ကိုယ်ဝန်ကြီးနဲ့ ဝရမ်းပြေးဖြစ်နေပေမယ့်လည်း ဂုဏ်ယူတယ်လိုဆိုလိုက်တဲ့ ဒေါက်တာ မြဝတ်ရည်..

ကိုယ်ဝန်ကြီးနဲ့ ဝရမ်းပြေးဖြစ်နေပေမယ့်လည်း စာအရှည်ကြီးရေးတင်ကာ ဂုဏ်ယူတယ်လိုဆိုကာ အာဏာရှင် အမြန်ဆုံးကျဆုံးဖို့ ဆုတောင်းနေတဲ့ ဒေါက်တာ မြဝတ်ရည်..

စာအရှည်ကြီး ရေးတင်မိသော ဝရမ်းပြေးမ ဖြစ်ရတာ ဂုဏ်ယူနေသော ကိုယ်ဝန်ဆောင် မတ်မတ်မြ *အရေးတော်ပုံကာလမှာ လူတိုင်းဟာ ရင်းနှီးထားရတာချည်းပါပဲတစ်ချို့ကလေးတွေ တစ်ချို့မိဘတွေ လောကကြီးထဲ မရှိတော့ဘူးတစ်ချို့ထမင်းဝိုင်းတွေဟာ ခြောက်ကပ်နေကြပါပြီလူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေကြရတာပါပဲ

Gen Lee နဲ့ ဒလန်တွေ သာကူးလောက်ကောင်တွေကလွဲလို့အာဏာသိမ်းခံရပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေ CDM စလုပ်ကြရင်း ကျန်ဌာနတွေပါ ပူးပေါင်းပါဝင်လာကြလို့တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ CDM ဖြစ်လာကြချိန်ကတည်းကStrong CDM နဲ့ သူများအကုန်လုပ်လို့ လုပ်လိုက်ရတဲ့ auto CDM တွေ ရှိသလို Non CDM ဘောမတွေလည်း ရှိခဲ့တာပါပဲ

Strong CDM သမားတွေကတော့ ဘာတွေပဲကြုံကြုံ နေရေးစားရေးခက်ခဲလည်း အသက်ပေးခဲ့ရသူတွေ ထောင်ထဲကအကျဉ်းချခံနေရသူတွေကို စာနာအားနာတာကြောင့် ဘယ်တော့မှ ထွေးပြီး တံတွေး ပြန်မလျက်ကြဘူးNon CDM တွေကတော့ ဘောမဖို့အရေးတို့အရေးဆိုသလိုအလုအယက် မရုံချည်းပါပဲ မြင်ရကြားရ အော်ဂလီဆန်ရပါဘိAuto CDM တွေကလည်း အစကတည်းက စိတ်ဓာတ်မခိုင်မာလေတော့

၅၀၅ အထုတ်ခံရမှာ ဖြစ်စေ အဖမ်းခံရမှာဖြစ်စေ ကြောက်ပြီး အလုပ်ပြန်ဝင် ဘောပြန်မကြရတာ ကြားနေရတာတော့ ဆေးလောထဲ ရာထူးကြီး ငွေရှိ ဂုဏ်ရှိတွေ အများသားသူတို့ပဲ ငဲ့စရာမိသားစု သူတို့ပဲ နှောင်ကြိုးရှိတဲ့အတိုင်းတစ်ချို့ဆို ရဲရဲတောက် တော်လှန်ခဲ့ကြပြီးမှ သူမဟုတ်ခဲ့သလို ဘောပြေးမချက်ကြီးတွေကပင်ကိုယ် စိတ်ရင်းစိတ်ထား မျက်နှာဖုံးတွေ ကွာကျ ခွါချ မင်သာခဲ့ရတဲ့ တော်လှန်ရေးပါပဲအစကတော့ ပြန်ဝင်တဲ့လောက်တွေကို ကြည့်ပြီးအားငယ်ဝမ်းနည်းမျက်ရည်ကျရ ငိုရတယ် (ကိုယ်ဝန်နဲ့မို့ စိတ်ပျော့နေတာလည်း ဖြစ်နိုင်ပါတယ်)

