ဘဏ္ေတြ ၿပိဳလဲႏိုင္သလား (အျပည့္စုံကိုေအာက္မွာဖတ္ရန္)

ဘဏ္ေတြၿပိဳလဲႏိုင္သလား……ေတာမီးေလာင္တဲ့အခါ ေတာေၾကာင္ေတြ လက္ခေမာင္းခတ္ၾကပါတယ္..

ခုလည္း ဘဏ္ကေန ေငြအလြယ္တကူထုတ္လို႔မရတဲ့ ျပႆနာအတြက္ အက်ိဳးေဆာင္ေတြ ေပၚေနပါတယ္။ အက်ိဳးေဆာင္ေတြရဲ႕ ဘဏ္ထဲကို ကြၽန္ေတာ္တို႔ ဖုန္းထဲက ဘဏ္အပလီေကးရွင္းကေန ေငြလႊဲေပးရင္ သူတို႔က ေငြသား လက္ငင္းျပန္ေပးတယ္။

ဒါေပမဲ့ ရာခိုင္ႏႈန္းတစ္ခု ေငြပိုေပးရတယ္။ ဥပမာ ေငြသားတစ္သိန္းလိုခ်င္ရင္ သူတို႔ရဲ႕ ဘဏ္ထဲကို တစ္သိန္းနဲ႔ သုံးေထာင္လႊဲေပးရတယ္။ ၃% အက်ိဳးေဆာင္ခ ယူတယ္ေပါ့။ ၁%၊ ၃%၊ ၅%၊ ၇% စသျဖင့္ အက်ိဳးေဆာင္ခ အမ်ိဳးမ်ိဳး ယူၾကပါတယ္။

ႏွစ္ဦးႏွစ္ဖက္ ၾကည္ျဖဴလို႔ လုပ္ၾကတာကိုေတာ့ ဘာမွမေျပာလိုပါဘူး။ ေငြကို အေၾကာင္းတစ္ခုခုေၾကာင့္ အေရးတႀကီးလိုအပ္ေနတယ္၊ ဘဏ္ေတြကလည္း ပိတ္ထားလို႔ ေငြထုတ္မရဘူး၊ ATM မွာလည္း ေငြကုန္ေနတယ္ဆိုရင္ေတာ့ ဒီလိုဝန္ေဆာင္မႈမ်ိဳးဟာ အသုံးတည့္ပါတယ္။ လူေတြရဲ႕ အခက္အခဲကိုေျဖရွင္းေပးတဲ့ ဝန္ေဆာင္မႈမ်ိဳးပါ။

ဒါေပမဲ့ ခုေနာက္ပိုင္း လူေတြကို အေၾကာက္တရားနဲ႔ ၿခိမ္းေျခာက္ၿပီး အျမတ္ထုတ္ဖို႔ ႀကိဳးစားေနတဲ့သူေတြ ရွိေနပါတယ္။ ဘဏ္ထဲကေငြေတြ မလုံၿခဳံေတာ့ေၾကာင္း၊ ဘဏ္ေတြ ေဒဝါလီခံရေတာ့မွာ ျဖစ္ေၾကာင္း၊ ပိတ္သိမ္းကုန္ရင္ ေငြေတြ ဆုံးရႈံးကုန္မွာ ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ပါတယ္။

ဘဏ္သြားရင္လည္း ေငြအကုန္ထုတ္လို႔မရတာေၾကာင့္ “သူတို႔ထုတ္ေပးမယ္၊ အက်ိဳးေဆာင္ခ ၇% ေပးပါ” ဆိုတာမ်ိဳးေတြ လုပ္လာပါတယ္။ ေငြသား သိန္း ၁၀၀ ျပန္လိုခ်င္ရင္ သူတို႔ကို ၁၀၇ သိန္း လႊဲေပးရမွာ။ ေနရင္းထိုင္ရင္း ကိုယ့္ေငြ ၇ သိန္း ဆုံးရႈံးရမယ့္ အေျခအေနပါ။

လိုင္းေပၚကေန ကိုယ္နဲ႔မသိတဲ့ အက်ိဳးေဆာင္တစ္ေယာက္က “ေငြအရင္လႊဲေပးပါ၊ လႊဲေပးလို႔ ေငြဝင္ရင္ ေငြသားကို အိမ္ကိုလာပို႔ေပးပါ့မယ္” လို႔ေျပာလာရင္ မယုံပါနဲ႔။ လႊဲလိုက္မိရင္ ပလုံသြားဖို႔ မ်ားပါတယ္။ ေငြကို အေရးတႀကီး လိုအပ္လို႔မဟုတ္ဘဲ ဘဏ္ေတြ ေဒဝါလီခံသြားမွာ စိုးရိမ္စိတ္နဲ႔ ဘဏ္ထဲကေငြေတြကို အကုန္ထုတ္ခ်င္လို႔ ဒီဝန္ေဆာင္မႈကို သုံးခ်င္တယ္ဆိုရင္ေတာ့ မလုပ္ၾကဖို႔ ကြၽန္ေတာ္ အႀကံေပးပါရေစ။

