အခုလိုပူျပင္းတဲ့ကာလမွာ အသက္မဆံုးရံႈးရဖို႕ လူတိုင္းဖတ္ၾကည့္ေပးပါ…။

ေခါင္းေနာက္ေစ့မွ ေခါင္းကိုက္လွ်င္ သတိထား

ေနပူထဲမွ ျပန္လာသူတစ္ဦးသည္ ေျခေထာက္ေရေဆးလိုက္ၿပီးေနာက္ သူ၏ ဦးေခါင္းေနာက္ေစ့မွ ေခါင္းကိုက္လာသည္။

ထို႔ေနာက္ ခႏၶာကိုယ္တစ္ျခမ္းေလးလာၿပီး ေလျဖတ္သကဲ့သို႔ျဖစ္သျဖင့္ ေဆးရုံတက္ရသည္

ဦးေႏွာက္နဲ႔ အာရုံေၾကာတြင္ ျပသၿပီး ဦးေခါင္း ဓာတ္မွန္CT HEAD ရိုက္ေသာအခါ ဦးေႏွာက္အတြင္းရွိေသြးေၾကာငယ္တစ္ခုစိမ့္ေပါက္ၿပီး ေသြးယိုေနေၾကာင္းေတြ႕ရသည္။

နဂိုမူလေသြးတိုးေရာဂါအခံရွိသူမ်ားသည္ အပူလြန္ကဲသည့္ ရာသီဥတုတြင္ ေခါင္းေလ်ာ္ျခင္းနဲ႔ေျခေထာက္ေရေဆးျခင္းကို အထူးသတိျပဳၿပီးလုပ္ေဆာင္ရန္လိုသည္။

အပူအေအးဆန္႔က်င့္ဘက္ အျပဳအမူေၾကာင့္ ရုတ္တရတ္ ေသြးဖိအားေသြးေပါင္တက္ၿပီး ေသြးတိုးရာမွ အခန္႔မသင့္လၽွင္ ေလျဖတ္ျခင္း ဦးေႏွာက္ေသြးေၾကာျပတ္ျခင္းမ်ားျဖစ္ႏိုင္သည္ကို သတိျပဳသင့္သည္။

ေနပူထဲမွလာၿပီး မဝင္မျဖစ္ အေအးခန္းဝင္မည့္သူမ်ား – စူပါမတ္ကက္ႀကီးမ်ားတြင္ ေစ်းဝယ္သည့္သူမ်ားအတြက္ အၾကံျပဳလုိသည္မွာ …

မဝင္မီ ေရသန္႔ဘူး ေဆာင္သြားၿပီး ေရေအးတစ္ခြက္ေသာက္ၿပီးမွ ဝင္လွ်င္အေကာင္းဆုံးျဖစ္သည္။

ေသာက္လိုက္ေသာေရသည္ အလြန္အမင္းေအးေသာေရခဲေရလည္း မျဖစ္ေစရ သဘာဝေရေအးသာျဖစ္ရမည္။

အစာအိမ္မွတဆင့္ေရေအးသည္ ေသြးလွည့္အဖြဲ႕တြင္းသို႔ ေရာက္ရွိၿပီးသြားေသာအခါေတြ႕ထိရမည့္အေအးဓာတ္အတြက္ လႈံ႕ေဆာ္ေပးထားရာေရာက္သည္။

အစာအိမ္မွကိုယ္တြင္းသို႔ ေရေအးဝင္သြားသည္ႏွင့္ ျပင္ပမွထိေတြ႕ေသာအေအးတို႔သည္ ရုတ္တရတ္ေသြးတိုးေဆာင့္တက္ျခင္းကို ေကာင္းစြာကာကြယ္ႏိုင္ေပသည္။

အေအးခန္းထဲမွ ေနပူထဲသို႔ထြက္သြားသူမ်ားလည္း ထို႔အတူပင္ျဖစ္သည္

အပူအေအးမမၽွတေသာ ေျပာင္းလဲမူေၾကာင့္ ေခါင္းေနာက္ေစ့မွ ေခါင္းကိုက္လာလွ်င္သတိထားသင့္သည္။

အရိပ္ရေသာေနရာသို႔ သြား၍နားေနရမည္ – ခ်က္ျခင္းေရေအး မတ္ခြက္တစ္ခြက္စာမွ်ေသာက္ေပးရမည္ – ေရမေသာက္ပဲ မ်က္ႏွာ ေရဆြတ္ျခင္း ဦးေခါင္းေရဆြတ္ျခင္း

မ်က္ႏွာသစ္ျခင္း ေျခေဆးျခင္းမ်ားမျပဳလုပ္သင့္ေပ။

ကားအတြင္း အဲယားကြန္းဖြင့္ၿပီး သြား လာေနသူမ်ားလည္း အေၾကာင္း ေၾကာင္းေၾကာင့္ကားရပ္ၿပီးေနပူထဲဆင္းရမည္ဆိုပါက ကားအတြင္းတြင္ ေရသန္႔ဘူးေဆာင္ထားၿပီး ေရအနည္းငယ္ေသာက္ၿပီးမွဆင္းလွ်င္အေကာင္းဆုံးျဖစ္သည္။

သက္ႀကီးရြယ္အိုမ်ားမွာ ေနပူျပင္းခ်ိန္တြင္ အဲယားကြန္းကားနဲ႔သြားလာျခင္းကို လုံးဝ မျပဳလုပ္သင့္ေပ – ဦးေႏွာက္ေသြးေၾကာမ်ား၏ ခံႏိုင္ရည္မွာလူငယ္ႏွင့္လူႀကီးတြင္မတူညီသျဖင့္ ခရီးမသြားဘဲ အရိပ္အာဝါသအတြင္း ေနထိုင္ျခင္းကအေကာင္းဆုံးျဖစ္သည္။

