တလုပ္ေက်းရြာကို ကိုင္လႈပ္ခဲ့တဲ့ ထို ၂ ရက္

တလုပ္ေက်းရြာကို ကိုင္လႈပ္ခဲ့တဲ့ ထို ၂ ရက္

ျမင္းၿခံၿမိဳ႕ အနီး တလုပ္ၿမိဳ႕ေက်းရြာ မွာတိုက္ပြဲျဖစ္ၿပီး ဝင္စီးခံရတဲ့ ေမလ ၁၁ ရက္နဲ႔ ေမလ ၁၂ ရက္ ၂ ရက္တာ အေျခအေန အေသးစိတ္ကို ေဒသခံ တဦးအား ေမးျမန္းၿပီး တင္က္ေပးထားပါတယ္။

ေမလ ၁၁ ရက္ေန႔ အေျခအေန…

ေန႔ခင္း ၁ နာရီခြဲေလာက္မွာ တလုပ္ရြာဘက္ကို စစ္ကား ၁၀ စီးအျပင္ အိမ္စီးကားေတြနဲ႔ပါ ‌‌ေရာက္ရွိလာ။

လက္နက္ အျပည့္အစုံ တပ္ထားတဲ့ အင္အား ၁၂၀ ‌ေက်ာ္ေလာက္ ရြာအျပင္မွာ ေနရာယူထား။

ၿပီးေတာ့ ၁၀ မိနစ္ေလာက္ အၾကာမွာ ေသနတ္ေတြနဲ႔ စတင္ ပစ္ခတ္။

သူတို႔ဘက္က ရြာတံတားကို ခ်ိဳးဖို႔လုပ္တယ္ တံတားက်ိဳး သြားတယ္။

ျပည္သူဘက္ကလည္း ျပန္ပစ္ခတ္ေနတဲ့ အတြက္ သူတို႔ ရြာထဲကို ဝင္လို႔ မရ။

ညေန ၃ နာရီေလာက္မွာ စစ္ေကာင္စီဘက္က ၃ ေယာက္ထိၿပီး၊ ၁ ဦးေသဆုံး။ (ေနာက္ပိုင္း သိရ ၃ ဦးေသဆုံး)

၃ နာရီခြဲေလာက္ အထိကို ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျပင္းထန္ေန။

၄ နာရီခြဲ ေလာက္မွာ အပစ္အခတ္ ခဏ ရပ္သြားၿပီး၊ ရြာထဲကေန အဆိုေတာ္ မြန္းေအာင္ရဲ့ အ‌ေရးႀကီးၿပီ သီခ်င္းကို ေလာ္စပီကာ နဲ႔ ဖြင့္ထား။

စစ္ေကာင္စီဘက္က သစ္ပင္ေတြလွဲၿပီး ခံတပ္ေတြေဆာက္ အထိုင္ခ်။

၆ နာရီခြဲ အခ်ိန္ေလာက္မွာ စစ္ေကာင္စီဘက္က ေသနတ္ေတြနဲ႔ ျပန္ပစ္။

ည ၁၀ နာရီေလာက္မွာ စစ္ေကာင္စီဘက္က ဒ႐ုန္းေတြ လႊတ္တင္ၿပီး ရြာအေျခအေနကို ၾကည့္။

ည ၁ နာရီခြဲေလာက္မွာ ျမင္းၿခံၿမိဳ႕ဘက္က ေပါက္ကြဲသံေတြ ၾကားရ၊ စစ္ေကာင္စီခံတပ္ ဘက္က ပစ္ခတ္မႈေတြ ရွိ။

ေမလ ၁၂ ရက္ေန႔ မနက္ အေစာပိုင္း…

မနက္ခင္း ၆ နာရီ မတ္တင္းေလာက္မွာ အပစ္အခတ္ျပန္ျဖစ္လာ။

ဒလန္ သတင္းေပးေၾကာင့္ ရြာျပင္ ေတာတေနရာမွာ ရြာသူရြာသား ေတြ ပုန္းေအာင္း ေနတဲ့ ေနရာကို စစ္ေကာင္စီက ကားေတြနဲ႔ သြားေရာက္ဖမ္းဆီး၊ ၂ ႏွစ္ကေလး အရြယ္ေတြပါ ဖမ္းဆီးခံရ။

အဲဒီ အေျခအေနမွာ သူတို႔က ေျမျပင္ အေနအထားအရ ကုန္းျမင့္ေပၚ ေရာက္သြားၿပီးေတာ့၊ ေသနတ္ေတြနဲ႔ ရြာကိုပစ္၊ စက္ေသနတ္ေတြနဲ႔ပါ ပစ္ခတ္။ အဲဒီအခ်ိန္ ျမင္းၿခံၿမိဳ႕ေပၚမွာလည္း ဗုံးေတြ ေပါက္။

