အူ၀ဲတို႕လင္မယား ဖမ္းဆီးခံရတဲ့ ျဖစ္ရပ္မွန္(က်န္တဲ့ ၁၁ ေယာက္ကဘယ္သူေတြလဲ?)

အူ၀ဲတို႕လင္မယား ဖမ္းဆီးခံရတဲ့ ျဖစ္ရပ္မွန္(က်န္တဲ့ ၁၁ ေယာက္ကဘယ္သူေတြလဲ?)

အူဝဲတို႔လင္မယားနဲ႔ပတ္သက္ၿပီး နစက ထုတ္ျပန္တာက

ဧၿပီ ၉ ရက္ေန႔ ေန႔လည္ ၃နာရီခြဲမွာ ဗဟန္းျမိဳ႕နယ္ေနအိမ္ကေန ဖမ္းဆီးရမိတယ္လို႔

ေၾကညာတာေန တမဟ ၅ ဖာပြန္ကေနျပန္ဆင္းလာၿပီး ညႇိႏိႈင္းအဖမ္းခံတယ္ဘာညာနဲ႔ လိုင္းေပၚဖြၾကတယ္။

ျဖစ္စဥ္က ဒီလိုပါ အူဝဲတို႔လင္မယားက ဘယ္မွမေျပးခဲ့ပါဘူး။

ဗဟန္းၿမိဳ႕နယ္၊ ကုကၠိဳင္းေရကူးကန္လမ္းကအမွတ္ 32C မွာပဲ သူတို႔႐ွိပါတယ္။

ဝရမ္းထုတ္ၿပီးေတာ့နစက ဝင္႐ွာတဲ့အခ်ိန္မွာေတာ့မေတြ႕ပါဘူး။

ဘာလို႔မေတြ႕လဲဆိုေတာ့ အဲ့ဒီအိမ္ေတြဟာ ဘိုးဘြားပိုင္ေျမ၊

အဂၤလိပ္လက္ထက္အေဆာက္အဦးေတြကို ျပန္ျပင္ေဆာက္ထားၾကတဲ့အတြက္ ေျမေအာက္ခန္းလို႔ေခၚတဲ့

(ဝိုင္သိုေလွာင္ခန္းေတြ)ပါပါတယ္။

လာ႐ွာစဥ္မွာ အဲ့အခန္းေတြထဲမွာပဲ ပုန္းခိုေနတာလို႔ယူဆရပါတယ္။

ဝင္ေရာက္ဖမ္းဆီးတာက ဧၿပီ ၉ ရက္ေန႔ ေန႔လည္ပိုင္းမဟုတ္ဘဲ နံနက္ ၁၂နာရီခြဲအခ်ိန္မွာျဖစ္ပါတယ္။

စစ္ကား ၇ စီးသံုးသြားပါတယ္။

ကုကၠိဳင္းေရကူးကန္လမ္းက မင္းလမ္းနဲ႔တဆက္တည္းဆိုေတာ့ ဦးခ်စ္ေမာင္လမ္း၊

လမ္းဆံုမွာတပ္ဆြဲထားတဲ့ လံုျခံဳေရးကားေတြကမင္းလမ္းထဲကေန တက္လာပါတယ္။ ၁၂နာရီခြဲပါ။

မင္းလမ္းနဲ႔ ကုကၠိဳင္းေရကူးကန္လမ္းထိပ္ဆံုရာကိုစစ္ကားတစ္စီး လံုျခံဳေရးယူပါတယ္။

ကုကၠိဳင္းေရကူးကန္ေ႐ွ႕တည့္တည့္လမ္းဆံုမွာ တစ္စီးေနရာယူပါတယ္။

က်န္တဲ့ ၅စီးက အူဝဲတို႔အိမ္ေ႐ွ႕လမ္းေပၚမွာ တန္းစီေနရာယူပါတယ္။

အင္အား ၄၀ ခန္႔က အူဝဲတို႔ျခံကိုဖြင့္ခိုင္းတယ္။

တံခါးမဖြင့္ေပးတဲ့အခါ ကားေပၚပါလာတဲ့ အလူမီနီယံေလွကားေတြေထာင္ၿပီး ျခံထဲကိုဝင္ၾကပါတယ္။

နံနက္ ၁နာရီနဲ႔၁၅မိနစ္ျဖစ္ပါတယ္။

အိမ္ထဲကိုဝင္႐ွာၿပီးေနာက္ အူဝဲတို႔လင္မယားအပါအဝင္ ေပါလိဝုဒ္ေလာကသား (၁၃)ဦးကို

ျခံဝန္းထဲမွာပဲ ေခါင္းေပၚလက္တင္ၿပီး ဒူးေထာက္ထိုင္ခိုင္းထားၿပီး အိမ္ကိုထပ္႐ွာပါတယ္။

