၈၈ အေရးခင္းတုန္းက CDM မလုပ္တဲ့ ငယ္ဆရာ၊ ဆရာမေတြကို ေက်းဇူးတင္ေၾကာင္းေျပာလာတဲ့ မင္းအုပ္စိုး

၈၈ အေရးခင္းတုန္းက CDM မလုပ္တဲ့ ငယ္ဆရာ၊ ဆရာမေတြကို ေက်းဇူးတင္ေၾကာင္းေျပာလာတဲ့ မင္းအုပ္စိုး

အတိတ္ကိုျပန္ေတြး ေက်းဇူးတင္မိပါရဲ့

ကၽြန္ေတာ့္အသက္ တစ္ဆယ့္ရွစ္ႏွစ္ေက်ာ္ေက်ာ္ပါ ။

ဘယ္ေလာက္ေက်ာ္လဲ တိတိက်က်ေတာ့ ေျပာမျပေတာ့ပါဘူးဗ်ာ။

ျဖဴေနတဲ့ေခါင္းရယ္ ျဖဴေနတဲ့ႏူတ္ခမ္းေမြးရယ္ ျဖဴေနတဲ့မုတ္ဆိတ္ေမြးေတြရယ္ ျမင္လိုက္ရရင္ေတာ့ဆယ္ရွစ္ႏွစ္ကို ႏွစ္ေတြအမ်ားႀကီးမေက်ာ္ေသးဘူးဆိုတာ တြက္ဆၾကည့္လို႔ရမွာပါ ။

ႂကြားတယ္လဲမထင္ပါနဲ႔ ၾကဳံတုံးမွာေျပာျပမိတာပါပညာေရးနဲ႔ပတ္သတ္ရင္လဲ ကၽြန္ေတာ္က ဘြဲ႕ရတစ္ေယာက္ပါ ။

ရထားတဲ့ဘြဲ႕ကလဲ ဟိုဘက္ေခတ္တုန္းကဆိုရင္ေတာ့နံပတ္၅ေနရာေလာက္မွာရွိတဲ့ ဘူမိေဗဒေမဂ်ာနဲ႔ ေက်ာင္းၿပိးထားတဲ့ ဘူမိေဗဒ ဘြဲ႕ရတစ္ေယာက္ပါ ။

ဘူမိေဗဒကိုေတာင္ ၁၀တန္းေအာင္တုန္းကအမွတ္ ၄၁၇ မွတ္ရတာေၾကာင့္ ပထမႏွစ္မွာ Roll No .9 နဲ႔ တက္ခဲ့ရတာပါ ။

ကၽြန္ေတာ္ အဓိကေျပာခ်င္တာက ကၽြန္ေတာ့္ပညာေရးမဟုတ္သလိုကၽြန္ေတာ့္ အေၾကာင္းလဲမဟုတ္ပါဘူး။

ကၽြန္ေတာ္ အထက္တန္းေက်ာင္းသားဘဝက ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္သူငယ္ခ်င္းေတြကို စာသင္ေပးခဲ့တဲ့ ဆုံးမ ပဲ့ျပင္ေပးခဲ့တဲ့ ကၽြန္ေတာ့္ရဲ့ဆရာဆရာမေတြအေၾကာင္းကို ေရးျပခ်င္တာပါ ။

၁၉၈၈ခုႏွစ္မွာ တပ္မေတာ္က အာဏာသိမ္းခဲ့ပါတယ္ ။

အာဏာထိမ္းတာမဟုတ္ဘူးေနာ္ အာဏာသိမ္းတာလို႔ တရားဝင္ေျပာၿပီးေတာ့ကို နိုင္ငံေတာ္ရဲ့ အခ်ဳပ္အခ်ာအာဏာႏွင့္ကိစၥအဝဝ ကို သိမ္းပိုက္စီမံ အုပ္ခ်ဳပ္ခဲ့တာပါ ။

အဲ့ဒီအခ်ိန္တုန္းကလဲ တပ္မေတာ္ရဲ့ အာဏာသိမ္းမႈကို သေဘာမတူတဲ့ မႀကိဳက္တဲ့ မေထာက္ခံတဲ့ ျပည္သူ ျပည္သားေတြ အမ်ားႀကီးရွိခဲ့သလို နိုင္ငံဝန္ထမ္းေတြလဲ သိန္းသန္းမက ရွိခဲ့ပါတယ္ ။