၁၁ နာရီခြဲ ေလာက္မွာ ကာကြယ္ေရးတပ္ေတြ ေတာင့္မခံ နိုင္ေတာ့ပဲ ခံစစ္က က်သြားတယ္။ သူတို႔ဘက္က သခၤ်ိဳင္းကုန္း ဘက္ကေန ရြာထဲကို ပတ္ဝင္လာ။

အဲဒီလို ရြာထဲကို တဖြဲ႕ဝင္လာၿပီး၊ က်န္တဲ့ သူေတြက ရြာကို ေလးဘက္ ေလးလံ ဝိုင္းထားခဲ့။ အင္အား ၅၀၀ ကေန ၆၀၀ ေလာက္ရွိမယ္။

သူတို႔ေတြက မထင္မွတ္တဲ့ ေနရာကေန ရြာထဲဝင္လာတဲ့ အတြက္ ခံစစ္က ေပါက္ၿပီး ေနာက္ဆုတ္ခဲ့ရတယ္၊ အဲမွာ ျပည္သူထဲက ဖမ္းဆီးခံရ သူတခ်ိဳ႕ရွိတယ္။

တခ်ိန္ထဲမွာပဲ ကာကြယ္ေရး တပ္ဖြဲ႕ဝင္ ၆ ဦးက ခံပစ္ ပစ္ေပးၿပီး လူထုေတြ ေဘးလြတ္ရာ တိမ္းေရွာင္နိုင္ဖို႔ လုပ္ေဆာင္ခဲ့။

ခံပစ္ေပးတဲ့ ကာကြယ္‌ေရး တပ္ဖြဲ႕ဝင္ ၆ ဦးအဖမ္းခံလိုက္ရ။ အဲဒီအဖမ္းခံရသူေတြထဲမွာ တေယာက္က ေျခေထာက္မွာ ထိထားၿပီး၊ ေနာက္တဦးက ေနာက္ေက်ာဘက္မွာ ဒဏ္ရာ ရထား။

အေမရိကန္ထုတ္ M16 အမ်ိဳးအစား ေသနတ္ ၂ လက္နဲ႔ တျခား ေသနတ္ေတြပါ သိမ္းဆည္းခံရ။

စစ္ေကာင္စီက ရြာကို စီးထားၿပီး၊ ထြက္ေျပးသြားတဲ့ ရြာသားေတြ ကိုလည္း လိုက္လံဖမ္းဆီးေန။

ေဘးနားက ၿမိဳ႕ေတြ ရြာေတြက မႂကြတဲ့ အတြက္ အခုလို တလုပ္ၿမိဳ႕ ေက်းရြာ ခံေနရတာျဖစ္။

တလုပ္ၿမိဳ႕ေက်းရြာ ပန္းပဲဖိုကေန တူမီး ေသနတ္ေတြ ထုတ္ေနတယ္ဆို ၿပီး စစ္ေကာင္စီက ဝင္စီးတာလို႔ ယူဆရ။

တလုပ္ၿမိဳ႕‌ေက်းရြာ ေဒသခံတဦးရဲ့ ေျပာျပခ်က္ေတြကို ေကာက္ႏုတ္‌ တင္ဆက္ေပးခဲ့တာပါ။

သူဆက္ေျပာတာက…

‘’ NUG အစိုးရ အေနနဲ႔ အခုလိုမ်ိဳး ဆက္သြားမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ျမင္းၿခံလည္း ေတာင့္ခံနိုင္မယ့္ အေျခအေနမ်ိဳး မရွိေတာ့ဘူး…လူအားက တျဖည္းျဖည္း ေလ်ာ့ေလ်ာ့ လာၿပီ…သူတို႔က ေန႔ဘက္မွာ
ဒီအတိုင္းေနၿပီး ညဘက္မွာ လိုက္လိုက္ ဆြဲေနတာ အေတာ္မ်ားေနၿပီ…’’

‘’ ၿမိဳ႕မွာရွိတဲ့ PDF တပ္ေတြနဲ႔ NUG အစိုးရ ေပါင္းၿပီး၊ အခ်ိန္တခု သတ္မွတ္ၿပီး အတူတကြ ေတာ္လွန္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ ေတာ္လွန္ေရးက မၾကာဘူး ခင္ဗ်…’’

