ဆင္းရဲၿပီး အသိပညာနည္းပါးတဲ့သူေတြကို ပစ္မွတ္ထား လိမ္ေနတဲ့ လူလိမ္ ေငြေခ်းလုပ္ငန္းမ်ား

ဆင္းရဲၿပီး အသိပညာနည္းပါးတဲ့သူေတြကို ပစ္မွတ္ထား လိမ္ေနတဲ့ လူလိမ္ ေငြေခ်းလုပ္ငန္းမ်ား

တေန႔က ခေလးမ တေယာက္ က်ေနာ့ဆိုင္ကို ေရာက္လာၿပီး ေငြ ၅ ေသာင္း တိတိကို wave money နဲ႔ လႊဲခိုင္းတယ္။ လႊဲရမယ့္ နံပါတ္က MYTEL… ႐ုပ္ရည္ကို ၾကည့္လိုက္ေတာ့

ငယ္ငယ္ ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်ၿပီး စီးပြားေရးသိပ္ အဆင္မေျပတဲ့ပုံစံ သူက က်ေနာ့ကိုသာ ေငြလႊဲခိုင္းေနတာ

သူ႔လက္နဲ႔ မ်က္စိေတြကသူ႔ရဲ့ အညံ့စားဖုန္းေလး ေပၚမွာ ကီးဘုတ္ေတြႏွိပ္ေနတာမို႔ က်ေနာ့ စိတ္ထဲ မသကၤာျဖစ္သြားမိတယ္။

ဒါနဲ႔ သူ႔ဖုန္းကို တစ္ခ်က္ လွမ္းၾကည့္မိေတာ့ ေငြစုေငြေခ်း တဲ့ က်ေနာ္ အေတာ္ေလးစိတ္မေကာင္းျဖစ္ သြားမိတယ္။

က်ေနာ္ ေငြကိုမလႊဲေသးဘဲသူနဲ႔ စကားစျမည္ ေျပာၾကည့္လိုက္ေတာ့ သူ႔ ဘက္က ေငြ ၅ ေသါင္း တိတိ ကို

wave money နဲ႔ စေဘာ္သေဘာမ်ိဳး အရင္ သြင္းေပးရမယ္။ သူ႔ပိုက္ဆံ ဝင္ၿပီ ဆိုမွ ဂ႐ု မွ ေငြ ၅သိန္း ျပန္လို႔ ေခ်းေပးမယ္။

သူ႔ေျပာပုံအရ အေတာ္ေလး အားတက္စရာ။ ခေလးမဘက္က ေလာဘတက္ေနၿပီမို႔ ေငြ ကို အျမန္ဆုံးလႊဲေပးဖို႔ ပက္စဝက္ ကို

123456 ထားေပးဖို႔က်ေနာ့ ကို ေျပာလာတာေၾကာင့္ သူ႔စိတ္ေက်နပ္ပါေစဆိုၿပီး က်ေနာ္ လႊဲေပး လိုက္တယ္။

တစ္ခုဘဲ အဲဒါကသူေပးတဲ့ ပက္စဝက္ မဟုတ္ဘဲ က်ေနာ့ စိတ္ႀကိဳက္ ပက္စဝက္ကို ခ်ိန္းလို႔ ေပးလိုက္တယ္။

ဟိုဂ႐ု အက္ထမိန္ႀကီးက ေငြပို႔တဲ့ မက္ေဆ့ဖ္ ကို ရတာနဲ႔ ဖုန္းဆက္ၿပီး ပက္စဝက္ေတာင္းတာ ေတြ႕ရတယ္။

ခေလးမ က သူေပးထားတဲ့ ပက္စဝက္ကို အက္ထမိန္ႀကီးဆီ လွမ္းေပးလိုက္ေတာ့ ဖုန္းခ် သြားတာသိပ္မၾကာဘူးျပန္ေခၚၿပီး

ပက္စဝက္ မွားေနလို႔ ထုတ္မရဘူး တဲ့…ဒါနဲ႔ဘဲ… က်ေနာ္လည္း မေနနိုင္ေတာ့လို႔ သူ႔ ဘက္ က ေငြ ၅သိန္းကို

ျပန္လႊဲၿပီးမွ ပက္စဝက္ ကို ေပးနိုင္မယ္လို႔ ၾကားက ဝင္ေျပာလိုက္ေတာ့ ဖုန္းကို ခ်ၿပီး ဘေလာ့ဂ္သြားေလရဲ့…. ဒါေတာင္.. ခေလးမေလးက က်ေနာ့ကို ေမးေသးတယ္။

“ဦးေလး.. သူတို႔.. လိမ္ေနတာလားဟင္” တဲ့.. လိမ္ခ်င္လိမ္ မလိမ္ခ်င္ေန နင္လႊဲတဲ့ ပိုက္ဆံ နင္ျပန္ထုတ္သြား ခု ေနထုတ္ရင္ လႊဲခ ၁ ေထာင္ နင္ရႈံးမယ္။

ဒီလိုမွ မဟုတ္ဘဲ နင့္အေနနဲ႔ မျမင္ရတဲ့ ၅ သိန္း ေနာက္ကို ဆက္လိုက္ရင္ေတာ့ ၅၁၀၀၀ ရႈံးမယ္လို႔ ေျပာလိုက္ေတာ့မွ

“သမီး ေငြကိုျပန္ထုတ္ၿပီးယူေတာ့မယ္ဦးေလးရယ္” ျဖစ္သြားေတာ့တယ္ဗ်ာ..