အဲ့ဒီအထဲမွာ ပညာေရးဝန္ထမ္းေတြလဲ ပါခဲ့တာေပါ့ ။

ကၽြန္ေတာ့္ရဲ့ ဆရာေတြ ဆရာမေတြလဲ ပါခဲ့တာေပါ့ဗ်ာ ။

အထူးသျဖင့္ကၽြန္ေတာ္တို႔ၿမိဳ႕က NLD ကို အျပည့္အဝ ေထာက္ခံၿပီး တစ္ၿမိဳ႕လုံးနီးပါးရဲရဲနီတဲ့ ၿမိဳ႕ျဖစ္ေလေတာ့ကၽြန္ေတာ့္ဆရာ ဆရာမေတြထဲမွာလဲ ရဲရဲေတာက္ေတြ ေဒါင္ေဒါင္ျမည္ NLD ေတြရွိေနၾကေလေတာ့တပ္မေတာ္ရဲ့ အာဏာသိမ္းမႈကို ခါးခါးသီးသီး ဆန္႔က်င္သူေတြ အမ်ားႀကီး ရွိေနၾကတာေပါ့ ။

ကၽြန္ေတာ့္ငယ္ဆရာ ဆရာမေတြကို အရင္တုန္းကလဲ ခ်စ္ခဲ့ပါတယ္ သံေယာဇဥ္ႀကီးခဲ့ပါတယ္ ေက်းဇူးတင္ခဲ့ပါတယ္ ။

ဒါေပမဲ့ ဒီအခ်ိန္မွာ အတိတ္ကိုျပန္ေတြးၾကည့္လိုက္မိေတာ့ ကၽြန္ေတာ့ရဲ့ ငယ္ဆရာဆရာမေတြအေပၚမွာ ပိုၿပီး ေက်းဇူးတင္မိ ခ်စ္ခင္လာမိသလို ေလးစားတဲ့စိတ္ေတြလဲ ကၽြန္ေတာ့္ ရင္ထဲမွာ ခံစားေမြးဖြားလာပါတယ္ ။

တကယ္လို႔မ်ား အဲ့ဒီအခ်ိန္တုန္းက တပ္မေတာ္ရဲ့အာဏာသိမ္းမႈကို မေထာက္ခံတာေၾကာင့္ ဆန္႔က်င္တာေၾကာင့္

ကၽြန္ေတာ့္ရဲ့ဆရာဆရာမေတြကကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္ရဲ့ သူငယ္ခ်င္းတသိုက္ကို စာသင္မေပးၾကပဲ အခုေခတ္လိုမ်ိဳး CDM သာ လုပ္ေနခဲ့ၾကမယ္ဆိုရင္

ကၽြန္ေတာ္အပါအဝင္ ကၽြန္ေတာ္တို႔ သူငယ္ခ်င္းေတြအားလုံး၁၀တန္း ေအာင္ခြင့္ ရၾကမွာမဟုတ္ၾကသလို တကၠသိုလ္ တက္ခြင့္လဲ ရၾကမွာ မဟုတ္ပါဘူး ။

ဘြဲ႕ရပညာတက္ေတြလဲ ျဖစ္လာၾကမွာ မဟုတ္ပါဘူး ။

ကၽြန္ေတာ္လဲ We are geologist ဆိုၿပီး ေႂကြးေၾကာ္ခြင့္ ေမဂ်ာတူသူငယ္ခ်င္းေတြနဲ႔ခ်စ္ခင္ခြင့္ရမွာမဟုတ္ပါဘူး ။

ကၽြန္ေတာ္ရဲ့ ငယ္ဆရာ ဆရာမေတြက တပ္မေတာ္ရဲ့ အာဏာသိမ္းမႈကို ဆန္႔က်င္တာ လက္မခံတာက သက္သက္ ။

နိုင္ငံ့ဝန္ထမ္းဆိုတာ ဘယ္အစိုးရပဲတက္တက္ နိုင္ငံ့ဝန္ကိုထမ္းရမယ္ ျပည္သူ႔ဝန္ကိုထမ္းရမယ္

အထူးသျဖင့္ ေက်ာင္းဆရာ ဆရာမဆိုတာ တပည့္ေတြကို ဆုံးမပဲ့ျပင္ စာသင္ေပးဖို႔ တာဝန္ရွိတယ္ဆိုတဲ့အေတြးကသက္သက္

