စ စ် ပွဲ ကြောင့် မိခင်မဲ့သွားရရှာတဲ့ (၄)လသား ကလေးငယ်…
မျက်နာကို မြင်တာနဲ့ ဒီကလေးငယ်လေးကိုချစ်ခင်ဖွယ်ရှိကြမယ်ထင်ပါတယ် – “ ဒီကလေးလေးကို သူ့အမေဆုံးပြီး တပတ်ကြာတဲ့ထိ ရွာက မထွက်ပြေးရဲလို့ ဗုံ း ခိုကျ င်း ထဲမှာ ထားပြီးနေခဲ့ရတယ်၊ ကျင်းထဲမှာ ခြ င် ကို က်တော့ ခြင်ဆေးခွေထွန်းရတယ်။အဲ့အနံ့တွေကြောင့်..
ကလေးက ချော င်း ဆို း ပြီး ခုထိ ရ င် ကျ ပ် နေတာ” – မြို့သစ်မှာ ည(၂)နာရီကျော် စ စ် ဖြ စ် တဲ့အချိန် အိမ်ပေါ် လ က် န က် ကြီး ကျပြီး ပေါ င် အ တွ င်းသား ထိ ပေါ က် ကာ ညတွင်းချင်း ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ မပုတု ရဲ့ (၄)လသားအရွယ် သားလေးကို..
‌ခေါ်ယူစောင့်ရှောက်ထားပေးသူ (မပုတုရဲ့ အမကြီး) ကလေး၏အဒေါ် က ခုလို ဆိုပါတယ်။အမေက အသက်(၂၀)ဝန်းကျင်သာရှိသေးတဲ့ မြို့သစ်ဇာတိ ရွာသူ ၊ ဗန်းမော်မြို့ထဲကိုတောင် (၄)ခါလောက်ပဲ ရောက်ဖူးတဲ့ ရိုးလွန်းတဲ့ ရွာသူဖြစ်ပါတယ်။..
ကွယ်လွန်သွားသောမိခင်ကလေးရဲ့ ဖခင်အမည်က ဦးအောင်သူဖြိုး၊ ဧရာဝ တီတိုင်းဇာတိဘက် က ဖြစ်ပြီး ဇာတိကို ခဏပြန်ကာ စီးပွါးရှာသွားမယ် ဆိုပြီး ခုထိ ပြန်မလာကြောင်းလည်း သိရှိရပါတယ်။အဖေဖြစ်သူနဲ့ ယခုထိ ထိတွေ့ခွင့်မရရှိသေးတဲ့ ဒီသားလေး (၄) လသားပြည့်တဲ့ နေ့မှာပဲ..
စ စ် ဘေးကြောင့် မိခင်ရင်ခွင်မဲ့ ခဲ့ရပြီး ကလေးရဲ့ အမည်တောင် ယခုထိ မပေးရသေးပါ ဟုလည်း စိတ်မကောင်းစွာသိရှိရပြန်ပါတယ်။စိတ်သဘောထားပြည့်ဝတဲ့ အဒေါ်ရင်းဖြစ်သူက သားလေးကို မိခင်ရင်းတဖွယ် ခေါ်ယူမွေးစားစောင့်ရှောက်ထားပေးပြီး..
မိခင်နှင့်အတူရှိစဥ်က“Bhamo Platform “ နဲ့ အဆက်အသွယ် ချိတ်ဆက်ရရှိမှုကြောင့် ကလေးအတွက် နို့မှုန့်၊ အာဟာရမှုန့် ၊ ဒိုင်ဘာ၊ ဆေးဝါးတချို့၊ ကလေးအသုံးအဆောင်ပစ္စည်းတချို့နှင့်အတူ ငွေသား(၁)သိန်း သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ကလေးလေးဟာ အလွန်မျက်နာ..