ဒါပေမယ့် ပြန်တွေးကြည့်တော့ အလုပ်ပြန်ဝင်တဲ့လူတွေက အစကတည်းက ရင်းရဲတဲ့သူတွေမှ မဟုတ်ဘဲကိုယ့်အကျိုးထိမှာ ကြောက်တဲ့အတ္တကြီးတဲ့ သူများယောင်လို့ လိုက်ယောင်ရတဲ့ သူရဲဘောကြောင် auto CDM သမားတွေမို့ မလွမ်းလောက်ပါဘူးအဓိက အောက်ခြေဝန်ထမ်းတွေ အလုပ်မဝင်ပဲ အပေါ်ကနေ လက်ညိုးထိုးခိုင်းနေလို့မရပါဘူးCDM ဟာအာဏာရှင်ယန္တရားပျက်ဖို့ ကျန်းမာရေးကဏ္ဍက သိပ်အရေးမကြီးပါဘူးလို့ ဆိုသူတွေအတွက် သဘောမတူပါဘူးနော်အဘက်ဘက်က ဘာမှ လုပ်မရ failed state ဖြစ်လေ ကောင်းလေမို့CDM ကလည်း CDM ဆက်တောင့်ခံထားဖို့လိုပါတယ်ဒါကြောင့်ကိုယ့်ထက် ပို နေရေးစားရေးခက်မယ့် ဝန်ထမ်းတွေအတွက် CDM ထောက်ပံ့ကြေး မယူခြင်းသော်လည်းကောင်းကိုယ့်ရှိတဲ့အထဲက လှူခြင်း ဝေငှခြင်းဖြင့်လည်းကောင်း

ကိုယ်တိုင် နေရေးစားရေး ခက်ခဲပေမယ့် ပုန်းရှောင်နေဆဲ အသံတတိတ်နေတဲ့ကာလတွေမှာ ပံ့ပိုးမှုတွေ တိတ်တဆိတ် လုပ်ပါတယ်လိုအပ်တဲ့နေရာကို လှူတာမျိုးပါ ( Defense team / ချို့တဲ့လိုအပ်သူ/ CDM အောက်ခြေဝန်ထမ်းစသဖြင့်)ဘာမှ မလုပ်နိုင်တာ မရှိရလေအောင် အခွင့်အရေးရတာနဲ့ လှူပါတယ်( CRPH ကတော့ visa နဲ့မို့ လှူမရခဲ့ပါဘူး)လိပ်ပြာသန့်နေဖို့အတွက်ပါခုချိန်ထိ နေရေးစားရေး ခက်ခဲကြပ်တည်းပေမယ့် တောင့်ခံပြီး အဆုံးထိ တိုက်ပွဲဝင်နေကြတဲ့ CDM ဝန်ထမ်းတွေကို ကျေးဇူးတင်သလို ဆက်ပြီး အားတင်းထားဖို့နဲ့ထောက်ပံ့ရေးအဖွဲ့တွေနဲ့ ရအောင် ဆက်သွယ်အကူအညီယူပါလို့ မှာချင်ပါတယ်လှူနေ လုပ်ပေးနေကြတဲ့အဖွဲ့တွေ အများကြီးပါ

၃ လအတွင်းမှာCRPH ရော NUG အစိုးရရော PDF ရော ဖွဲ့နိုင်ပြီးတဲ့နောက် ရေရှည်တိုက်ပွဲမို့ ဆက်တောင့်ခံဖို့ လိုပါတယ်( ကိုယ်တိုင်ကျ ဘာမှ မလုပ်ဘဲ ဝေဖန် အပြစ်တင်နေတဲ့သူတွေ ဆိတ် ဆင်ခြင်ကြဖို့)ခုချိန်ထိ အသေပစ်သတ် အဖမ်းဆီးများနေတဲ့အထဲက ရရင် ရသလို လမ်းပေါ်တက်ဆန္ဒဖော်ထုတ်နေကြတဲ့ သူရဲကောင်းတွေကို ငဲ့ညှာသောအားဖြင့် ဒလန် သာကူး ဘောမ လောက်ကောင်တွေအနေနဲ့ သောက်စား ပျော်ပါးမွေးနေ့လုပ် အလှပုံတင်သူတို့ပဲ လွတ်လပ်ရေး ကွက်ရနေသလိုမျိုးတွေကို ခုလို social media ကို လူနည်းစု တွေကသာ သုံးနိုင်တော့တဲ့အချိန်မှာ $ ရေးမပါတဲ့ post တွေ င်ခြင်းကို လူကမွေးပြီး ထမင်းစားနေရင်ဖြင့် သိတတ်သင့်တယ်ထင်တာပါပဲ

