ျမန္မာလူမ်ိဳးတိုင္း သိထားသင့္တဲ့ ” ပံ့ သ ကူ ” ရဲ့အနက္အဓိပၸါယ္

” ပံ့ သ ကူ ” ရဲ့အနက္အဓိပၸါယ္

” ပံ့သကူ “ဆိုတဲ့…စကားလုံးေလးဟာ…အေတာ္မ်ားမ်ား ၾကားဘူးၾကၿပီးသားျဖစ္ၿပီး…ျမန္မာေတြနားနဲ႔ မစိမ္းလွပါဘူး….။ သို႔ေသာ္လည္း…..ပံ့သကူနဲ႔ပတ္သက္ၿပီးေတာ့….လူအမ်ားနားလည္ထားၾကတာကေတာ့….အခါႀကီး ရက္ႀကီးေတြမွာ….လမ္းဆုံလမ္းခြေတြ လူသူေလးပါးအသြားအလာမ်ားတဲ့ေနရာေတြမွာ မနက္အေစာႀကီး(က်ီးမနိုးခင္)ထၿပီးမည္သူမၽွမျမင္ေအာင္ ေငြ/ပစၥည္း တခုခုကို ပစ္ခ်ထားခဲ့ရမယ္…ဒီလို ျပဳလုပ္ျခင္းအားျဖင့္….

ျပဳလုပ္သူမွာလည္း ေငြေၾကးဥစၥာေတြ တိုးပြားလာလိမ့္မယ္……ဆိုတာေလာက္ကိုဘဲ…အမ်ားစုက ၾကားဘူးနားဝရွိေနခဲ့ၾကတာျဖစ္ပါတယ္။

ဒါဟာ…..တစိတ္တပိုင္းအေနနဲ႔ေတာ့ မွန္ပါေသာ္လည္း..တကယ့္ပံ့သကူ အစစ္ရဲ့ အဓိပၸါယ္ ရည္ရြယ္ခ်က္အျပည့္အစုံကေတာ့….ဒီထက္မက အဓိပၸါယ္ ခံယူခ်က္ရည္ရြယ္ခ်က္က မ်ားစြာ က်ယ္ျပန္႔လွပါတယ္။

ဒါေၾကာင့္…..ပံ့သကူရဲ့ ရည္ရြယ္ခ်က္ အဓိပၸါယ္ ႏွင့္ျပဳလုပ္ရမယ့္အခ်ိန္အခါေတြကို တိတိက်က်သိရွိၾကရေအာင္လို႔ အနည္းငယ္မၽွေရးသားေပးပါရေစ။

ပံ့သကူရဲ့…တကယ့္အနက္အစစ္က…#ပံသုကူလ ဆိုတဲ့…ပါဠိစကားကေန ဆင္းသက္လာခဲ့တာျဖစ္ၿပီး….ပံသုကူလ……ပံသုကူ…….ထိုမွတဆင့္ ပံ့သကူ လို႔….ေခၚေဝၚလာခဲ့ၾကတာျဖစ္ပါတယ္…..

((ပံသုဆိုတဲ့ပုဒ္က ေျမႀကီး ျဖစ္ပါတယ္))အဓိပၸါယ္ကေတာ့…..#ပါပံသုကူလ…#ေျမမႈန္႔ကဲ့သို႔စက္ဆုတ္ဖြယ္ေကာင္းေသာအဝတ္ လို႔…အဓိပၸါယ္ရပါတယ္။

ေရွးယခင္…..ျမတ္ဘုရားသက္ေတာ္ထင္ရွားရွိစဥ္အခါက….ရဟန္းေတာ္တို႔ဟာ….သကၤန္းအတြက္….လူတို႔စြန္႔ပစ္ထားတဲ့ အဝတ္စေတြကို ရွာေဖြၾကရပါတယ္ဒီလိုရွာေဖြၾကရတဲ့အခါ….

အဝတ္စအမ်ားစုကိုေတြ႕နိုင္ရနိုင္တာကမ်ားေသာအားျဖင့္ အမွိုက္ပုံနဲ႔ သခ်ိဳင္းကုန္း ၂ေနရာသာျဖစ္ပါတယ္….ဘာလို႔လည္းဆိုေတာ့….