ဆက္စပ္တဲ့ထိန္းသိမ္းစရာေတြနဲ႔ အဲ့ဒီလူ ၁၃ ဦးကို နံနက္ ၃နာရီခြဲမွ ကားေပၚတင္ၿပီးေခၚသြားတာျဖစ္ပါတယ္။

အူဝဲအပါအဝင္ ၁၃ဦး၂နာရီေလာက္ ဒူးေထာက္ထိုင္ခိုင္းထားတာပါ။

ျဖစ္စဥ္အမွန္ကေတာ့ အဲ့ဒါပါပဲ။

ဒီျဖစ္စဥ္ကို အူဝဲတို႔နဲ႔နီးစပ္သူေတြ၊ အိမ္နီးခ်င္းေတြ အကုန္သိပါတယ္။

က်ေနာ္သိခ်င္တာက ဖမ္းဆီးခံရတဲ့ ေပါလိဝုဒ္ ၁၃ဦး

ထဲက အူဝဲတို႔လင္မယားကိုဖယ္လိုက္ရင္ က်န္တဲ့၁၁ ေယာက္က ဘယ္သူေတြလဲ ?

ေသခ်ာတာတစ္ခုကေတာ့ ဝရမ္းထုတ္ခံထားရၿပီးမွ

ဖမ္းဆီးထားၿပီး သတင္းမထုတ္ျပန္တဲ့ အနုပညာေလာကသားေတြက ဘယ္သူေတြလဲ?

အဲ့ဒါေတာ့ က်ေနာ္လဲမသိပါဘူး။ ေသခ်ာတာက ၁၃ေယာက္ပါ။

ဖမ္းမိၿပီလဲဆိုေကာ သားသမီးသံေယာဇဥ္နဲ႔ ဖာပြန္ကေန

ရန္ကုန္ျပန္ဆင္းတယ္ဆုိတဲ့ ဒရမ္မာဇာတ္လမ္းေတြနဲ႔

လာဖမ္းဖို႔ ဖုန္းဆက္ညႇိတာေတြလုပ္တယ္ဆိုတာ မဟုတ္ပါဖူး

အခုေတာ့ မင္းဖြလို႔ရဘီဆိုလို႔ တရားဥပေဒနဲ႔အညီ

ဖိုးစပ္စုအမ်ိဳးတသိုက္ကို ဖြလိုက္ရပါေၾကာင္း 😂😂😂

#KoKyaw

unicode

အူဝဲတို့လင်မယား ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်မှန်(ကျန်တဲ့ ၁၁ ယောက်ကဘယ်သူတွေလဲ?)

အူဝဲတို့လင်မယားနဲ့ပတ်သက်ပြီး နစက ထုတ်ပြန်တာက

ဧပြီ ၉ ရက်နေ့ နေ့လည် ၃နာရီခွဲမှာ ဗဟန်းမြို့နယ်နေအိမ်ကနေ ဖမ်းဆီးရမိတယ်လို့

ကြေညာတာနေ တမဟ ၅ ဖာပွန်ကနေပြန်ဆင်းလာပြီး ညှိနှိုင်းအဖမ်းခံတယ်ဘာညာနဲ့ လိုင်းပေါ်ဖွကြတယ်။

ဖြစ်စဉ်က ဒီလိုပါ အူဝဲတို့လင်မယားက ဘယ်မှမပြေးခဲ့ပါဘူး။

ဗဟန်းမြို့နယ်၊ ကုက္ကိုင်းရေကူးကန်လမ်းကအမှတ် 32C မှာပဲ သူတို့ရှိပါတယ်။

ဝရမ်းထုတ်ပြီးတော့နစက ဝင်ရှာတဲ့အချိန်မှာတော့မတွေ့ပါဘူး။

ဘာလို့မတွေ့လဲဆိုတော့ အဲ့ဒီအိမ်တွေဟာ ဘိုးဘွားပိုင်မြေ၊

အင်္ဂလိပ်လက်ထက်အဆောက်အဦးတွေကို ပြန်ပြင်ဆောက်ထားကြတဲ့အတွက် မြေအောက်ခန်းလို့ခေါ်တဲ့

