

နိုင်ငံတော်အတိုင်ပင်ခံကိုကြည့်ခွင့်မပေးပဲ ရုံးထုတ်စစ်ဆေးကြောင်း ရှေ့နေပြော









credit

unicode

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အား ယနေ့ရုံးထုတ်စစ်ဆေးခဲ့သည့် အခြေအနေများ

နိူင်ငံတော်အတိုင်ပင်ခံကိုကြည့်ခွင့်မပေးပဲ ရုံးထုတ်စစ်ဆေးကြောင်း ရှေ့နေပြော

ပြည်သူလူထုက ​ရွေး​ကောက်တင်​မြှောက်ထား​သော အစိုးရ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကို

ယ​နေ့ ​နေပြည်​တော်တွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ရုံးထုတ်စစ်​ဆေးရာ

သူမ၏ ​ရှေ့​နေများကို ကြည့်ခွင့်မပြုဘဲ စစ်​ဆေး​ကြောင်း ​ရှေ့​နေများက ​ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့တရားရုံးကသူတွေပဲတွေ့ခွင့်ရတယ်။

ကျနော်တို့က တရားရုံးကပြန်ပြောတာဘဲသိရတာ၊ဒါသဘာဝမကျဘူး ဟု ​ရှေ့​နေဦးကြည်ဝင်းကပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အမှုရုံး ချိန်းမေ၂ဝရက်ထပ်ချိန်းလိုက်ပြီး

ထိုနေ့တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခွင့်တင်ထားမှုတရားရုံးကဆုံးဖြတ်မည်ဟုရှေ့နေဦးကြည်ဝင်းက ​ပြောသည်။

ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့တွင် အာဏာသိမ်းယူ၍ လူထုအစိုးရ​ခေါင်း​ဆောင်များကို ဖမ်းဆီးထားခြင်းဖြစ်သည်။

credit