






ထိုင်းအခြေစိုက် AAC အမာခံအသင်းအဖွဲ့များ ကော်မတီဘုတ်အဖွဲ့ဝင်များ ညှိနိုင်းဆွေးနွေးပြီး








unicode

NUG ကာကွယ်ရေးဝန်ကြီးဌာနကို AAC မဟာမိတ်အဖွဲ့ ထိုင်းဘတ်ငွေ ၁ သန်း လှူဒါန်း

မကြာမီရက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းလိုက်သည့်

အမျိုးသားညီညွတ်ရေး အစိုးရ NUG၏ ကာကွယ်ရေးဝန်ကြီးဌာနကို

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများနှင့် AAC မဟာမိတ်အဖွဲ့(အလုပ်သမားကူညီစောင့်ရှောက်ရေးထိုင်းအခြေစိုက်)

AAC အဖွဲ့က ထိုင်းဘတ်ငွေ (၁)သန်း (ကျပ် သိန်း ၅၀၀ ခန့်) လှူဒါန်းခဲ့သည်ဟု

AAC အဖွဲ့က ယနေ့ မေလ ၇ ရက်နေ့တွင် ကြေညာထားသည်။

ထိုင်းအခြေစိုက် AAC အမာခံအသင်းအဖွဲ့များ ကော်မတီဘုတ်အဖွဲ့ဝင်များ ညှိနိူင်းဆွေးနွေးပြီး

အလှူငွေများကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွက်ထိုင်းဘတ်ငွေ (၁)သန်းနှင့်

NUG အစိုးရအခြားဌာန အသီးသီးသို့လည်း ထိုင်းဘတ်ငွေ(၁)သန်း စုစုပေါင်း ဘတ် (၂)သန်း လှူဒါန်းပေးထားပြီး ဖြစ်သည်။

AAC အဖွဲ့သည် ထိုင်းရောက်မြန်မာများ၏ စုပေါင်းလှူဒါန်းမှုများဖြင့်

NUG ကို ဆက်လက်လှူဒါန်းပေးသွားရန် ရှိနေသည့်အပြင်

စားနပ်ရိက္ခာများ လှူဒါန်းရန် အတွက်လည်း ဆုံးဖြတ်ချက်ချခဲ့ပြီး စတင်ပို့ဆောင်ရန် စီစဉ်လျှက်ရှိနေသည်ဟု သိရသည်။

သံလွင်ခက် – Than Lwin Khet News

#myanmarcelebritytvclub