မိန်းမကိုနိုင်ကြောင်း သက်သေပြချင်မိခဲ့တဲ့ အမျိုးသားရဲ့အဆုံးသတ်
လေးစားစွာဖြင့်
unicode
မိန်းမကိုနိုင်ကြောင်း သက်သေပြချင်မိခဲ့တဲ့ အမျိုးသားရဲ့အဆုံးသတ်
အိမ်ထောင်တစ်စုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အမျိုးသားက မိသားစုကို ထောက်ပံ့နိုင်ဖို့ အပြင်မှာ အလုပ်လုပ်ရင်း နေ့တိုင်းပိုက်ဆံရှာထွက်ရပေမယ့်
အဝတ်လျှော်၊ သန့်ရှင်းရေး ၊ အစားအသောက်ပိုင်း စတဲ့ အိမ်မှု့ကိစ္စအဝဝကိုတော့ အိမ်ရှင်မဖြစ်တဲ့အမျိုးသမီးကဘဲ ဒိုင်ခံခေါင်းပေါ်ရွက်ပြီး ဖြေရှင်းကြရတာပါ
အဲ့လို ကိစ္စအဝဝတွေကို ဖြေရှင်းနေရခြင်းကြောင့် အမျိုးသမီးတွေဟာ ပင်ပန်းလာရင် စိတ်ဆတ်သွားတတ်ကြပါတယ်။
အခုတစ်ခေါက်လည်း အဝတ်လျှော်ရင်း စိတ်မကြည်နေပုံရတဲ့ ဇနီးသည်ကို နိုင်ကြောင်း
သက်သေပြချင်လွန်းလို့ သွားစနောက်မိလိုက်တဲ့အမျိုးသားရဲ့အဖြစ်ကတော့ အဆုံးသတ်မလှခဲ့ရပါဘူး။
ခင်ပွန်းဖြစ်သူက သူ့သူငယ်ချင်းတွေရှေ့မှာ မိန်းမနိုင်ကြောင်းဘာညာပြောပြီး အဝတ်လျှော်နေတဲ့ဇနီးကို
” နင်အဝတ်လျှော်ပီးရင် ငါခြေထောက်တွေ အရမ်းညောင်းနေလို့ နှိပ်ပေးရမယ်နော်..။” လို့ပြောလိုက်ပါတယ်။
အဲ့ဒီအချိန်မှာ ဇနီးသည်က ပင်ပန်းနေရတဲ့ကြားထဲ လေသံမာမာနဲ့ အမိန့်လာပေးနေတာကို တင်းသွားပြီး
အဝတ်လျှော်နေတဲ့ တုတ်နဲ့ “ဒီခြေထောက်လား ညောင်းနေတာကဆိုပီး အားရပါးရဆော်ထည့်လိုက်တာ ကျိုးပါလေရောဗျာ”
သူငယ်ချင်းတွေလဲ ဝင်တောင်မဆွဲရဲပဲ တစ်ချိုးတည်းပြန်ပြေးကြတာ.. တန်းနေလေရဲ့
စာဖတ်သူများလဲ သူများတွေရှေ့မှာ မိန်းမကိုနိုင်ကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့
မိန်းမတွေကြမ်းပီဆို ယောက်ျားတွေထက် သာတယ်နော်…
လေးစားစွာဖြင့်