(မျက်စိနောက်သူမှန်သမျှ အန်ထား ဘော့ထားလိုက်ပါတယ်)အရိပ်သုံးပါး နားလည်ဖို့ ကောင်းပါတယ် မျက်ခွက်ဆိုးကြီးတွေ တင်နေတာလည်း တော်လှန်ရေးအတွက် motivate မဖြစ်စေပါဘူးCDM သမားတွေဟာ ၅၀၅ ထုတ်ပြတော့ ကြောက်ပြီး အလုပ်ပြန်ဝင်ကြတာဟာတကယ်တော့ သူတို့က လူထုကို အကြောက်တရားသွင်းလိုက်တာပါတကယ်ဖမ်းချင်ရင် CDM သမားတွေ အကုန် ဖမ်းမှာပေါ့နာမည်ရှိတဲ့သူတွေ အနုပညာရှင်တွေကို ၅၀၅ ထုတ်ပြီး ဖမ်းပြခြင်းရပ်ကွက်ထဲ အမေးအမြန်းမရှိ လူငယ်တွေ ပြည်သူတွေကိုဖမ်းခေါ်သွား အသေသတ် အလောင်းပြန်ပို့ခြင်းတွေဟာ ဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတာ အကြောက်တရားထည့်ပြတာပါအဓိကက လူတွေကြောက်ပြီး လမ်းပေါ် မထွက်တော့အောင် ဆန္ဒ ဆက်မပြရဲတော့အောင် CDM ဆက်မလုပ်ရဲတော့အောင် ဖြစ်ပါတယ်။

Mobile data WiFi တွေ ပိတ်ခြင်းဟာလည်း သတင်းစီးဆင်းမှု ရပ်တန့်ပြီး လူတွေ အားလျော့ စိတ်ဓာတ်ကျ မတော်လှန်နိုင်အောင်ဖြစ်ပါတယ်ငွေကြေးစီးဆင်းမှု ခက်ခဲတော့ ATM မှာ လူတွေ ပြုံတိုးနေကြတာဟာ ထုတ်ရမှာ ၂/၃ သိန်း တစ်ပတ်စာ မလောက်ပါဘူးတကယ်က အမြတ်ထုတ် စီးပွါးရေးသမားတွေကို Bank မှာ VIP အနေနဲ့ ငွေအမြောက်အမြား ထုတ်လို့ရနေပြီး သာမန်လူတန်းစားအပေါ် % အမြတ်ယူပြီး လဲနေတဲ့ ဝိသမလောဘမားတွေဟာလည်း မအလလို စိတ်ဓာတ်ယုတ်တဲ့သူတွေပါပဲ(ရွံလို့ 8% အလဲ သိန်း ၆၀၀၀ ရှိတယ်ဆိုတဲ့ post တောင် တွေ့ရ)ဘယ်သူ့ကိုမှ CDM ဆက်လုပ်ပါ လမ်းပေါ်ထွက်ပါ မြှောက်မပေးပါဘူး

But တော်လှန်ရေးနိုင်ချင်ရင်တော့ တစ်ခုခုတော့ လုပ်ပေးနေသင့်တယ်ထင်ပါတယ်သွေးမအေးကြဘဲလူတိုင်းဟာ ကိုယ်အဆင်ပြေနေရင် ပြီးရောဆိုပြီး နေစိမ့်ရင် အားလုံးရဲ့ အနာဂတ်ဟာ မှောင်အတိကျနေတဲ့သီးခြားကမ္ဘာ မြောက်ကိုရီးယားလို အခွင့်အရေးဆုံးရှုံးနေရတဲ့ ဘဝထဲ ဆွေစဉ်မျိုးက် ဘယ်နှဆက်နေကြရပါမလဲ
ခုဆို EAOs တွေရဲ့ တိုက်ပွဲတွေကြောင့် အတုန်းအရုန်း ခွေးသေ ဝက်သေ သေနေကြတဲ့ ခသတစတွေသတင်းတွေကြောင့် အားတက် အားတင်းရတယ်မလား
တော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေအားလုံး တိုက်ပွဲတွေမှာ အသက်ပေးခဲ့ရတဲ့ တိုင်းရင်းသားတွေအားလုံး

ထောင်ထဲမှာ အကျဉ်းချခံနေရတဲ့ နိုင်ငံ့ခေါင်းဆာင်တွေ နိုင်ငံရေးသမားတွေ နာမည်ကြီးအနုပညာရှင်တွေ ပြည်သူ လူငယ်လူကြီးမရွေး အားလုံးသူတို့တွေရဲ့ ပေးဆပ်ရင်းနှီးထားရတာတွေကို အပြင်မှာ ရှိနေတဲ့လူတွေက တစ်နည်းနည်းနဲ့ ထောက်ပံ့ တော်လှန်နေသင့်တယ်မလားProfile lock ချခြင်းဟာလည်း ကိုယ့် safety အတွက်ဆိုပေမယ့် သူတို့ဘက်ကတော့ ပိုကြိုက်မှာပါပဲ ဒီကောင်တွေ public နဲ့တောင် အသံမထွက်ရဲတော့ဘူး သူတို့ဖြစ်စေချင်တဲ့အတိင်း သတင်းစီးဆင်းမှုတွေ နှေးကုန်တာလေမတ်မတ်မြ တစ်ကိုယ်တည်းအနေနဲ့ကတော့ ကိုယ် ရဲရဲတောက်ခဲ့သမျှဟာ ဘွာတေးခတ် ဖျက်ပစ် profile lock ချပစ်ရုံနဲ့ မပျက်သွားပါဘူးလက်လွန်ကြက်သွန်အဆင့်ကို အတော်ကျော်နေပြီမို့post မတင်ဖြစ်တာသာရှိပါမယ်