မ်ွေဝ မခင္နီဝင္း

#ဆရာၾကည္လြင္ျမင့္( မုျဒာ )

unicode

ခေါင်းနောက်စေ့မှ ခေါင်းကိုက်လျှင် သတိထား

နေပူထဲမှ ပြန်လာသူတစ်ဦးသည် ခြေထောက်ရေဆေးလိုက်ပြီးနောက် သူ၏ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်လာသည်။

ထို့နောက် ခန္ဓာကိုယ်တစ်ခြမ်းလေးလာပြီး လေဖြတ်သကဲ့သို့ဖြစ်သဖြင့် ဆေးရုံတက်ရသည်

ဦးနှောက်နဲ့ အာရုံကြောတွင် ပြသပြီး ဦးခေါင်း ဓာတ်မှန်CT HEAD ရိုက်သောအခါ ဦးနှောက်အတွင်းရှိသွေးကြောငယ်တစ်ခုစိမ့်ပေါက်ပြီး သွေးယိုနေကြောင်းတွေ့ရသည်။

နဂိုမူလသွေးတိုးရောဂါအခံရှိသူများသည် အပူလွန်ကဲသည့် ရာသီဥတုတွင် ခေါင်းလျော်ခြင်းနဲ့ခြေထောက်ရေဆေးခြင်းကို အထူးသတိပြုပြီးလုပ်ဆောင်ရန်လိုသည်။

အပူအအေးဆန့်ကျင့်ဘက် အပြုအမူကြောင့် ရုတ်တရတ် သွေးဖိအားသွေးပေါင်တက်ပြီး သွေးတိုးရာမှ အခန့်မသင့်လျှင် လေဖြတ်ခြင်း ဦးနှောက်သွေးကြောပြတ်ခြင်းများဖြစ်နိုင်သည်ကို သတိပြုသင့်သည်။

နေပူထဲမှလာပြီး မဝင်မဖြစ် အအေးခန်းဝင်မည့်သူများ – စူပါမတ်ကက်ကြီးများတွင် စျေးဝယ်သည့်သူများအတွက် အကြံပြုလိုသည်မှာ …

မဝင်မီ ရေသန့်ဘူး ဆောင်သွားပြီး ရေအေးတစ်ခွက်သောက်ပြီးမှ ဝင်လျှင်အကောင်းဆုံးဖြစ်သည်။

သောက်လိုက်သောရေသည် အလွန်အမင်းအေးသောရေခဲရေလည်း မဖြစ်စေရ သဘာဝရေအေးသာဖြစ်ရမည်။

အစာအိမ်မှတဆင့်ရေအေးသည် သွေးလှည့်အဖွဲ့တွင်းသို့ ရောက်ရှိပြီးသွားသောအခါတွေ့ထိရမည့်အအေးဓာတ်အတွက် လှုံ့ဆော်ပေးထားရာရောက်သည်။

အစာအိမ်မှကိုယ်တွင်းသို့ ရေအေးဝင်သွားသည်နှင့် ပြင်ပမှထိတွေ့သောအအေးတို့သည် ရုတ်တရတ်သွေးတိုးဆောင့်တက်ခြင်းကို ကောင်းစွာကာကွယ်နိုင်ပေသည်။

အအေးခန်းထဲမှ နေပူထဲသို့ထွက်သွားသူများလည်း ထို့အတူပင်ဖြစ်သည်

အပူအအေးမမျှတသော ပြောင်းလဲမူကြောင့် ခေါင်းနောက်စေ့မှ ခေါင်းကိုက်လာလျှင်သတိထားသင့်သည်။

အရိပ်ရသောနေရာသို့ သွား၍နားနေရမည် – ချက်ခြင်းရေအေး မတ်ခွက်တစ်ခွက်စာမျှသောက်ပေးရမည် – ရေမသောက်ပဲ မျက်နှာ ရေဆွတ်ခြင်း ဦးခေါင်းရေဆွတ်ခြင်း

မျက်နှာသစ်ခြင်း ခြေဆေးခြင်းများမပြုလုပ်သင့်ပေ။

ကားအတွင်း အဲယားကွန်းဖွင့်ပြီး သွား လာနေသူများလည်း အကြောင်း ကြောင်းကြောင့်ကားရပ်ပြီးနေပူထဲဆင်းရမည်ဆိုပါက ကားအတွင်းတွင် ရေသန့်ဘူးဆောင်ထားပြီး ရေအနည်းငယ်သောက်ပြီးမှဆင်းလျှင်အကောင်းဆုံးဖြစ်သည်။

သက်ကြီးရွယ်အိုများမှာ နေပူပြင်းချိန်တွင် အဲယားကွန်းကားနဲ့သွားလာခြင်းကို လုံးဝ မပြုလုပ်သင့်ပေ – ဦးနှောက်သွေးကြောများ၏ ခံနိုင်ရည်မှာလူငယ်နှင့်လူကြီးတွင်မတူညီသဖြင့် ခရီးမသွားဘဲ အရိပ်အာဝါသအတွင်း နေထိုင်ခြင်းကအကောင်းဆုံးဖြစ်သည်။

မျှဝေ မခင်နီဝင်း

#ဆရာကြည်လွင်မြင့်( မုဒြာ )