ္လြန္ခဲ့တာ ၂ လျပည့္တဲ့ေန႕ျဖစ္ပါတယ္..။။

အားလံုးလဲ အမွတ္ရေနၾကမယ္ထင္ပါတယ္…။

မၾကယ္စင္တစ္ေယာက္ ေကာင္းရာမြန္ရာဘ၀ ေရာက္ရွိႏိုင္ပါေစ…။

အားလံုးေသာ ျပည္သူေတြလဲ ၾကယ္စင္အတြက္ ဆုေတာင္းစကားေလးေတြ

ေရးေပးခဲ့ၾကပါအံုးေနာ္…..

က်ဆံုးသြားတဲ့ မၾကယ္စင္အတြက္ ရင္နင့္နင့္နဲ႕ ေရးထားတဲ့ ဖခင္တစ္ေယာက္ရဲ႕စာ

တဦးတည္းေသာသမီးေလး လမ္းေပၚထြက္တာ စိတ္မပူဘူးလား လို့ သူမ်ားေတြေမးရင္……

သမီးကို စိတ္မပူဘူး … လို့ပဲ က်ေနာ္ျပန္ေျဖေနခဲ့တာ

သမီးက သြက္တဲ့ကေလး …ထက္တဲ့ကေလး …

ငယ္ငယ္ေလးကတည္းက ေဖေဖဂုဏ္ယူခဲ့ရတဲ့သမီးေလး … Gz ေလးတေယာက္မို့ …

ဒီမိုကေရစီတိုက္ပြဲမွာ သူစိတ္အားထက္သန္သလိုတေထာင့္တေနရာက ျပည္သူနဲ႔အတူ ရွိေနခဲ့တဲ့ သမီးေလး …

ခ်စ္လြန္းလို့ ပ္ုးဥေလးလို ေမြးထားေပမဲ့တိုက္ကြမ္ဒိုေတြ ကရာေတးေတြဝါသနာပါေတာ့လည္းသင္ခိုင္းေစခဲ့တာပါပဲ …

သမီးေလးက…ေဖေဖ့အသည္းေက်ာ္ေလးမို့ေဖေဖ့ဆံပင္ေဆးဆိုးတာကအစ သမီးလက္ေလးနဲ႔ထိေတြ႕မွ ေဖေဖစိတ္တိုင္းက်တာ…

မနက္က သမီးသူငယ္ခ်င္းေတြ နဲ႔အတူ ထြက္သြားတယ္

သမီးတို့Gz ေလးေတြရဲ့ ေက်ာျပင္ေလးေတြ ေငးရင္း

ခါတိုင္းလိုပဲ…………ေန႔လည္သမီးျပန္လာမဲ့အခ်ိန္ေစာင့္ပီး

keyboard ဖိုက္တာလုပ္ဖို့က ေဖေဖ့တာဝန္ေလ…

ေန႔လည္ > ph ဖြင့္သတင္းေတြဖတ္မိေတာ့ မွ ……

ေဖေဖ့……… မ်က္စိေတြဝါးသြားလိုက္

ကိုယ္တခုလုံး ေျမာက္တက္သြားလိုက္ ႀကီးးးး

ထ ေျပးသြားတယ္ …ေျပးတယ္ …ထပ္ၿပီး…ေျပးတယ္ …

အသိစိတ္ေလးဝင္မွ ၾကည့္လိုက္ေတာ့ …

ေဖေဖ ေရာက္သြားတာ စစ္ေျမျပင္တခု……!

လူေတြၾကားထဲ … လူေတြအမ်ားႀကီးၾကားထဲမွာ…

လူငယ္ေလးတေယာက္က…… ေဖေဖ့ကိုတခုခု လွမ္းေပးလိုက္သလိုပဲ

သမီးရဲ့ph လား ?

ေဖေဖဝယ္ေပးခဲ့တဲ့နာရီေလးလား…? မသဲကြဲဘူးး …

ေသျခာလား ေသျခာရဲ့လားဗ်ာ ???

ေဖေဖ့အတြက္ေတာ့…ျမင္ရတဲ့ ျမင္ကြင္းကရင္ဘတ္ႀကီးကြဲထြက္သြားတဲ့ေန႔ပါသမီးေလးေရ ………😢😢

#နန္းဂ်စ္ပြ (3-3-2021)

#ဒီေန႔ဒီမိုကေရစီတိုက္ပြဲက

ပုံေလးတပုံၾကည့္ရင္း… မိဘတေယာက္အေနနဲ႔မ်က္ရည္ တစစ္စစ္က်ရင္းခံစားေရးဖြဲ႕မိပါသည္ …………

ဆယ္ေက်ာ္သက္ ကေလးေတြ အသက္ေႁခြရတာ

မင္းတို့ေပ်ာ္လား မငိးတို့ လဲ သားသမီးေတြနဲ႔ပါ

မင္းတို့ သားသမီး ေျမးျမစ္ေတြက်ရင္

မင္းတို့ ခံနိုင္ရည္ရွိနိုင္က်ပါေစ… (၃/ ၃/၂၀၂၁)

