Credit
unicode
မင်းကိုအင်ဂျင်နီယာဖြစ်အောင်ကျောင်းထားပေးခဲ့တဲ့ မင်းအမေဒီ​နေ့ ရက် လည်ပြီ မင်းကိုမျှော်နေရှာတယ်
အမေဆုံးတာတောင်ရောက်မလာတဲ့အင်ဂျင်နီယာဖြစ်အောင်ရုန်းကန်ပေးခဲ့ပေမယ့် အဆက်အသွယ်ဖြတ်ထားတဲ့သား
အင်ဂျင်နီယာကြီးဖြစ်အောင် မိဘတွေက ကားမောင်းလို့ကျောင်းထားခဲ့ပြီးမှ
ဘွဲ့ရရော မိဘတွေကို အဆက်အသွယ်ဖြတ်သွားတဲ့အပြင် အမေဆုံးတာသိရက်နဲ့မလာဘူးတဲ့
မောင်ဝေဖြိုးမင်းလိုမိုက်တဲ့သူတောင် မင်းလောက်မိုက်မယ်မထင်မင်းကို အင်ဂျင်နီ ယာကြီးဖြစ်အောင်
မင်းအဖေက ကားမောင်းမင်းအမေက မင်းအမ နဲ့ မင်းညီမတွေ ဘွဲ့ရအောင်အိမ်မှု့ကိစ္စတွေလုပ်ပေးရတယ်။
မင်းတို့ မောင်နှမ လေးယောက်မှာ အခုထိ မင်းဘဲ အိမ်ထောင်ကျသေးတယ်။မင်းမင်္ဂလာဆောင်တော့လည်း
မိဘတွေက M 3 မှာ ပြည့်ပြည့်စုံစုံ ဆောင်ပေးတယ်။
မကြာပါဘူး ကြီးမားတဲ့ ပြဿာနာ တစ်စုံတရာမရှိပါ
မိသားစုကို အဆက်အသွယ်ဖြတ်သွားတယ်။အခု မင်းကို မွေးခဲ့တဲ့ မင်းအမေဆုံးတယ်။မနေနိုင်တဲ့ မင်းသူငယ်ချင်းတွေက မင်းကိုဆက်သွယ်ကြတယ်
မင်းသိသွားပြီဆိုတော့အားလုံးက တစ်ဦးတည်းသောသား မင်းကိုမျှော်ကြတယ်။မင်းလာရင်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုကြမယ်ပေါ့။
ဒီနေ့ရက်လည်ပြီအခုချိန်ထိ မင်းက လာဘို့ဝေးစွ ဖုန်းလေးတောင် မဆက်ဘူး။ဖြစ်နိုင်ရင် မင်းအဖေကို
ဖုန်းဆက် အားပေးစကားလေး ပြောပါလို့ ပြောခြင်ပေမဲ့ ပြောမထွက်တော့ပါဘူး။မင်းအမေကိုလည်း မင်းအပေါ်ခွင့်လွှတ်ပေးဘို့ ဆရာတော်တွေကို
လျှောက်ထား ပြောခိုင်းထားပါတယ်။
ဦးကြိုင်ရဲ့စိတ်ထဲမှာ လူတစ်ယောက်ကို အမုန်း အာဃာတ အငြိုး ဘယ် တော့မှ မထားတက်ဘူး။
အားလုံးကို မေတ္တာနဲ့ဘဲ ဆက်ဆံတယ်။အခုမင်းမိသားစုကိုယ်စား ရေးလို က်တာပါ။တူမောင်တစ်ယောက်
ကျန်းမာ ချမ်းသာ အစစ အရာရာ အဆေင်ပြေပါစေလို့ အငြိုးမထား စေ တနာများဖြင့် မေတ္တာပွားပေးပါတယ်
Credit