ဒီလိုဝန္ေဆာင္မႈကိုသုံးၿပီး ေငြထုတ္တဲ့အခါ ကိုယ္ ပင္ပင္ပန္းပန္း ရွာထားရတဲ့ ေငြေတြထဲက တစ္ခ်ိဳ႕တစ္ဝက္ကို အက်ိဳးေဆာင္ကို ေပးလိုက္ရၿပီ။ ေနရင္းထိုင္ရင္း ကိုယ့္ရဲ႕ ပိုင္ဆိုင္မႈေငြဟာ ရာခိုင္ႏႈန္းေလ်ာ့သြားၿပီ။

ေနာက္တစ္ခ်က္က တစ္ကယ္လို႔ ေငြကို ထုတ္ပဲထုတ္ထားၿပီး (ဘာမွ ဝယ္မွာမဟုတ္ပဲ) ေငြသားကို အိမ္မွာပဲ သိမ္းထားခ်င္တာ ဆိုရင္ေတာ့ ဘဏ္တိုးလည္း နစ္နာမွာပါ။ ဘဏ္ထဲမွာထားရင္ ဘဏ္တိုးဆက္ရေနမယ္။ ေငြသားကိုင္ထားရင္ေတာ့ ဘဏ္တိုးလည္း မရေတာ့ပါဘူး။ (ဆိုးတာက ထုတ္ထားတဲ့ေငြေတြကို စိုးရိမ္စိတ္နဲ႔ သြားေလရာသယ္ေနရတဲ့ မရွိေတာင့္တ-ရွိေၾကာင့္ၾကေနရတဲ့ ဘဝေတြပါဘဲ။ ခရီးသြားရင္ ကားရဲ႕ Safe Box မွာေသာ့ခတ္ထားၿပီး ကားနားကမခြာရဲ၊ သံသယစိတ္ေတြနဲ႔။ တစ္ခ်ိဳ႕က်ေတာ့လည္း ကုန္ပစၥည္းေရာင္းရေငြေတြ၊ ဝန္ေဆာင္မႈကရေငြေတြကို ျပန္ထုတ္မရမွာစိုးလို႔ ဘဏ္မွာမအပ္ဘဲ အလားတူ ဒုကၡေရာက္ေနသူေတြလည္းရွိပါတယ္)

ဘဏ္တိုးေတြ အျပည့္မရေတာ့ဘူးဆိုတဲ့ ေကာလာဟလေတြ ထြက္ေနပါတယ္။ ကြၽန္ေတာ္ စုံစမ္းၾကည့္ရသေလာက္ေတာ့ ဘဏ္ေတြက အတိုးအျပည့္ေပးေနပါတယ္။ ဘဏ္ေတြ ေဒဝါလီခံဖို႔ဆိုတာ ဒီဘက္ေခတ္မွာ ေတာ္ေတာ္ခက္ပါတယ္။ ဘဏ္တစ္ဘဏ္ ေဒဝါလီမခံရေအာင္ ကာကြယ္တဲ့နည္းေတြ အဆင့္ဆင့္ရွိပါတယ္။

လတ္တေလာအေျခအေနေတြဟာ ဘဏ္ေတြေဒဝါလီခံရဖို႔ အေျခအေနနဲ႔ အေတာ္ေဝးေသးတယ္လို႔ ျမင္ပါတယ္။ (လူေတြအေနနဲ႔ စိုးရိမ္စိတ္မ်ားၿပီး ေငြအပ္ထားသူေတြအားလုံး ေငြေျပးထုတ္ဖို႔ႀကိဳးစားတဲ့အခါမွာ အေျခအေန ပိုဆိုးသြားတတ္ပါတယ္။ ဘဏ္ေတြ ေဒဝါလီခံရေအာင္ လုပ္ႏိုင္တာကလည္း စိုးရိမ္ၿပီး ေငြေျပးထုတ္ၾကတဲ့ ျပည္သူေတြပါပဲ။)