#စစ္အာဏာရွင္ေတြအျမန္က်ရွုံးပါေစ

unicode

ယနေ့ မေ ၃ ရက်နေ့မှာ ကွယ်လွန်ခြင်း ၂ လပြည့်ပြီဖြစ်တဲ့ ကြယ်စင်

ယနေ့ မေ ၃ ရက်မှာတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ကြယ်စင်ကွယ်လွန်ခဲ့တာ ၂ လပြည့်တဲ့နေ့ဖြစ်ပါတယ်..။။

အားလုံးလဲ အမှတ်ရနေကြမယ်ထင်ပါတယ်…။

မကြယ်စင်တစ်ယောက် ကောင်းရာမွန်ရာဘဝ ရောက်ရှိနိုင်ပါစေ…။

အားလုံးသော ပြည်သူတွေလဲ ကြယ်စင်အတွက် ဆုတောင်းစကားလေးတွေ

ရေးပေးခဲ့ကြပါအုံးနော်…..

ကျဆုံးသွားတဲ့ မကြယ်စင်အတွက် ရင်နင့်နင့်နဲ့ ရေးထားတဲ့ ဖခင်တစ်ယောက်ရဲ့စာ

တဦးတည်းသောသမီးလေး လမ်းပေါ်ထွက်တာ စိတ်မပူဘူးလား လို့ သူများတွေမေးရင်……

သမီးကို စိတ်မပူဘူး … လို့ပဲ ကျနော်ပြန်ဖြေနေခဲ့တာ

သမီးက သွက်တဲ့ကလေး …ထက်တဲ့ကလေး …

ငယ်ငယ်လေးကတည်းက ဖေဖေဂုဏ်ယူခဲ့ရတဲ့သမီးလေး … Gz လေးတယောက်မို့ …

ဒီမိုကရေစီတိုက်ပွဲမှာ သူစိတ်အားထက်သန်သလိုတထောင့်တနေရာက ပြည်သူနဲ့အတူ ရှိနေခဲ့တဲ့ သမီးလေး …

ချစ်လွန်းလို့ ပ်ုးဥလေးလို မွေးထားပေမဲ့တိုက်ကွမ်ဒိုတွေ ကရာတေးတွေဝါသနာပါတော့လည်းသင်ခိုင်းစေခဲ့တာပါပဲ …

သမီးလေးက…ဖေဖေ့အသည်းကျော်လေးမို့ဖေဖေ့ဆံပင်ဆေးဆိုးတာကအစ သမီးလက်လေးနဲ့ထိတွေ့မှ ဖေဖေစိတ်တိုင်းကျတာ…

မနက်က သမီးသူငယ်ချင်းတွေ နဲ့အတူ ထွက်သွားတယ်

သမီးတို့Gz လေးတွေရဲ့ ကျောပြင်လေးတွေ ငေးရင်း

ခါတိုင်းလိုပဲ…………နေ့လည်သမီးပြန်လာမဲ့အချိန်စောင့်ပီး

keyboard ဖိုက်တာလုပ်ဖို့က ဖေဖေ့တာဝန်လေ…

နေ့လည် > ph ဖွင့်သတင်းတွေဖတ်မိတော့ မှ ……

ဖေဖေ့……… မျက်စိတွေဝါးသွားလိုက်

ကိုယ်တခုလုံး မြောက်တက်သွားလိုက် ကြီးးးး

ထ ပြေးသွားတယ် …ပြေးတယ် …ထပ်ပြီး…ပြေးတယ် …

အသိစိတ်လေးဝင်မှ ကြည့်လိုက်တော့ …

ဖေဖေ ရောက်သွားတာ စစ်မြေပြင်တခု……!

လူတွေကြားထဲ … လူတွေအများကြီးကြားထဲမှာ…

လူငယ်လေးတယောက်က…… ဖေဖေ့ကိုတခုခု လှမ်းပေးလိုက်သလိုပဲ

သမီးရဲ့ph လား ?

ဖေဖေဝယ်ပေးခဲ့တဲ့နာရီလေးလား…? မသဲကွဲဘူးး …

သေခြာလား သေခြာရဲ့လားဗျာ ???

ဖေဖေ့အတွက်တော့…မြင်ရတဲ့ မြင်ကွင်းကရင်ဘတ်ကြီးကွဲထွက်သွားတဲ့နေ့ပါသမီးလေးရေ ………😢😢

#နန်းဂျစ်ပွ (3-3-2021)

#ဒီနေ့ဒီမိုကရေစီတိုက်ပွဲက

ပုံလေးတပုံကြည့်ရင်း… မိဘတယောက်အနေနဲ့မျက်ရည် တစစ်စစ်ကျရင်းခံစားရေးဖွဲ့မိပါသည် …………

ဆယ်ကျော်သက် ကလေးတွေ အသက်ခြွေရတာ

မင်းတို့ပျော်လား မငိးတို့ လဲ သားသမီးတွေနဲ့ပါ

မင်းတို့ သားသမီး မြေးမြစ်တွေကျရင်

မင်းတို့ ခံနိုင်ရည်ရှိနိုင်ကျပါစေ… (၃/ ၃/၂၀၂၁)

#စစ်အာဏာရှင်တွေအမြန်ကျရှုံးပါစေ