အလိုႀကီးအရနည္းတတ္တဲ့ ျဖစ္ရပ္မို႔ အြန္လိုင္းပါး မဝၾကေသးတဲ့ လူငယ္ေမာင္မယ္မ်ား သတိထားၾကေစဖို႔ က်ေနာ္

ေျပာျပလိုက္႐ုံသာ။ လူအခ်င္းခ်င္းလွည့္ပတ္ျခင္း ကင္းရွင္းၾကပါေစ။

credit

unicode

ဆင်းရဲပြီး အသိပညာနည်းပါးတဲ့သူတွေကို ပစ်မှတ်ထား လိမ်နေတဲ့ လူလိမ် ငွေချေးလုပ်ငန်းများ

တနေ့က ခလေးမ တယောက် ကျနော့ဆိုင်ကို ရောက်လာပြီး ငွေ ၅ သောင်း တိတိကို wave money နဲ့ လွှဲခိုင်းတယ်။ လွှဲရမယ့် နံပါတ်က MYTEL… ရုပ်ရည်ကို ကြည့်လိုက်တော့

ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး စီးပွားရေးသိပ် အဆင်မပြေတဲ့ပုံစံ သူက ကျနော့ကိုသာ ငွေလွှဲခိုင်းနေတာ

သူ့လက်နဲ့ မျက်စိတွေကသူ့ရဲ့ အညံ့စားဖုန်းလေး ပေါ်မှာ ကီးဘုတ်တွေနှိပ်နေတာမို့ ကျနော့ စိတ်ထဲ မသင်္ကာဖြစ်သွားမိတယ်။

ဒါနဲ့ သူ့ဖုန်းကို တစ်ချက် လှမ်းကြည့်မိတော့ ငွေစုငွေချေး တဲ့ ကျနော် အတော်လေးစိတ်မကောင်းဖြစ် သွားမိတယ်။

ကျနော် ငွေကိုမလွှဲသေးဘဲသူနဲ့ စကားစမြည် ပြောကြည့်လိုက်တော့ သူ့ ဘက်က ငွေ ၅ သေါင်း တိတိ ကို

wave money နဲ့ စဘော်သဘောမျိုး အရင် သွင်းပေးရမယ်။ သူ့ပိုက်ဆံ ဝင်ပြီ ဆိုမှ ဂရု မှ ငွေ ၅သိန်း ပြန်လို့ ချေးပေးမယ်။

သူ့ပြောပုံအရ အတော်လေး အားတက်စရာ။ ခလေးမဘက်က လောဘတက်နေပြီမို့ ငွေ ကို အမြန်ဆုံးလွှဲပေးဖို့ ပက်စဝက် ကို

123456 ထားပေးဖို့ကျနော့ ကို ပြောလာတာကြောင့် သူ့စိတ်ကျေနပ်ပါစေဆိုပြီး ကျနော် လွှဲပေး လိုက်တယ်။

တစ်ခုဘဲ အဲဒါကသူပေးတဲ့ ပက်စဝက် မဟုတ်ဘဲ ကျနော့ စိတ်ကြိုက် ပက်စဝက်ကို ချိန်းလို့ ပေးလိုက်တယ်။

ဟိုဂရု အက်ထမိန်ကြီးက ငွေပို့တဲ့ မက်ဆေ့ဖ် ကို ရတာနဲ့ ဖုန်းဆက်ပြီး ပက်စဝက်တောင်းတာ တွေ့ရတယ်။

ခလေးမ က သူပေးထားတဲ့ ပက်စဝက်ကို အက်ထမိန်ကြီးဆီ လှမ်းပေးလိုက်တော့ ဖုန်းချ သွားတာသိပ်မကြာဘူးပြန်ခေါ်ပြီး

ပက်စဝက် မှားနေလို့ ထုတ်မရဘူး တဲ့…ဒါနဲ့ဘဲ… ကျနော်လည်း မနေနိုင်တော့လို့ သူ့ ဘက် က ငွေ ၅သိန်းကို

ပြန်လွှဲပြီးမှ ပက်စဝက် ကို ပေးနိုင်မယ်လို့ ကြားက ဝင်ပြောလိုက်တော့ ဖုန်းကို ချပြီး ဘလော့ဂ်သွားလေရဲ့…. ဒါတောင်.. ခလေးမလေးက ကျနော့ကို မေးသေးတယ်။

“ဦးလေး.. သူတို့.. လိမ်နေတာလားဟင်” တဲ့.. လိမ်ချင်လိမ် မလိမ်ချင်နေ နင်လွှဲတဲ့ ပိုက်ဆံ နင်ပြန်ထုတ်သွား ခု နေထုတ်ရင် လွှဲခ ၁ ထောင် နင်ရှုံးမယ်။

ဒီလိုမှ မဟုတ်ဘဲ နင့်အနေနဲ့ မမြင်ရတဲ့ ၅ သိန်း နောက်ကို ဆက်လိုက်ရင်တော့ ၅၁၀၀၀ ရှုံးမယ်လို့ ပြောလိုက်တော့မှ

“သမီး ငွေကိုပြန်ထုတ်ပြီးယူတော့မယ်ဦးလေးရယ်” ဖြစ်သွားတော့တယ်ဗျာ..

အလိုကြီးအရနည်းတတ်တဲ့ ဖြစ်ရပ်မို့ အွန်လိုင်းပါး မဝကြသေးတဲ့ လူငယ်မောင်မယ်များ သတိထားကြစေဖို့ ကျနော်

ပြောပြလိုက်ရုံသာ။ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

credit