“ဘဏ္ေတြကို စစ္ေကာင္စီက ျပည္သူပိုင္သိမ္းႏိုင္သလား” ဆိုတဲ့ေမးခြန္းကို ေျဖရရင္ေတာ့ လက္ရွိအေျခအေနအရ အလားအလာ မရွိသေလာက္ အေတာ္နည္းပါတယ္။ ယုတ္စြအဆုံး သူတို႔က ျပည္သူပိုင္သိမ္းလိုက္မယ္ဆိုရင္ေတာင္ ဘဏ္ထဲက ေငြေတြကို ျပည္သူပိုင္သိမ္းမွာ မဟုတ္ပဲ ဘဏ္ႀကီးေတြရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ ဘဏ္ပိုင္ဆိုင္မႈ အစုရွယ္ယာေတြကို သိမ္းတာမ်ိဳးဘဲ ျဖစ္ႏိုင္မွာပါ။

ပုဂၢလိကဘဏ္ကေန နာမည္ေျပာင္းၿပီး အစိုးရဘဏ္ျဖစ္သြားမယ္။ ဒါေပမဲ့ ဘဏ္ထဲမွာ အပ္ထားတဲ့ ျပည္သူ႔ေငြေတြကေတာ့ စာရင္းအတိုင္း ရွိေနဦးမွာပါ။ ျပန္ထုတ္လို႔ ရေနဦးမွာပါ။ (ဒီလိုျပည္သူပိုင္သိမ္းဖို႔ အလားအလာကေတာ့ မရွိသေလာက္နည္းပါတယ္)

ဗိုလ္ေနဝင္း ေငြစကၠဴေတြကို ပယ္ဖ်က္တုန္းကလည္း ဘဏ္ထဲထည့္ထားတဲ့သူေတြ ေငြမဆုံးပါဘူး။ (၂၁ ရာစု လက္ရွိအေျခအေနမွာ ေငြစကၠဴေတြကို ပယ္ဖ်က္ဖို႔အေျခအေနလည္း အေတာ္နည္းပါတယ္။)

ဒီေတာ့ သိပ္အစိုးရိမ္ မလြန္ၾကပါနဲ႔။ ဘဏ္မွာအပ္ထားတဲ့သူေတြအားလုံး ဝိုင္းၿပီး ေငြထုတ္ဖို႔ ႀကိဳးစားမွသာ ဘဏ္တစ္ဘဏ္ ၿပိဳလဲသြားႏိုင္တာပါ။ ခုခ်ိန္မွာ အကန္႔အသတ္ေတြနဲ႔ပဲ ထုတ္ေပးေနတာမို႔ ေဒဝါလီခံရႏိုင္ေျခ နည္းပါတယ္။

ဘဏ္ထဲကေငြေတြအားလုံးကို အကုန္ထုတ္ပစ္လိုက္စရာ မလိုပါဘူး။ ဒါေပမဲ့ အေရးေပၚေငြလိုတဲ့အခါ သုံးဖို႔ ေငြသားကို လက္ထဲမွာ ကိုင္ထားဖို႔ေတာ့ မေမ့ပါနဲ႔။

အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ ခင္ဗ်ာ…။

ေလးစားစြာျဖင့္…Credit-ပိုးစုန္းၾကဴး

unicode

ဘဏ်တွေပြိုလဲနိုင်သလား……တောမီးလောင်တဲ့အခါ တောကြောင်တွေ လက်ခမောင်းခတ်ကြပါတယ်..

ခုလည်း ဘဏ်ကနေ ငွေအလွယ်တကူထုတ်လို့မရတဲ့ ပြဿနာအတွက် အကျိုးဆောင်တွေ ပေါ်နေပါတယ်။ အကျိုးဆောင်တွေရဲ့ ဘဏ်ထဲကို ကျွန်တော်တို့ ဖုန်းထဲက ဘဏ်အပလီကေးရှင်းကနေ ငွေလွှဲပေးရင် သူတို့က ငွေသား လက်ငင်းပြန်ပေးတယ်။

ဒါပေမဲ့ ရာခိုင်နှုန်းတစ်ခု ငွေပိုပေးရတယ်။ ဥပမာ ငွေသားတစ်သိန်းလိုချင်ရင် သူတို့ရဲ့ ဘဏ်ထဲကို တစ်သိန်းနဲ့ သုံးထောင်လွှဲပေးရတယ်။ ၃% အကျိုးဆောင်ခ ယူတယ်ပေါ့။ ၁%၊ ၃%၊ ၅%၊ ၇% စသဖြင့် အကျိုးဆောင်ခ အမျိုးမျိုး ယူကြပါတယ်။