လူေတြက….မိမိတို႔မလိုခ်င္ေတာ့တဲ့ မဝတ္ခ်င္ေတာ့တဲ့ဝတ္မရေတာ့ေလာက္ေအာင္ ပ်က္စီးေနတဲ့ အဝတ္အထည္ေတြကို အမွိုက္ပုံသို႔ စြန္႔ပစ္ေလ့ရွိၾကၿပီး…

ထိုေခတ္အခါက….လူေတြေသလြန္ၾကတဲ့အခါ…အေလာင္းေကာင္ကို အဝတ္ပတ္ၿပီးသုသာန္တစျပင္မွာလာပစ္ထားၾကလို႔ဘဲျဖစ္ပါတယ္။

ရဟန္းေတာ္တို႔ဟာ….ဒီလိုလာပစ္ထားၾကတဲ့ အဝတ္အထည္စေတြကိုေကာက္ယူၿပီးမွ သစ္ေခါက္ရည္ဆိုးျခင္း ခ်ဳပ္လုပ္ျခင္းစသည္တို႔ကိုျပဳလုပ္ၾကရၿပီး….သကၤန္းအျဖစ္နဲ႔ဝတ္႐ုံဆင္ျမန္းခဲ့ၾကရတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္…. ဒီသကၤန္းမ်ိဳးကိုလည္း ….#ပံသုကူလစီဝရံ… ပံ့သကူသကၤန္း # လို႔ ေခၚေဝၚခဲ့ၾကတာျဖစ္ပါတယ္။

(ဒီေနရာမွာ…..အမ်ားစုအလြယ္နားလည္ေအာင္ ဒဲ့ေျပာရရင္ေတာ့…ပံ့သကူဆိုတာ….လူတို႔စြန္႔လြတ္လိုက္ေသာဝတၳဳပစၥည္း(သို႔) ပိုင္ရွင္မရွိေတာ့ေသာစြန္႔ပစ္ပစၥည္းလို႔ဆိုရင္ ပိုမိုနားလည္လြယ္ပါလိမ့္မယ္….ဤကားစကားခ်ပ္)

ဒီေလာက္ဆိုရင္…ပံ့သကူရဲ့အနက္အဓိပၸါယ္ကို မိတ္ေဆြမ်ားအေနနဲ႔အေတာ္အတန္သိရွိၾကေလာက္ပါၿပီ။

အခုေဖာ္ျပခဲ့တာေတြကေတာ့….ပံ့သကူရဲ့အနက္အဓိပၸါယ္ေတြဘဲျဖစ္ၿပီး…..ဒီေနရာမွာ…အထူးသတိထားသင့္တာေလး တစ္ခုကေတာ့…

လူေတြရဲ့ …….အဝတ္အထည္ေတြကို စြန္႔ပစ္ၾကမႈဟာ…ရဟန္းေတာ္တို႔ကိုသကၤန္းအျဖစ္ရရွိၾကေစဖို႔ရာရည္ရြယ္တာမဟုတ္ဘဲ…..မိမိတို႔မလိုခ်င္ေတာ့လို႔ဝတ္မရေလာက္ေအာင္ပ်က္စီးသြားလို႔…လူေသသြားလို႔ ထုံးစံအရ အေလာင္းေကာင္ကိုလူမျမင္ေအာင္လို႔သာ…အဝတ္ေတြကိုစြန္႔ပစ္ခဲ့ၾကတာျဖစ္ပါတယ္…..

