










မှတ်ချက်။  ။ ပုံများသည် အရင်ကပုံများဖြစ်ပါသည်။

credit

unicode

မုံရွာမှာ စစ်ကား(၂)စီး ယာဉ်တိုက်မှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သာစည်လမ်းမှာရှိတဲ့ ပညာရေးကောလိပ်(TTC)

ကျောင်းရှေ့မှာ ဒီကနေ့ မေလ(၈)ရက် မနက်

(၁၁)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့မော်တော်ကား

အချင်းချင်း ရှေ့နောက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

TTC ကျောင်းဝန်းအတွင်းမှာ တပ်စွဲထားတဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့တွင်းကပြန်လာပြီး

အခုလို ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ရှေ့ကားကို နောက်ကားက တိုက်တာ။ယာဉ်မောင်းတော့ ထိခိုက်မှုရှိတယ်”လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ စကစ ယာဉ်တွေမှာတပ်ဖွဲ့ဝင် (၄၀)ဝန်းကျင်ပါဝင်ပြီး ယာဉ်မောင်း တစ်ယောက်သာ ထိခိုက်မှုရှိခဲ့တာလို့ သိရပါတယ်။

credit