
“ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီး မီးလောင်”

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့က ရွှေဘိုမြို့မဈေးကြီး ဒီကနေ့ မေလ ၁၅ ရက် မနက် ၂နာရီခွဲအချိန် ခန့်က မီးလောင်မှု

ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ချိန် ဟာ ၅နာရီခန့်ကြာမြင့် ခဲ့ပြီး မနက် ၆နာရီကျော်မှာ မီးငြှိမ်းသတ်နိုင် တယ်လို့ ဈေး

သူဈေးသားအချို့ကပြောပါတယ်။

“မီးလောင်ချိန်က ညမထွက်ရအချိန်ကြီးဗျာ၊သိတဲ့အချိန်ပစ္စည်းတွေရသလောက်ယူဖို့ လာတော့လုံခြုံရေးအတွက်

ဆိုပြီး စစ်ကားတွေ ရောက်နေတော့ ကျွန်တော်တို့လည်း ပစ္စည်းတွေမယူရဲတော့ဘူး၊

ဆုံးရှုံးမှုကတော့ ပြောမပြနိုင် အောင်ပါပဲ” လို့ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ ဈေးကြီး

တစ်ခုလုံး မီးလောင်ကျွမ်းထားပြီး မီးလောင်ရတဲ့

အကြောင်းရင်းကို တော့မသိရှိရသေးပါဘူး။

မီးလောင်မှုသည် ရှို့မီးဖြစ်ကြောင်း ၁၃ ရက်နေ့ မနက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှု၊ တပ်မတော်သားများနှင့်


CDM မဟုတ်သူများကို ဈေးမရောင်းကြောင်း ဆိုင် အ ချို့မှ စာကပ်ထားမှုနှင့် ဆက်စပ်ကြောင်း မြို့ခံများက ပြောဆိုထားပါတယ်။

ဗဟိုမီသတ်ဌာနသည် မီးလောင်မှုဖြစ်ပွားသည့် ဈေးကြီး၏ အနီးဆုံးတွင်ရှိသော်လည်း အချိန်မီ ငြိမ်းသတ်နိုင်မှု မရှိခဲ့ဘဲ

ဆိုင်ခန်း နေရာ အများစုမီးလောင်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ဓာတ်ပုံ – CJ