ဒါဆိုရင္…..ရဟန္းေတာ္တို႔ သကၤန္းအျဖစ္ စီမံခ်ဳပ္လုပ္ဝတ္႐ုံလို႔ရေအာင္ရည္ရြယ္ၿပီးေတာ့…တမင္တကာပံ့သကူပစ္ထားခဲ့တာေရာ ရွိခဲ့ပါသလားဆိုရင္ေတာ့…..ရွိခဲ့ပါတယ္လို႔ဘဲ ေျဖရပါလိမ့္မယ္….ရွိခဲ့တာမွ….လူေတာင္မဟုတ္ပါဘူး….နတ္သမီးတစ္ပါးျဖစ္ပါတယ္။

ဒါသည္ပင္လၽွင္ ပံ့သကူပစ္ျခင္းရဲ့အစလည္းျဖစ္တာမို႔ဒါေလးကိုလည္း သိသာ႐ုံမၽွ…ေျပာျပပါရေစ။

ပံ့သကူပစ္ျခင္းအစ#အခါတစ္ပါးမွာ…#အရွင္အႏု႐ုဒၶါမေထရ္ျမတ္ႀကီး…ဟာ ဝတ္႐ုံထားတဲ့သကၤန္းက အေတာ္ေဟာင္းႏြမ္းေနၿပီျဖစ္တဲ့အတြက္…အမွိုက္ပုံေတြမွာ…ပံ့သကူအဝတ္ အရွာထြက္ခဲ့ပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ဘဲ…ထိုေန႔ဟာလည္း#တန္ေဆာင္မုန္းလျပည့္ေန႔ရဲ့_နံနက္အေစာပိုင္းအခ်ိန္အခါျဖစ္ပါတယ္။

ဒါကို…ႀကိဳတင္သိျမင္ေနခဲ့တဲ့….ဘဝေဟာင္းတုန္းကဇနီးမယားေတာ္စပ္ခဲ့ဖူးသူျဖစ္ေသာ#ဇာလိနီနတ္သမီး…..ဟာ….သူကိုယ္တိုင္လႉတန္းရင္(နတ္ဝတ္တန္ဆာေတြမို႔) မေထရ္ႀကီးက အလႉမခံမွာကို သိတဲ့အတြက္….မေထရ္ႀကီးေရာက္ရွိလာမယ့္ အမွိုက္ပုံအနီးနားမွာ…နတ္အဝတ္၃ထည္ကို မသိမသာ စြန္႔ပစ္လႉထားခဲ့ရာကေန စၿပီး….ပံ့သကူပစ္ျခင္းဓေလ့ အစျပဳခဲ့တာျဖစ္တယ္လို႔က်မ္းအခ်ိဳ႕မွာ ျပဆိုထားပါတယ္။

ဒါ့ေၾကာင့္…#ပံ့သကူအစ_ဇာလိနီက….လို႔ေတာင္ဆိုစမွတ္ျပဳခဲ့ၾကပါတယ္လို႔….အသိေပးလိုက္ပါတယ္။။

အထက္မွာေဖာ္ျပခဲ့သလိုဘဲ….ဇာလိနီနတ္သမီးရဲ့ တန္ေဆာင္မုန္းလျပည့္ေန႔မနက္အေစာမွာအဝတ္အထည္ပံ့သကူပစ္ျခင္းကိုအေၾကာင္းျပဳၿပီး….

#အခုေခတ္အခါကာလေတြမွာလည္း….#တန္ေဆာင္မုန္းလျပည့္ေန႔ေရာက္တိုင္း#လျပည့္ေန႔မနက္အေစာပိုင္းအခ်ိန္ကာလေတြမွာ…#လူသူေလးပါးကင္းဆိတ္ခ်ိန္ကိုေရြးၿပီး….#လူျမင္သာတဲ့လမ္းဆုံလမ္းခြေနရာမ်ိဳးေတြမွာ…#ေငြ/#အဝတ္အထည္_စသည္တို႔ကို_စြန္႔ခ်ထားခဲ့ၾကၿပီး #အယုတ္အလတ္အျမတ္မေရြး_ျမင္ေတြ႕သူတို႔ ရၾကပါေစ…..။

ရရွိၿပီးလည္းဝမ္းေျမာက္ေပ်ာ္ရႊင္နိုင္ၾကပါေစ လို႔ …#အေႏွာင္အဖြဲ႕ကင္းတဲ့_ကုသိုလ္ဒါနစိတ္ေတြနဲ႔….ပံ့သကူပစ္(ေပးလႉ)ေနၾကတာျဖစ္ပါတယ္….။