ဘယ်တော့မှ အောက်ကျပြန်ခံမှာ မဟုတ်သလို ဘောမလည်း မလုပ်နိုင်ပါဘူးကိုယ်ဝန်နဲ့မိုသာ ငဲ့နေရပေမယ့် တစ်ကိုယ်တည်းဆို ဘာဖြစ်ဖြစ် ဖမ်းခံရလည်း fuck off ပါပဲFeb လလယ်ကတည်းက မတ်မတ်မြကို အိမ် ၂နေရာလုံး လာရှာဖမ်းကြသလို နယ်ကမိဘတွေဆီမှာပါ ဝရမ်းထုတ်ထားပြီးသားပါ April 2 ရက်နေ့မှသာသတင်းမှားတွေ တင်တဲ့MWD MRTV မှာ ၅၀၅ ထဲ ထုတ်ကြေညာတာ ပါပြီး ထပ်ဖမ်းပြ အုတ်အော်သောင်းနင်းဖြစ်အောင် အကြောက်တရား ထည့်ပြတာပါ

(အဲ့တုန်းက နေရာသိမှာစိုးလို့ ထုတ်မပြောခဲ့တာ)ခုတော့ တော်လှန်ရေး ဘယ်လောက်ကြာကြာ စိတ်ရင်းမှန်နဲ့ တော်လှန်တဲ့သူ အကုန်လုံး တောင့်ခံကြရင်း အချင်းချင်း ထောက်ပံ့ အားပေးဖေးမရင်းရှေ့ဆက်တွန်းလှန်ဖို့ ကိုယ်တိုင်လည်း လုပ်နေသလို ကျန်တဲ့စစ်မှန်တဲ့လူတွေလည်း လုပ်စေချင်ပါတယ် ( စိတ်ဓာတ်ကျ ငိုရပေမယ့်လည်း ပြန်အားတင်းရတာပါပဲ)

တစ်ချို့ ဆရာဝန်/ ဆရာဝန်မလေးတွေ နှောင်ကြိုးဆိုတာတွေ မရှိသလိုတောင် ဖြတ်ပြီး အန္တရာယ်ကြားက လုပ်နိုင်တာတွေ လုပ်နေတဲ့ လူတွေအတွက် အထောက်အပံ့ ဖြစ်ကြရအောင်လားစောနက post မှာ အတစတွေ ဝရမ်းပြေးမက ပေါ်လာပြန်ပလားတွေ လာမန့်လို့ ပြောပါဦးမယ်အာဏာမသိမ်းခင်က ဝရမ်းပြေး မဖြစ်ရဲဘူး ဖြစ်သမျှ ရင်ဆိုင်ဖြေရှင်းရတယ်ခုက မတရားသဖြင့် အာဏာလုတဲ့ ခသတစကောင်စီက ထုတ်တဲ့ဝရမ်းကြောင့် ဝရမ်းပြေး ဖြစ်နေရလည်း ဂုဏ်ယူတယ်ဟေ့ဝရမ်းတွေ ထုတ်ထားပြီး မိအောင်တောင်မဖမ်းနိုင်ပဲ ဝရမ်းပြေးလ်ု့ နှိမ်နေတယ်။

ကိုယ်ဝန်သည် ဝရမ်းပြေး ကျွန်မ Dr. Mya Wut Yee ဂုဏ်ယူစွာ ဝရမ်းပြေးဘဝ ရှောင်ပုန်းရင်း တတ်နိုင်သမျှ တော်လှန်ရေးအတွက် အထောက်အကူ ပြုနေပါကြောင်း ခသတစတွေအတွက် သတင်းကောင်းလေး ပါးလိုက်ပါတယ်အရေးတော်ပုံ အောင်ရမည် (သားရေကြိုးတင်းအောင်ကိုင် ခသတစ မအလ)Ps ငါတို့နိုင်တဲ့အခါ မအလနဲ့ လောက်အပေါင်းအပါတို့အတွက် နေရာ မရှိစေရ( ကိုယ် နေရစားရ အဆင်ပြေနေတဲ့အခါ သေသွားတဲ့ လူတွေ ထောင်ထဲ အနေအစား ဆင်းရဲနေမယ့်လူတွေအတွက်တကယ်ကို ကိုယ်ချင်းစာ တွေးမိ စိတ်မကောင်းဖြစ်မိ မျက်ရည်ကျမိပါတယ် မအလသေမှ အေးမှာမို့ အမြန်သေပါစေ ကျရှုံးပါစေ ဆုတောင်းရပါတယ် )

Crd