‘’ ခု ျမင္းၿခံမွာ ျဖစ္တယ္… မေကြးက မႏၲေလးက စစ္ကားေတြ ကၽြန္ေတာ္တို႔ဆီလာတယ္… သူတို႔က ေအးေအးေဆးေဆး လာ႐ုံပဲ…ကၽြန္ေတာ္တို႔ၿမိဳ႕ကို…ၾကားထဲမွာ သူတို႔ကို ျဖတ္တိုက္မယ့္ သူလည္း မရွဘူး…ပုန္ကန္မယ့္သူလည္း မရွိေတာ့ သူတို႔ အေနနဲ႔ လိုရာ ခရီးကို တန္း‌ေရာက္တယ္…’’

THN freelance journalist

ဓါတ္ပုံ – CJ

unicode

တလုပ်ကျေးရွာကို ကိုင်လှုပ်ခဲ့တဲ့ ထို ၂ ရက်

မြင်းခြံမြို့ အနီး တလုပ်မြို့ကျေးရွာ မှာတိုက်ပွဲဖြစ်ပြီး ဝင်စီးခံရတဲ့ မေလ ၁၁ ရက်နဲ့ မေလ ၁၂ ရက် ၂ ရက်တာ အခြေအနေ အသေးစိတ်ကို ဒေသခံ တဦးအား မေးမြန်းပြီး တင်က်ပေးထားပါတယ်။

မေလ ၁၁ ရက်နေ့ အခြေအနေ…

နေ့ခင်း ၁ နာရီခွဲလောက်မှာ တလုပ်ရွာဘက်ကို စစ်ကား ၁၀ စီးအပြင် အိမ်စီးကားတွေနဲ့ပါ ‌‌ရောက်ရှိလာ။

လက်နက် အပြည့်အစုံ တပ်ထားတဲ့ အင်အား ၁၂၀ ‌ကျော်လောက် ရွာအပြင်မှာ နေရာယူထား။

ပြီးတော့ ၁၀ မိနစ်လောက် အကြာမှာ သေနတ်တွေနဲ့ စတင် ပစ်ခတ်။

သူတို့ဘက်က ရွာတံတားကို ချိုးဖို့လုပ်တယ် တံတားကျိုး သွားတယ်။

ပြည်သူဘက်ကလည်း ပြန်ပစ်ခတ်နေတဲ့ အတွက် သူတို့ ရွာထဲကို ဝင်လို့ မရ။

ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီဘက်က ၃ ယောက်ထိပြီး၊ ၁ ဦးသေဆုံး။ (နောက်ပိုင်း သိရ ၃ ဦးသေဆုံး)

၃ နာရီခွဲလောက် အထိကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေ။

၄ နာရီခွဲ လောက်မှာ အပစ်အခတ် ခဏ ရပ်သွားပြီး၊ ရွာထဲကနေ အဆိုတော် မွန်းအောင်ရဲ့ အ‌ရေးကြီးပြီ သီချင်းကို လော်စပီကာ နဲ့ ဖွင့်ထား။

စစ်ကောင်စီဘက်က သစ်ပင်တွေလှဲပြီး ခံတပ်တွေဆောက် အထိုင်ချ။

၆ နာရီခွဲ အချိန်လောက်မှာ စစ်ကောင်စီဘက်က သေနတ်တွေနဲ့ ပြန်ပစ်။

ည ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က ဒရုန်းတွေ လွှတ်တင်ပြီး ရွာအခြေအနေကို ကြည့်။

ည ၁ နာရီခွဲလောက်မှာ မြင်းခြံမြို့ဘက်က ပေါက်ကွဲသံတွေ ကြားရ၊ စစ်ကောင်စီခံတပ် ဘက်က ပစ်ခတ်မှုတွေ ရှိ။

မေလ ၁၂ ရက်နေ့ မနက် အစောပိုင်း…

မနက်ခင်း ၆ နာရီ မတ်တင်းလောက်မှာ အပစ်အခတ်ပြန်ဖြစ်လာ။

ဒလန် သတင်းပေးကြောင့် ရွာပြင် တောတနေရာမှာ ရွာသူရွာသား တွေ ပုန်းအောင်း နေတဲ့ နေရာကို စစ်ကောင်စီက ကားတွေနဲ့ သွားရောက်ဖမ်းဆီး၊ ၂ နှစ်ကလေး အရွယ်တွေပါ ဖမ်းဆီးခံရ။

အဲဒီ အခြေအနေမှာ သူတို့က မြေပြင် အနေအထားအရ ကုန်းမြင့်ပေါ် ရောက်သွားပြီးတော့၊ သေနတ်တွေနဲ့ ရွာကိုပစ်၊ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်။ အဲဒီအချိန် မြင်းခြံမြို့ပေါ်မှာလည်း ဗုံးတွေ ပေါက်။