မွတ္ခ်က္…။။…။။။#ပံသကူမွန္းသိေအာင္_ပစၥည္းမွာ#ပံ့သကူလို႔စာေရးသားခ်ိတ္ဆြဲထားၾကေစလိုပါတယ္#တတ္နိုင္သူေတြက_ေလးေနရာေလာက္ကို #ပံ့သကူပစ္ၾကပါ_မ်ားမ်ားပစ္ေလ_ေကာင္းေလပါဘဲ။

ပစ္တဲ့အခါမွာ….ေငြဆိုလည္း…၁၀၀၀/၅၀၀၀/၁၀၀၀၀/၁၀၀၀၀၀ စသည္ျဖင့္ မိမိတတ္စြမ္းသလို….. အဝတ္အထည္ဆိုလည္း….လတ္ဆတ္သစ္လြင္ေသာအဝတ္အထည္မ်ိဳး…..စသည္ျဖင့္ ျဖစ္ၾကေစလိုပါတယ္….ဒါမွ အက်ိဳးပိုႀကီးမွာျဖစ္ပါေၾကာင္းနဲ႔….ေငြနဲ႔အတူ အဝတ္အထည္လည္းမပါမျဖစ္ပါရပါမယ္လို႔….ေျပာပါရေစ…..။

#အေရးႀကီးတဲ့အခ်က္…ပံ့သကူနဲ႔ပတ္သက္ၿပီး…အေရးအႀကီးဆုံးအခ်က္နဲ႔ကုသိုလ္အရေစဆုံး ကုသိုလ္အႀကီးေစဆုံးတစ္ခ်က္ကိုမိတ္ေဆြမ်ားသိေစဖို႔ ေနာက္ဆုံးအေနနဲ႔ အသိေပးေျပာၾကားပါရေစ….။

အဲဒါကေတာ့….ရဟန္းေတာ္တို႔သီတင္းသုံးၾကတဲ့…ဘုန္းႀကီးေက်ာင္းေတြမွာ….မျဖစ္မေန((ရဟန္းေတာ္တို႔ ျမင္သာမယ့္ေနရာမ်ိဳးေပါ့))ရဟန္းေတာ္တို႔နဲ႔ပတ္သက္တဲ့…ထီး ဖိနပ္ ယပ္ သကၤန္းဆြမ္းဆန္ ပိဋကတ္၃ပုံစာအုပ္ က်မ္းစာအုပ္((ဝတၳဳေငြလုံးဝမပါရ)) စသည္ျဖင့္…ရဟန္းေတာ္တို႔နဲ႔အပ္စပ္ရာကို#ပံသကူအလႉပါဘုရား…လို႔စာေရးသားၿပီး..အခင္း၁ခုျဖင့္ ပံ့သကူထားေပးၾကမယ္ဆိုရင္ေတာ့….ဒီပံ့သကူဟာ…သာမန္ပံ့သကူမ်ိဳးမဟုတ္ေတာ့ဘဲလြန္စြာအက်ိဳးႀကီးေသာ…..#မဟာပံ့သကူ……ျဖစ္ပါေၾကာင္း….အသိေပးေျပာၾကားရင္းနဲ႔…..လူတို႔အား စြန္႔လႉေသာ ပံ့သကူကုသိုလ္ဒါနသည္၎

ရဟန္းေတာ္တို႔အားေပးလႉေသာ..မဟာပံ့သကူ ကုသိုလ္ဒါနသည္၎…..ရရွိၾကသူ ရဟန္းရွင္လူအေပါင္းတို႔အားမထင္မွတ္ဘဲ လြန္စြာအံ့ဩဝမ္းသာၾကည္ႏူးေစသည့္ကုသိုလ္ျဖစ္သည့္အတြက္….တူေသာအက်ိဳးအေနျဖင့္ ထိုသို႔ ပံ့သကူဒါနကို ျပဳခဲ့ၾကသူတို႔မွာလည္း ေငြေၾကးအဝတ္အထည္စည္းစိမ္ဥစၥာတို႔ဟာ ထီေပါက္သလိုမ်ိဳး ဝမ္းသာစရာေကာင္းေလာက္ေအာင္အံ့ဩစရာေကာင္းေလာက္ေအာင္ အရပ္ေလးမ်က္ႏွာကေန မထင္မွတ္ထားဘဲနဲ႔ ႀကိဳတင္မေမၽွာ္လင့္ထားဘဲနဲ႔ ဝင္လာမစဲ တသဲသဲျဖစ္လာၾကမွာ ရရွိလာၾကမွာ….ျဖစ္ပါတယ္လို႔အသိေပးလိုပါတယ္။