အဲ့ဒီလိုမ်ိဳး ခြဲျခမ္းစိတ္ျဖာေဝဖန္ပိုင္းျခားနိုင္တဲ့ အေတြးမ်ိဳးကၽြန္ေတာ့္ရဲ့ ငယ္ဆရာ ဆရာမေတြမွာ ရွိခဲ့ၾကလို႔သာ သူတို႔တာဝန္ကိုသူတို႔ ရဲရဲတင္းတင္း မွန္မွန္ ကန္ကန္ ထမ္းေဆာင္ခဲ့ၾကလို႔သာ

ကၽြန္ေတာ္တို႔ သူငယ္ခ်င္းတသိုက္ ပညာတက္ေတြ ျဖစ္ခြင့္ရခဲ့တာပါ ။ဘြဲ႕ရလူငယ္ေတြ ျဖစ္ခြင့္ရခဲ့ၾကတာပါ ။

ကၽြန္ေတာ့္ရဲ့ငယ္ဆရာ ဆရာမေတြ ဆုံးျဖတ္ခဲ့ၾကသလိုဘယ္အစိုးရပဲ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ အုပ္ခ်ဳပ္သူကိုမႀကိဳက္သည္ျဖစ္ေစ မုန္းသည္ျဖစ္ေစ ျပည္သူ႔ဝန္ထမ္းဆိုတာ ကိုယ့္တာဝန္ကို ေက်ပြန္ပီး ကိုယ့္အလုပ္ကို လုပ္ၾကရမွာပါ ။

လက္ရွိအေျခအေနမွာ တပ္မေတာ္ရဲ့ အာဏာထိန္းမႈကိုမႀကိဳက္လို႔ရပါတယ္ ကန္႔ကြက္လို႔ရပါတယ္ ေတာ္လွန္လို႔ရပါတယ္ျဖဳတ္ခ်ဖို႔ ႀကိဳးစားလို႔ရပါတယ္ ေျပာင္းလဲ ပစ္ဖို႔ႀကိဳးစားလို႔လဲရပါတယ္ ။

ဒါေပမဲ့ ကိုယ့္အလုပ္ ကိုယ့္တာဝန္ကိုသိၿပီး ကိုယ့္ ဝတၱရားကိုထမ္းေဆာင္ေနၾကတဲ့ နိုင္ငံ့ဝန္ထမ္းေတြကိုေတာ့ CDM လုပ္ေနတဲ့ဝန္ထမ္းေတြက အျပစ္တင္တာ အျပစ္ျမင္တာ အရွက္ခြဲတာ ရန္သူလိုသေဘာထားၿပီးတိုက္ခိုက္ေနတာကေတာ့ မလုပ္သင့္မလုပ္ထိုက္တဲ့ လုပ္ရပ္မ်ိဳးပါ ။

အဲ့ဒီလိုအေျခအေနမ်ိဳးေတြကိုျမင္ေနၾကားေနရေလေတာ့ အတိတ္ကိုျပန္ေတြးမိၿပီး တာဝန္နဲ႔ နိုင္ငံေရးအစြဲကို ခြဲျခားျမင္တက္ၾကတဲ့

ကၽြန္ေတာ့္ရဲ့ငယ္ဆရာ ဆရာမေတြအေပၚ ပိုပိုၿပီးေတာ့ ေက်းဇူးတင္မိ ေလးစားမိပါတယ္ ခင္ဗ်ာ ။

source မင္းအုပ္စိုး

unicode

၈၈ အရေးခင်းတုန်းက CDM မလုပ်တဲ့ ငယ်ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ မင်းအုပ်စိုး

အတိတ်ကိုပြန်တွေး ကျေးဇူးတင်မိပါရဲ့

ကျွန်တော့်အသက် တစ်ဆယ့်ရှစ်နှစ်ကျော်ကျော်ပါ ။

ဘယ်လောက်ကျော်လဲ တိတိကျကျတော့ ပြောမပြတော့ပါဘူးဗျာ။

ဖြူနေတဲ့ခေါင်းရယ် ဖြူနေတဲ့နူတ်ခမ်းမွေးရယ် ဖြူနေတဲ့မုတ်ဆိတ်မွေးတွေရယ် မြင်လိုက်ရရင်တော့ဆယ်ရှစ်နှစ်ကို နှစ်တွေအများကြီးမကျော်သေးဘူးဆိုတာ တွက်ဆကြည့်လို့ရမှာပါ ။

