

မေလ ၊ ၅ ရက်







#MyammarLabourNews

unicode

တရုတ်ပိုက်လိုင်းစောင့်ပေးနေတဲ့ရဲအဖွဲ့အာရုဏ်ဦးဓါးဆွမ်းဘုန်းပေးပြီး(၃)ဦးသေဆုံး

မေလ ၊ ၅ ရက်

မန္တလေး ကျောက်ဆည်တက္ကသိုလ်အနီးက တောမရွာမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူပေးနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို

ဒီကနေ့ မနက် ၅ နာရီလောက်က အမည်မသိလူတစ်စုက ဓားတွေနဲ့ဝင်ခုတ်ကြတဲ့အတွက်

၃ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ အတည်ပြုထားတဲ့ဒေသခံသတင်းအရင်းအမြစ်တွေကဆိုပါတယ်။

အဲ့ဒီ့ကိစ္စ ကြောင့် အနီးအနားက တောမရွာထဲကို စစ်ကားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းရှာဖွေနေပြီး

နေ့လည် ၁၁ နာရီလောက်အထိ ရွာထဲမှာသေနတ်ပစ်ဖောက်အော်ဟစ်ခဲ့ကြ တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒါအပြင်ရွာထဲကကျူရှင်ဆရာတဦးရဲ့အိမ်ကိုလဲဝင်ရောက်ရှာဖွေပြီးပစ္စည်းအချို့ယူဆောင်သွားတယ်လို့လဲဒေသခံတွေကဆိုပါတယ်။

#MyammarLabourNews