သို႔ေသာ္…..ဒီေနရာမွာ…မျဖစ္မေနသိထားရမွာကေတာ့..ပံ့သကူပစ္တဲ့အခါ….မိမိရဲ့အက်ိဳးစီးပြားျဖစ္ထြန္းဖို႔ဆိုတဲ့စိတ္မ်ိဳးနဲ႔ေတာ့မပစ္ပါနဲ႔…အဲဒီလိုစိတ္နဲ႔ပစ္ရင္ေတာ့…ထားရွိတဲ့စိတ္က အေၾကာင္းမမွန္တာေၾကာင့္ အက်ိဳးေပးလည္းမသန္ေတာ့ပါဘူး….အယုတ္အလတ္အျမတ္မေရြး မိမိေပးလႉတဲ့ပံ့သကူေၾကာင့္ ရရွိသြားၾကသူတို႔ အဆင္ေျပၾကပါေစဝမ္းေျမာက္ၾကည္ႏူးေပ်ာ္ရႊင္ၾကပါေစဆိုတဲ့….ကုသိုလ္ေစတနာစိတ္မ်ိဳးနဲ႔သာ ေပးလႉပါမွ ပံသကူအစစ္လည္းျဖစ္ၿပီးအက်ိဳးလည္းႀကီးစြာေပးပါလိမ့္မယ္ဆိုတာ…ၾကပ္ၾကပ္ သတိခ်ပ္ၾကဖို႔ လိုပါတယ္လို႔……ေျပာၾကားရင္း…..

#သူတစ္ပါးကို_ထီေပါက္သလိုဝမ္းသာရေအာင္#မလုပ္ေပးခဲ့ဘူးဘဲနဲ႔ေတာ့_မိမိကိုယ္တိုင္လည္း#ထီေပါက္သလို_ဝမ္းသာခြင့္ရဖို႔_မျဖစ္နိုင္ပါဘူး……ဆိုတဲ့…..ဓမၼဓိဌာန္က်က် စကားေလးနဲ႔အတူ….စာေလးကိုနိဂုံးခ်ဳပ္လိုက္ပါတယ္။

“ခ်မ္းေျမ့ပါေစ-ေမတၱာရည္လ်က္”

credit to original uploader.

unicode

” ပံ့ သ ကူ ” ရဲ့အနက်အဓိပ္ပါယ်

” ပံ့သကူ “ဆိုတဲ့…စကားလုံးလေးဟာ…အတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီး…မြန်မာတွေနားနဲ့ မစိမ်းလှပါဘူး….။ သို့သော်လည်း…..ပံ့သကူနဲ့ပတ်သက်ပြီးတော့….လူအများနားလည်ထားကြတာကတော့….အခါကြီး ရက်ကြီးတွေမှာ….လမ်းဆုံလမ်းခွတွေ လူသူလေးပါးအသွားအလာများတဲ့နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီးမည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချထားခဲ့ရမယ်…ဒီလို ပြုလုပ်ခြင်းအားဖြင့်….

ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ တိုးပွားလာလိမ့်မယ်……ဆိုတာလောက်ကိုဘဲ…အများစုက ကြားဘူးနားဝရှိနေခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ…..တစိတ်တပိုင်းအနေနဲ့တော့ မှန်ပါသော်လည်း..တကယ့်ပံ့သကူ အစစ်ရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက်အပြည့်အစုံကတော့….ဒီထက်မက အဓိပ္ပါယ် ခံယူချက်ရည်ရွယ်ချက်က များစွာ ကျယ်ပြန့်လှပါတယ်။

ဒါကြောင့်…..ပံ့သကူရဲ့ ရည်ရွယ်ချက် အဓိပ္ပါယ် နှင့်ပြုလုပ်ရမယ့်အချိန်အခါတွေကို တိတိကျကျသိရှိကြရအောင်လို့ အနည်းငယ်မျှရေးသားပေးပါရစေ။

ပံ့သကူရဲ့…တကယ့်အနက်အစစ်က…#ပံသုကူလ ဆိုတဲ့…ပါဠိစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး….ပံသုကူလ……ပံသုကူ…….ထိုမှတဆင့် ပံ့သကူ လို့….ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်…..

((ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်))အဓိပ္ပါယ်ကတော့…..#ပါပံသုကူလ…#မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ် လို့…အဓိပ္ပါယ်ရပါတယ်။

ရှေးယခင်…..မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါက….ရဟန်းတော်တို့ဟာ….သင်္ကန်းအတွက်….လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်ဒီလိုရှာဖွေကြရတဲ့အခါ….

အဝတ်စအများစုကိုတွေ့နိုင်ရနိုင်တာကများသောအားဖြင့် အမှိုက်ပုံနဲ့ သချိုင်းကုန်း ၂နေရာသာဖြစ်ပါတယ်….ဘာလို့လည်းဆိုတော့….

လူတွေက….မိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီး…

ထိုခေတ်အခါက….လူတွေသေလွန်ကြတဲ့အခါ…အလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာလာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။

ရဟန်းတော်တို့ဟာ….ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကိုကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်းစသည်တို့ကိုပြုလုပ်ကြရပြီး….သင်္ကန်းအဖြစ်နဲ့ဝတ်ရုံဆင်မြန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့ကြောင့်…. ဒီသင်္ကန်းမျိုးကိုလည်း ….#ပံသုကူလစီဝရံ… ပံ့သကူသင်္ကန်း # လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

(ဒီနေရာမှာ…..အများစုအလွယ်နားလည်အောင် ဒဲ့ပြောရရင်တော့…ပံ့သကူဆိုတာ….လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ်….ဤကားစကားချပ်)

ဒီလောက်ဆိုရင်…ပံ့သကူရဲ့အနက်အဓိပ္ပါယ်ကို မိတ်ဆွေများအနေနဲ့အတော်အတန်သိရှိကြလောက်ပါပြီ။

အခုဖော်ပြခဲ့တာတွေကတော့….ပံ့သကူရဲ့အနက်အဓိပ္ပါယ်တွေဘဲဖြစ်ပြီး…..ဒီနေရာမှာ…အထူးသတိထားသင့်တာလေး တစ်ခုကတော့…

လူတွေရဲ့ …….အဝတ်အထည်တွေကို စွန့်ပစ်ကြမှုဟာ…ရဟန်းတော်တို့ကိုသင်္ကန်းအဖြစ်ရရှိကြစေဖို့ရာရည်ရွယ်တာမဟုတ်ဘဲ…..မိမိတို့မလိုချင်တော့လို့ဝတ်မရလောက်အောင်ပျက်စီးသွားလို့…လူသေသွားလို့ ထုံးစံအရ အလောင်းကောင်ကိုလူမမြင်အောင်လို့သာ…အဝတ်တွေကိုစွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်…..

ဒါဆိုရင်…..ရဟန်းတော်တို့ သင်္ကန်းအဖြစ် စီမံချုပ်လုပ်ဝတ်ရုံလို့ရအောင်ရည်ရွယ်ပြီးတော့…တမင်တကာပံ့သကူပစ်ထားခဲ့တာရော ရှိခဲ့ပါသလားဆိုရင်တော့…..ရှိခဲ့ပါတယ်လို့ဘဲ ဖြေရပါလိမ့်မယ်….ရှိခဲ့တာမှ….လူတောင်မဟုတ်ပါဘူး….နတ်သမီးတစ်ပါးဖြစ်ပါတယ်။