နှစ်ဦးနှစ်ဖက် ကြည်ဖြူလို့ လုပ်ကြတာကိုတော့ ဘာမှမပြောလိုပါဘူး။ ငွေကို အကြောင်းတစ်ခုခုကြောင့် အရေးတကြီးလိုအပ်နေတယ်၊ ဘဏ်တွေကလည်း ပိတ်ထားလို့ ငွေထုတ်မရဘူး၊ ATM မှာလည်း ငွေကုန်နေတယ်ဆိုရင်တော့ ဒီလိုဝန်ဆောင်မှုမျိုးဟာ အသုံးတည့်ပါတယ်။ လူတွေရဲ့ အခက်အခဲကိုဖြေရှင်းပေးတဲ့ ဝန်ဆောင်မှုမျိုးပါ။

ဒါပေမဲ့ ခုနောက်ပိုင်း လူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိနေပါတယ်။ ဘဏ်ထဲကငွေတွေ မလုံခြုံတော့ကြောင်း၊ ဘဏ်တွေ ဒေဝါလီခံရတော့မှာ ဖြစ်ကြောင်း၊ ပိတ်သိမ်းကုန်ရင် ငွေတွေ ဆုံးရှုံးကုန်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ပါတယ်။

ဘဏ်သွားရင်လည်း ငွေအကုန်ထုတ်လို့မရတာကြောင့် “သူတို့ထုတ်ပေးမယ်၊ အကျိုးဆောင်ခ ၇% ပေးပါ” ဆိုတာမျိုးတွေ လုပ်လာပါတယ်။ ငွေသား သိန်း ၁၀၀ ပြန်လိုချင်ရင် သူတို့ကို ၁၀၇ သိန်း လွှဲပေးရမှာ။ နေရင်းထိုင်ရင်း ကိုယ့်ငွေ ၇ သိန်း ဆုံးရှုံးရမယ့် အခြေအနေပါ။

လိုင်းပေါ်ကနေ ကိုယ်နဲ့မသိတဲ့ အကျိုးဆောင်တစ်ယောက်က “ငွေအရင်လွှဲပေးပါ၊ လွှဲပေးလို့ ငွေဝင်ရင် ငွေသားကို အိမ်ကိုလာပို့ပေးပါ့မယ်” လို့ပြောလာရင် မယုံပါနဲ့။ လွှဲလိုက်မိရင် ပလုံသွားဖို့ များပါတယ်။ ငွေကို အရေးတကြီး လိုအပ်လို့မဟုတ်ဘဲ ဘဏ်တွေ ဒေဝါလီခံသွားမှာ စိုးရိမ်စိတ်နဲ့ ဘဏ်ထဲကငွေတွေကို အကုန်ထုတ်ချင်လို့ ဒီဝန်ဆောင်မှုကို သုံးချင်တယ်ဆိုရင်တော့ မလုပ်ကြဖို့ ကျွန်တော် အကြံပေးပါရစေ။

ဒီလိုဝန်ဆောင်မှုကိုသုံးပြီး ငွေထုတ်တဲ့အခါ ကိုယ် ပင်ပင်ပန်းပန်း ရှာထားရတဲ့ ငွေတွေထဲက တစ်ချို့တစ်ဝက်ကို အကျိုးဆောင်ကို ပေးလိုက်ရပြီ။ နေရင်းထိုင်ရင်း ကိုယ့်ရဲ့ ပိုင်ဆိုင်မှုငွေဟာ ရာခိုင်နှုန်းလျော့သွားပြီ။

နောက်တစ်ချက်က တစ်ကယ်လို့ ငွေကို ထုတ်ပဲထုတ်ထားပြီး (ဘာမှ ဝယ်မှာမဟုတ်ပဲ) ငွေသားကို အိမ်မှာပဲ သိမ်းထားချင်တာ ဆိုရင်တော့ ဘဏ်တိုးလည်း နစ်နာမှာပါ။ ဘဏ်ထဲမှာထားရင် ဘဏ်တိုးဆက်ရနေမယ်။ ငွေသားကိုင်ထားရင်တော့ ဘဏ်တိုးလည်း မရတော့ပါဘူး။ (ဆိုးတာက ထုတ်ထားတဲ့ငွေတွေကို စိုးရိမ်စိတ်နဲ့ သွားလေရာသယ်နေရတဲ့ မရှိတောင့်တ-ရှိကြောင့်ကြနေရတဲ့ ဘဝတွေပါဘဲ။ ခရီးသွားရင် ကားရဲ့ Safe Box မှာသော့ခတ်ထားပြီး ကားနားကမခွာရဲ၊ သံသယစိတ်တွေနဲ့။ တစ်ချို့ကျတော့လည်း ကုန်ပစ္စည်းရောင်းရငွေတွေ၊ ဝန်ဆောင်မှုကရငွေတွေကို ပြန်ထုတ်မရမှာစိုးလို့ ဘဏ်မှာမအပ်ဘဲ အလားတူ ဒုက္ခရောက်နေသူတွေလည်းရှိပါတယ်)