(ဝိုင်သိုလှောင်ခန်းတွေ)ပါပါတယ်။

လာရှာစဉ်မှာ အဲ့အခန်းတွေထဲမှာပဲ ပုန်းခိုနေတာလို့ယူဆရပါတယ်။

ဝင်ရောက်ဖမ်းဆီးတာက ဧပြီ ၉ ရက်နေ့ နေ့လည်ပိုင်းမဟုတ်ဘဲ နံနက် ၁၂နာရီခွဲအချိန်မှာဖြစ်ပါတယ်။

စစ်ကား ၇ စီးသုံးသွားပါတယ်။

ကုက္ကိုင်းရေကူးကန်လမ်းက မင်းလမ်းနဲ့တဆက်တည်းဆိုတော့ ဦးချစ်မောင်လမ်း၊

လမ်းဆုံမှာတပ်ဆွဲထားတဲ့ လုံခြုံရေးကားတွေကမင်းလမ်းထဲကနေ တက်လာပါတယ်။ ၁၂နာရီခွဲပါ။

မင်းလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထိပ်ဆုံရာကိုစစ်ကားတစ်စီး လုံခြုံရေးယူပါတယ်။

ကုက္ကိုင်းရေကူးကန်ရှေ့တည့်တည့်လမ်းဆုံမှာ တစ်စီးနေရာယူပါတယ်။

ကျန်တဲ့ ၅စီးက အူဝဲတို့အိမ်ရှေ့လမ်းပေါ်မှာ တန်းစီနေရာယူပါတယ်။

အင်အား ၄၀ ခန့်က အူဝဲတို့ခြံကိုဖွင့်ခိုင်းတယ်။

တံခါးမဖွင့်ပေးတဲ့အခါ ကားပေါ်ပါလာတဲ့ အလူမီနီယံလှေကားတွေထောင်ပြီး ခြံထဲကိုဝင်ကြပါတယ်။

နံနက် ၁နာရီနဲ့၁၅မိနစ်ဖြစ်ပါတယ်။

အိမ်ထဲကိုဝင်ရှာပြီးနောက် အူဝဲတို့လင်မယားအပါအဝင် ပေါလိဝုဒ်လောကသား (၁၃)ဦးကို

ခြံဝန်းထဲမှာပဲ ခေါင်းပေါ်လက်တင်ပြီး ဒူးထောက်ထိုင်ခိုင်းထားပြီး အိမ်ကိုထပ်ရှာပါတယ်။

ဆက်စပ်တဲ့ထိန်းသိမ်းစရာတွေနဲ့ အဲ့ဒီလူ ၁၃ ဦးကို နံနက် ၃နာရီခွဲမှ ကားပေါ်တင်ပြီးခေါ်သွားတာဖြစ်ပါတယ်။

အူဝဲအပါအဝင် ၁၃ဦး၂နာရီလောက် ဒူးထောက်ထိုင်ခိုင်းထားတာပါ။

ဖြစ်စဉ်အမှန်ကတော့ အဲ့ဒါပါပဲ။

ဒီဖြစ်စဉ်ကို အူဝဲတို့နဲ့နီးစပ်သူတွေ၊ အိမ်နီးချင်းတွေ အကုန်သိပါတယ်။

ကျနော်သိချင်တာက ဖမ်းဆီးခံရတဲ့ ပေါလိဝုဒ် ၁၃ဦး

ထဲက အူဝဲတို့လင်မယားကိုဖယ်လိုက်ရင် ကျန်တဲ့၁၁ ယောက်က ဘယ်သူတွေလဲ ?

သေချာတာတစ်ခုကတော့ ဝရမ်းထုတ်ခံထားရပြီးမှ

ဖမ်းဆီးထားပြီး သတင်းမထုတ်ပြန်တဲ့ အနုပညာလောကသားတွေက ဘယ်သူတွေလဲ?

အဲ့ဒါတော့ ကျနော်လဲမသိပါဘူး။ သေချာတာက ၁၃ယောက်ပါ။

ဖမ်းမိပြီလဲဆိုကော သားသမီးသံယောဇဉ်နဲ့ ဖာပွန်ကနေ

ရန်ကုန်ပြန်ဆင်းတယ်ဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွေနဲ့

လာဖမ်းဖို့ ဖုန်းဆက်ညှိတာတွေလုပ်တယ်ဆိုတာ မဟုတ်ပါဖူး

အခုတော့ မင်းဖွလို့ရဘီဆိုလို့ တရားဥပဒေနဲ့အညီ

ဖိုးစပ်စုအမျိုးတသိုက်ကို ဖွလိုက်ရပါကြောင်း 😂😂😂

#KoKyaw