ဒါသည်ပင်လျှင် ပံ့သကူပစ်ခြင်းရဲ့အစလည်းဖြစ်တာမို့ဒါလေးကိုလည်း သိသာရုံမျှ…ပြောပြပါရစေ။

ပံ့သကူပစ်ခြင်းအစ#အခါတစ်ပါးမှာ…#အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး…ဟာ ဝတ်ရုံထားတဲ့သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်…အမှိုက်ပုံတွေမှာ…ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ…ထိုနေ့ဟာလည်း#တန်ဆောင်မုန်းလပြည့်နေ့ရဲ့_နံနက်အစောပိုင်းအချိန်အခါဖြစ်ပါတယ်။

ဒါကို…ကြိုတင်သိမြင်နေခဲ့တဲ့….ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော#ဇာလိနီနတ်သမီး…..ဟာ….သူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်….မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ…နတ်အဝတ်၃ထည်ကို မသိမသာ စွန့်ပစ်လှူထားခဲ့ရာကနေ စပြီး….ပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ကျမ်းအချို့မှာ ပြဆိုထားပါတယ်။

ဒါ့ကြောင့်…#ပံ့သကူအစ_ဇာလိနီက….လို့တောင်ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့….အသိပေးလိုက်ပါတယ်။။

အထက်မှာဖော်ပြခဲ့သလိုဘဲ….ဇာလိနီနတ်သမီးရဲ့ တန်ဆောင်မုန်းလပြည့်နေ့မနက်အစောမှာအဝတ်အထည်ပံ့သကူပစ်ခြင်းကိုအကြောင်းပြုပြီး….

#အခုခေတ်အခါကာလတွေမှာလည်း….#တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း#လပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာ…#လူသူလေးပါးကင်းဆိတ်ချိန်ကိုရွေးပြီး….#လူမြင်သာတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ…#ငွေ/#အဝတ်အထည်_စသည်တို့ကို_စွန့်ချထားခဲ့ကြပြီး #အယုတ်အလတ်အမြတ်မရွေး_မြင်တွေ့သူတို့ ရကြပါစေ…..။

ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ လို့ …#အနှောင်အဖွဲ့ကင်းတဲ့_ကုသိုလ်ဒါနစိတ်တွေနဲ့….ပံ့သကူပစ်(ပေးလှူ)နေကြတာဖြစ်ပါတယ်….။

မှတ်ချက်…။။…။။။#ပံသကူမှန်းသိအောင်_ပစ္စည်းမှာ#ပံ့သကူလို့စာရေးသားချိတ်ဆွဲထားကြစေလိုပါတယ်#တတ်နိုင်သူတွေက_လေးနေရာလောက်ကို #ပံ့သကူပစ်ကြပါ_များများပစ်လေ_ကောင်းလေပါဘဲ။

ပစ်တဲ့အခါမှာ….ငွေဆိုလည်း…၁၀၀၀/၅၀၀၀/၁၀၀၀၀/၁၀၀၀၀၀ စသည်ဖြင့် မိမိတတ်စွမ်းသလို….. အဝတ်အထည်ဆိုလည်း….လတ်ဆတ်သစ်လွင်သောအဝတ်အထည်မျိုး…..စသည်ဖြင့် ဖြစ်ကြစေလိုပါတယ်….ဒါမှ အကျိုးပိုကြီးမှာဖြစ်ပါကြောင်းနဲ့….ငွေနဲ့အတူ အဝတ်အထည်လည်းမပါမဖြစ်ပါရပါမယ်လို့….ပြောပါရစေ…..။

#အရေးကြီးတဲ့အချက်…ပံ့သကူနဲ့ပတ်သက်ပြီး…အရေးအကြီးဆုံးအချက်နဲ့ကုသိုလ်အရစေဆုံး ကုသိုလ်အကြီးစေဆုံးတစ်ချက်ကိုမိတ်ဆွေများသိစေဖို့ နောက်ဆုံးအနေနဲ့ အသိပေးပြောကြားပါရစေ….။