ဘဏ်တိုးတွေ အပြည့်မရတော့ဘူးဆိုတဲ့ ကောလာဟလတွေ ထွက်နေပါတယ်။ ကျွန်တော် စုံစမ်းကြည့်ရသလောက်တော့ ဘဏ်တွေက အတိုးအပြည့်ပေးနေပါတယ်။ ဘဏ်တွေ ဒေဝါလီခံဖို့ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်ခက်ပါတယ်။ ဘဏ်တစ်ဘဏ် ဒေဝါလီမခံရအောင် ကာကွယ်တဲ့နည်းတွေ အဆင့်ဆင့်ရှိပါတယ်။

လတ်တလောအခြေအနေတွေဟာ ဘဏ်တွေဒေဝါလီခံရဖို့ အခြေအနေနဲ့ အတော်ဝေးသေးတယ်လို့ မြင်ပါတယ်။ (လူတွေအနေနဲ့ စိုးရိမ်စိတ်များပြီး ငွေအပ်ထားသူတွေအားလုံး ငွေပြေးထုတ်ဖို့ကြိုးစားတဲ့အခါမှာ အခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ ဘဏ်တွေ ဒေဝါလီခံရအောင် လုပ်နိုင်တာကလည်း စိုးရိမ်ပြီး ငွေပြေးထုတ်ကြတဲ့ ပြည်သူတွေပါပဲ။)

“ဘဏ်တွေကို စစ်ကောင်စီက ပြည်သူပိုင်သိမ်းနိုင်သလား” ဆိုတဲ့မေးခွန်းကို ဖြေရရင်တော့ လက်ရှိအခြေအနေအရ အလားအလာ မရှိသလောက် အတော်နည်းပါတယ်။ ယုတ်စွအဆုံး သူတို့က ပြည်သူပိုင်သိမ်းလိုက်မယ်ဆိုရင်တောင် ဘဏ်ထဲက ငွေတွေကို ပြည်သူပိုင်သိမ်းမှာ မဟုတ်ပဲ ဘဏ်ကြီးတွေရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ဘဏ်ပိုင်ဆိုင်မှု အစုရှယ်ယာတွေကို သိမ်းတာမျိုးဘဲ ဖြစ်နိုင်မှာပါ။

ပုဂ္ဂလိကဘဏ်ကနေ နာမည်ပြောင်းပြီး အစိုးရဘဏ်ဖြစ်သွားမယ်။ ဒါပေမဲ့ ဘဏ်ထဲမှာ အပ်ထားတဲ့ ပြည်သူ့ငွေတွေကတော့ စာရင်းအတိုင်း ရှိနေဦးမှာပါ။ ပြန်ထုတ်လို့ ရနေဦးမှာပါ။ (ဒီလိုပြည်သူပိုင်သိမ်းဖို့ အလားအလာကတော့ မရှိသလောက်နည်းပါတယ်)

ဗိုလ်နေဝင်း ငွေစက္ကူတွေကို ပယ်ဖျက်တုန်းကလည်း ဘဏ်ထဲထည့်ထားတဲ့သူတွေ ငွေမဆုံးပါဘူး။ (၂၁ ရာစု လက်ရှိအခြေအနေမှာ ငွေစက္ကူတွေကို ပယ်ဖျက်ဖို့အခြေအနေလည်း အတော်နည်းပါတယ်။)

ဒီတော့ သိပ်အစိုးရိမ် မလွန်ကြပါနဲ့။ ဘဏ်မှာအပ်ထားတဲ့သူတွေအားလုံး ဝိုင်းပြီး ငွေထုတ်ဖို့ ကြိုးစားမှသာ ဘဏ်တစ်ဘဏ် ပြိုလဲသွားနိုင်တာပါ။ ခုချိန်မှာ အကန့်အသတ်တွေနဲ့ပဲ ထုတ်ပေးနေတာမို့ ဒေဝါလီခံရနိုင်ခြေ နည်းပါတယ်။

ဘဏ်ထဲကငွေတွေအားလုံးကို အကုန်ထုတ်ပစ်လိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ အရေးပေါ်ငွေလိုတဲ့အခါ သုံးဖို့ ငွေသားကို လက်ထဲမှာ ကိုင်ထားဖို့တော့ မမေ့ပါနဲ့။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ…။

လေးစားစွာဖြင့်…Credit-ပိုးစုန်းကြူး