ကြွားတယ်လဲမထင်ပါနဲ့ ကြုံတုံးမှာပြောပြမိတာပါပညာရေးနဲ့ပတ်သတ်ရင်လဲ ကျွန်တော်က ဘွဲ့ရတစ်ယောက်ပါ ။

ရထားတဲ့ဘွဲ့ကလဲ ဟိုဘက်ခေတ်တုန်းကဆိုရင်တော့နံပတ်၅နေရာလောက်မှာရှိတဲ့ ဘူမိဗေဒမေဂျာနဲ့ ကျောင်းပြိးထားတဲ့ ဘူမိဗေဒ ဘွဲ့ရတစ်ယောက်ပါ ။

ဘူမိဗေဒကိုတောင် ၁ဝတန်းအောင်တုန်းကအမှတ် ၄၁၇ မှတ်ရတာကြောင့် ပထမနှစ်မှာ Roll No .9 နဲ့ တက်ခဲ့ရတာပါ ။

ကျွန်တော် အဓိကပြောချင်တာက ကျွန်တော့်ပညာရေးမဟုတ်သလိုကျွန်တော့် အကြောင်းလဲမဟုတ်ပါဘူး။

ကျွန်တော် အထက်တန်းကျောင်းသားဘဝက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကို စာသင်ပေးခဲ့တဲ့ ဆုံးမ ပဲ့ပြင်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ဆရာဆရာမတွေအကြောင်းကို ရေးပြချင်တာပါ ။

၁၉၈၈ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းခဲ့ပါတယ် ။

အာဏာထိမ်းတာမဟုတ်ဘူးနော် အာဏာသိမ်းတာလို့ တရားဝင်ပြောပြီးတော့ကို နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာနှင့်ကိစ္စအဝဝ ကို သိမ်းပိုက်စီမံ အုပ်ချုပ်ခဲ့တာပါ ။

အဲ့ဒီအချိန်တုန်းကလဲ တပ်မတော်ရဲ့ အာဏာသိမ်းမှုကို သဘောမတူတဲ့ မကြိုက်တဲ့ မထောက်ခံတဲ့ ပြည်သူ ပြည်သားတွေ အများကြီးရှိခဲ့သလို နိုင်ငံဝန်ထမ်းတွေလဲ သိန်းသန်းမက ရှိခဲ့ပါတယ် ။

အဲ့ဒီအထဲမှာ ပညာရေးဝန်ထမ်းတွေလဲ ပါခဲ့တာပေါ့ ။

ကျွန်တော့်ရဲ့ ဆရာတွေ ဆရာမတွေလဲ ပါခဲ့တာပေါ့ဗျာ ။

အထူးသဖြင့်ကျွန်တော်တို့မြို့က NLD ကို အပြည့်အဝ ထောက်ခံပြီး တစ်မြို့လုံးနီးပါးရဲရဲနီတဲ့ မြို့ဖြစ်လေတော့ကျွန်တော့်ဆရာ ဆရာမတွေထဲမှာလဲ ရဲရဲတောက်တွေ ဒေါင်ဒေါင်မြည် NLD တွေရှိနေကြလေတော့တပ်မတော်ရဲ့ အာဏာသိမ်းမှုကို ခါးခါးသီးသီး ဆန့်ကျင်သူတွေ အများကြီး ရှိနေကြတာပေါ့ ။

ကျွန်တော့်ငယ်ဆရာ ဆရာမတွေကို အရင်တုန်းကလဲ ချစ်ခဲ့ပါတယ် သံယောဇဉ်ကြီးခဲ့ပါတယ် ကျေးဇူးတင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီအချိန်မှာ အတိတ်ကိုပြန်တွေးကြည့်လိုက်မိတော့ ကျွန်တော့ရဲ့ ငယ်ဆရာဆရာမတွေအပေါ်မှာ ပိုပြီး ကျေးဇူးတင်မိ ချစ်ခင်လာမိသလို လေးစားတဲ့စိတ်တွေလဲ ကျွန်တော့် ရင်ထဲမှာ ခံစားမွေးဖွားလာပါတယ် ။

တကယ်လို့များ အဲ့ဒီအချိန်တုန်းက တပ်မတော်ရဲ့အာဏာသိမ်းမှုကို မထောက်ခံတာကြောင့် ဆန့်ကျင်တာကြောင့်