အဲဒါကတော့….ရဟန်းတော်တို့သီတင်းသုံးကြတဲ့…ဘုန်းကြီးကျောင်းတွေမှာ….မဖြစ်မနေ((ရဟန်းတော်တို့ မြင်သာမယ့်နေရာမျိုးပေါ့))ရဟန်းတော်တို့နဲ့ပတ်သက်တဲ့…ထီး ဖိနပ် ယပ် သင်္ကန်းဆွမ်းဆန် ပိဋကတ်၃ပုံစာအုပ် ကျမ်းစာအုပ်((ဝတ္ထုငွေလုံးဝမပါရ)) စသည်ဖြင့်…ရဟန်းတော်တို့နဲ့အပ်စပ်ရာကို#ပံသကူအလှူပါဘုရား…လို့စာရေးသားပြီး..အခင်း၁ခုဖြင့် ပံ့သကူထားပေးကြမယ်ဆိုရင်တော့….ဒီပံ့သကူဟာ…သာမန်ပံ့သကူမျိုးမဟုတ်တော့ဘဲလွန်စွာအကျိုးကြီးသော…..#မဟာပံ့သကူ……ဖြစ်ပါကြောင်း….အသိပေးပြောကြားရင်းနဲ့…..လူတို့အား စွန့်လှူသော ပံ့သကူကုသိုလ်ဒါနသည်၎င်း

ရဟန်းတော်တို့အားပေးလှူသော..မဟာပံ့သကူ ကုသိုလ်ဒါနသည်၎င်း…..ရရှိကြသူ ရဟန်းရှင်လူအပေါင်းတို့အားမထင်မှတ်ဘဲ လွန်စွာအံ့ဩဝမ်းသာကြည်နူးစေသည့်ကုသိုလ်ဖြစ်သည့်အတွက်….တူသောအကျိုးအနေဖြင့် ထိုသို့ ပံ့သကူဒါနကို ပြုခဲ့ကြသူတို့မှာလည်း ငွေကြေးအဝတ်အထည်စည်းစိမ်ဥစ္စာတို့ဟာ ထီပေါက်သလိုမျိုး ဝမ်းသာစရာကောင်းလောက်အောင်အံ့ဩစရာကောင်းလောက်အောင် အရပ်လေးမျက်နှာကနေ မထင်မှတ်ထားဘဲနဲ့ ကြိုတင်မမျှော်လင့်ထားဘဲနဲ့ ဝင်လာမစဲ တသဲသဲဖြစ်လာကြမှာ ရရှိလာကြမှာ….ဖြစ်ပါတယ်လို့အသိပေးလိုပါတယ်။

သို့သော်…..ဒီနေရာမှာ…မဖြစ်မနေသိထားရမှာကတော့..ပံ့သကူပစ်တဲ့အခါ….မိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့မပစ်ပါနဲ့…အဲဒီလိုစိတ်နဲ့ပစ်ရင်တော့…ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး….အယုတ်အလတ်အမြတ်မရွေး မိမိပေးလှူတဲ့ပံ့သကူကြောင့် ရရှိသွားကြသူတို့ အဆင်ပြေကြပါစေဝမ်းမြောက်ကြည်နူးပျော်ရွှင်ကြပါစေဆိုတဲ့….ကုသိုလ်စေတနာစိတ်မျိုးနဲ့သာ ပေးလှူပါမှ ပံသကူအစစ်လည်းဖြစ်ပြီးအကျိုးလည်းကြီးစွာပေးပါလိမ့်မယ်ဆိုတာ…ကြပ်ကြပ် သတိချပ်ကြဖို့ လိုပါတယ်လို့……ပြောကြားရင်း…..

#သူတစ်ပါးကို_ထီပေါက်သလိုဝမ်းသာရအောင်#မလုပ်ပေးခဲ့ဘူးဘဲနဲ့တော့_မိမိကိုယ်တိုင်လည်း#ထီပေါက်သလို_ဝမ်းသာခွင့်ရဖို့_မဖြစ်နိုင်ပါဘူး……ဆိုတဲ့…..ဓမ္မဓိဌာန်ကျကျ စကားလေးနဲ့အတူ….စာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။

“ချမ်းမြေ့ပါစေ-မေတ္တာရည်လျက်”

credit to original uploader.