ချိုပြီး ဘယ်သူခေါ်ခေါ် အပွေ့ခံပြီး အတော်လေးလိမ္မာရှာပါတယ်။သူ့ကို ခေါ်ပွေ့တဲ့ သူစိမ်းတိုင်းနဲ့ လည်း တဂျီဂျီငိုတာမျိုးမရှိပဲ မျက်နာအလွန်ချိုပါတယ်။ကလေး ရဲ့ မျက်နာချို ချစ်ခင်ဖွယ်ကောင်းမှု နဲ့ ပကတိ အပြ စ်က င်းစင်မှု ကြောင့် လူမှန်းတောင် မသိတတ်သေးတဲ့..
ဒီ(၄)လသားအရွယ်လေးနဲ့ လူ့လောကကြီးရဲ့ ရှူပ်ထွေးလှသော နိုင်ငံရေးနောက်ဆက်တွဲ စ စ် ဘေး ဒ ဏ် ၏ ခါးသီးမှုကို အ ပြ စ် မဲ့ ခံစားရခြင်းဟာ အလွန်ကို စိ တ်ထိ ခို က် စရာကောင်းလှပါတယ်။မိခင်နို့စို့လို့ ရင်ခွင်မှာချော့သိပ်ပြီး မိခင်မေတ္တာကို အပြည့်အဝခံစားနေရမဲ့..ဒီ(၄)လသားဆိုတဲ့ ကလေးအရွယ်ကလေးလေးဟာ ဖခင်မရှိတဲ့ကြားက ခုတော့ မိခင်ပါ မဲ့ ခဲ့ရရှာပါပြီ။
အဆို း ကြားက အကောင်းအဖြစ်နဲ့ ကလေးမိခင်နဲ့ညီအမအရင်း တော်စပ်ပြီး ဗန်းမော်မြို့တွင်းနေထိုင်သူ ကလေးရဲ့အဒေါ်က ဒီကလေးလေးရဲ့ ဘဝကို.မိခင်ရင်းတဖွယ် အပြည့်အဝ ကြည့်ရှူစောင့်ရှောက်ပေးထားပြီး ရင်းနှီးခင်မင်သူ တချို့က ကလေးအတွက် လှူဒါန်းပေးထားသမျှ ကို စည်းစနစ်ကျစွာနဲ့ ကလေးအနာဂတ်အတွက် သေချာသိမ်းဆည်းစုဆောင်းပေးထားရှာပါတယ်။
လက်ရှိကလေး ကျန်းမာရေး..အခြေအနေကတော့ ခြင်ဆေးခွေ နံ့ ဖြင့် ဗုံ း ကျ င်း ထဲမှာ နေခဲ့ရတဲ့အချိန်တစ်ခုကြောင့် ညည ရ င် ကျ ပ် ချော င်း ဆိုးတတ်တာကလွဲလို့ ကျန်တာ အားလုံး ကောင်းမွန်ကြောင်း လည်းသိရှိရပါတယ်။မပုတု၏ ကျန်ရစ်တဲ့ ဒီသားလေးရဲ့ ကလေးအနာဂတ်အတွက်..တဖက်တလှမ်းက အမှန်တကယ်လှူဒါန်းလိုပါက ကလေးလေး၏ အုပ်ထိန်းသူ ဒေါ်အင်ကြင်း နှင့် တိုက်ရိုက်ချိတ်ဆက် လှူဒါန်းပေးနိုင်ပြီး ဆက်သွယ်ရန် ဖုန်းနှင့် အဆယ်အသွယ်တချို့ကို Bhamo Platform ၏ Message Box တွင် လာရောက်မေးမြန်းနိုင်ပါသည်။..
( မှတ်ချက်- ယခု Post အတွက် ရိုင်းစိုင်းသော မန့်များ၊ သရော်သော မန့်များအား Page မှ ချက်ချင်းBan မည်ဖြစ်ကြောင်းနှင့် ကလေး၏ ပုံကို အသုံးချကာ အလှူခံခြင်းများ လုံးဝမပြုလုပ်ပဲ လှူဒါန်းလိုပါက ကလေး၏ အုပ်ထိန်းသူ အဒေါ်ထံ သာ တိုက်ရိုက်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )
#bhamo #bhamoplatform
#bhamo #bhamoplatform