ကျွန်တော့်ရဲ့ဆရာဆရာမတွေကကျွန်တော်နဲ့ကျွန်တော့်ရဲ့ သူငယ်ချင်းတသိုက်ကို စာသင်မပေးကြပဲ အခုခေတ်လိုမျိုး CDM သာ လုပ်နေခဲ့ကြမယ်ဆိုရင်

ကျွန်တော်အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး၁ဝတန်း အောင်ခွင့် ရကြမှာမဟုတ်ကြသလို တက္ကသိုလ် တက်ခွင့်လဲ ရကြမှာ မဟုတ်ပါဘူး ။

ဘွဲ့ရပညာတက်တွေလဲ ဖြစ်လာကြမှာ မဟုတ်ပါဘူး ။

ကျွန်တော်လဲ We are geologist ဆိုပြီး ကြွေးကြော်ခွင့် မေဂျာတူသူငယ်ချင်းတွေနဲ့ချစ်ခင်ခွင့်ရမှာမဟုတ်ပါဘူး ။

ကျွန်တော်ရဲ့ ငယ်ဆရာ ဆရာမတွေက တပ်မတော်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တာ လက်မခံတာက သက်သက် ။

နိုင်ငံ့ဝန်ထမ်းဆိုတာ ဘယ်အစိုးရပဲတက်တက် နိုင်ငံ့ဝန်ကိုထမ်းရမယ် ပြည်သူ့ဝန်ကိုထမ်းရမယ်

အထူးသဖြင့် ကျောင်းဆရာ ဆရာမဆိုတာ တပည့်တွေကို ဆုံးမပဲ့ပြင် စာသင်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့အတွေးကသက်သက်

အဲ့ဒီလိုမျိုး ခွဲခြမ်းစိတ်ဖြာဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးမျိုးကျွန်တော့်ရဲ့ ငယ်ဆရာ ဆရာမတွေမှာ ရှိခဲ့ကြလို့သာ သူတို့တာဝန်ကိုသူတို့ ရဲရဲတင်းတင်း မှန်မှန် ကန်ကန် ထမ်းဆောင်ခဲ့ကြလို့သာ

ကျွန်တော်တို့ သူငယ်ချင်းတသိုက် ပညာတက်တွေ ဖြစ်ခွင့်ရခဲ့တာပါ ။ဘွဲ့ရလူငယ်တွေ ဖြစ်ခွင့်ရခဲ့ကြတာပါ ။

ကျွန်တော့်ရဲ့ငယ်ဆရာ ဆရာမတွေ ဆုံးဖြတ်ခဲ့ကြသလိုဘယ်အစိုးရပဲ အုပ်ချုပ်အုပ်ချုပ် အုပ်ချုပ်သူကိုမကြိုက်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ပြည်သူ့ဝန်ထမ်းဆိုတာ ကိုယ့်တာဝန်ကို ကျေပွန်ပီး ကိုယ့်အလုပ်ကို လုပ်ကြရမှာပါ ။

လက်ရှိအခြေအနေမှာ တပ်မတော်ရဲ့ အာဏာထိန်းမှုကိုမကြိုက်လို့ရပါတယ် ကန့်ကွက်လို့ရပါတယ် တော်လှန်လို့ရပါတယ်ဖြုတ်ချဖို့ ကြိုးစားလို့ရပါတယ် ပြောင်းလဲ ပစ်ဖို့ကြိုးစားလို့လဲရပါတယ် ။

ဒါပေမဲ့ ကိုယ့်အလုပ် ကိုယ့်တာဝန်ကိုသိပြီး ကိုယ့် ဝတ္တရားကိုထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုတော့ CDM လုပ်နေတဲ့ဝန်ထမ်းတွေက အပြစ်တင်တာ အပြစ်မြင်တာ အရှက်ခွဲတာ ရန်သူလိုသဘောထားပြီးတိုက်ခိုက်နေတာကတော့ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်မျိုးပါ ။

အဲ့ဒီလိုအခြေအနေမျိုးတွေကိုမြင်နေကြားနေရလေတော့ အတိတ်ကိုပြန်တွေးမိပြီး တာဝန်နဲ့ နိုင်ငံရေးအစွဲကို ခွဲခြားမြင်တက်ကြတဲ့

ကျွန်တော့်ရဲ့ငယ်ဆရာ ဆရာမတွေအပေါ် ပိုပိုပြီးတော့ ကျေးဇူးတင်မိ လေးစားမိပါတယ် ခင်ဗျာ ။

source မင်းအုပ်စိုး