၁၁ နာရီခွဲ လောက်မှာ ကာကွယ်ရေးတပ်တွေ တောင့်မခံ နိုင်တော့ပဲ ခံစစ်က ကျသွားတယ်။ သူတို့ဘက်က သင်္ချိုင်းကုန်း ဘက်ကနေ ရွာထဲကို ပတ်ဝင်လာ။

အဲဒီလို ရွာထဲကို တဖွဲ့ဝင်လာပြီး၊ ကျန်တဲ့ သူတွေက ရွာကို လေးဘက် လေးလံ ဝိုင်းထားခဲ့။ အင်အား ၅၀၀ ကနေ ၆၀၀ လောက်ရှိမယ်။

သူတို့တွေက မထင်မှတ်တဲ့ နေရာကနေ ရွာထဲဝင်လာတဲ့ အတွက် ခံစစ်က ပေါက်ပြီး နောက်ဆုတ်ခဲ့ရတယ်၊ အဲမှာ ပြည်သူထဲက ဖမ်းဆီးခံရ သူတချို့ရှိတယ်။

တချိန်ထဲမှာပဲ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆ ဦးက ခံပစ် ပစ်ပေးပြီး လူထုတွေ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ဖို့ လုပ်ဆောင်ခဲ့။

ခံပစ်ပေးတဲ့ ကာကွယ်‌ရေး တပ်ဖွဲ့ဝင် ၆ ဦးအဖမ်းခံလိုက်ရ။ အဲဒီအဖမ်းခံရသူတွေထဲမှာ တယောက်က ခြေထောက်မှာ ထိထားပြီး၊ နောက်တဦးက နောက်ကျောဘက်မှာ ဒဏ်ရာ ရထား။

အမေရိကန်ထုတ် M16 အမျိုးအစား သေနတ် ၂ လက်နဲ့ တခြား သေနတ်တွေပါ သိမ်းဆည်းခံရ။

စစ်ကောင်စီက ရွာကို စီးထားပြီး၊ ထွက်ပြေးသွားတဲ့ ရွာသားတွေ ကိုလည်း လိုက်လံဖမ်းဆီးနေ။

ဘေးနားက မြို့တွေ ရွာတွေက မကြွတဲ့ အတွက် အခုလို တလုပ်မြို့ ကျေးရွာ ခံနေရတာဖြစ်။

တလုပ်မြို့ကျေးရွာ ပန်းပဲဖိုကနေ တူမီး သေနတ်တွေ ထုတ်နေတယ်ဆို ပြီး စစ်ကောင်စီက ဝင်စီးတာလို့ ယူဆရ။

တလုပ်မြို့‌ကျေးရွာ ဒေသခံတဦးရဲ့ ပြောပြချက်တွေကို ကောက်နုတ်‌ တင်ဆက်ပေးခဲ့တာပါ။

သူဆက်ပြောတာက…

‘’ NUG အစိုးရ အနေနဲ့ အခုလိုမျိုး ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ မြင်းခြံလည်း တောင့်ခံနိုင်မယ့် အခြေအနေမျိုး မရှိတော့ဘူး…လူအားက တဖြည်းဖြည်း လျော့လျော့ လာပြီ…သူတို့က နေ့ဘက်မှာ
ဒီအတိုင်းနေပြီး ညဘက်မှာ လိုက်လိုက် ဆွဲနေတာ အတော်များနေပြီ…’’

‘’ မြို့မှာရှိတဲ့ PDF တပ်တွေနဲ့ NUG အစိုးရ ပေါင်းပြီး၊ အချိန်တခု သတ်မှတ်ပြီး အတူတကွ တော်လှန်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးက မကြာဘူး ခင်ဗျ…’’

‘’ ခု မြင်းခြံမှာ ဖြစ်တယ်… မကွေးက မန္တလေးက စစ်ကားတွေ ကျွန်တော်တို့ဆီလာတယ်… သူတို့က အေးအေးဆေးဆေး လာရုံပဲ…ကျွန်တော်တို့မြို့ကို…ကြားထဲမှာ သူတို့ကို ဖြတ်တိုက်မယ့် သူလည်း မရှဘူး…ပုန်ကန်မယ့်သူလည်း မရှိတော့ သူတို့ အနေနဲ့ လိုရာ ခရီးကို တန်း‌ရောက်တယ်…’’

THN freelance journalist

ဓါတ်ပုံ – CJ