ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်တွေ ပျောက်ကင်းစေမယ့်နည်းလမ်း

ကိုယ်တွေလို ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်တွေအတွက်ကော တကယ်ကိုယ်တွေ့ လုပ်ကြည့်ပီးပျောက်ကင်းသွားလို့ နည်းလမ်းလေးမျှဝေချင်ပါတယ်ရှင့်

ကွျှန်မတို့ လို နယ်မှာနေတဲ့သူတွေ အတွက် အရေပြားနဲ့ ပတ်သက်ရင် ပြစရာဆေးခန်း ဆိုတာ မရှိပါဘူး အာ့တော့ ဘယ်သူတွေ ဘာလိမ်းကြလည်း

ဝက်ခြံ ပေါက်ရင် ဘာလုပ်ကြလည်း စသဖြင့် စမ်းတဝါးဝါး မေးမြန်းပီး ဟိုဟာပျောက်နိုးနိုး ဒီဟာကောင်းနိုးနိုး လိမ်းကြတာပေါ့ရှင့် ..

အာ့လိုနဲ့ ဝက်ခြံပိုးများ လာတာလည်း ရှိသလို ပျောက်သွားတာလည်း ရှိကြပါတယ် အာ့ထဲမှာ ကွျှန်မလက်တွေ့ ပျောက်ကင်းသွားတဲ့ နည်းလေး မျှဝေပေးမယ်နော်

ပထမဦးဆုံး ဝက်ခြံ စထွက်ပီဆိုတာနဲ့အဖြေစရှာပါပီ

ကိုယ်သုံးနေတဲ့ Skin Care ကြောင့်လား

ရာသီဥတုအရမ်းပူတော့ ရာသီစာတွေ အပူစာတွေကြောင့် ဝမ်းပူ ဝမ်းအပုတ် များကြောင့်လား ပေါ့ စသဖြင့်ပေါ့ စဉ်းစားရပီ

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ ဝက်ခြံ စထွက်လာပီ ဆိုတာနဲ့ ( ၁ ဖု ၂ ဖုတော့ မဟုတ်ဘူးပေါ့ နော့)

စတင်ပီး လက်ရှိ အသုံးပြု နေတဲ့ Skin Care တွေ အားလုံး ဆက်မသုံးပဲ ရပ်ပလိုက်ပါတယ် ( မျက်နှာ သစ်တော့ သုံးတယ်)

မနက်လင်းတာနဲ့ ပျားရည် ၁ ဇွန်း ကို ရေ ၁ လီတာ နဲ့ သောက်ပီး လမ်းလျှောက်ပေးတယ်

၁၀ မိနစ်လောက်နေရင် စပါယ်ရှယ်ကို ဝမ်းသွားပါပီအပူအပုတ်တွေ စင်အောင်သွားပါတယ်

ပီးရင် မျက်နှာသစ်ပီး ဘာမှ မလိမ်းပါဘူး အဖုလေးတွေပေါ် Clindamycin လေး ခဏခဏ တို့တို့ပေးပါတယ်

ညရောက်ရင်တော့ သဘာဝနည်းလမ်းနဲ့ နေ့တိုင်ပေါင်းတင်ပါတယ် ပေါင်းတင်ထဲမှာ ဘာတွေ ပါလည်းဆိုတော့

အာလူးကြိတ်ထားတဲ့ အရည် နည်းနည်း

မုန့်လာဥနီ ကြိတ်ထားတဲ့ အရည် နည်းနည်း

ခရမ်းချဉ်သီး အရည် နည်းနည်း

ရှားစောင်းလပတ် ဂျယ် နည်းနည်း( သဘာဝ အပင်ကနေယူတာပါ)

ပျားရည် ၁ဇွန်း

Vitamin E ဆေး ၁ တောင့် ညစ်ထည့်

ဆန်မှုန့် -၂ ဇွန်း

နနွန်းမှုန့် နည်းနည်း( အရမ်းများရင် ဝါထိန်နေပါလိမ့်မယ် )

စန္ဒာကူးမှုန့် ( အသားရေ ဖြူဝင်းစေပါတယ် ဘယဆေးဆိုင်တွေမှာ ဝယ်လို့ပါတယ်)

ရောသမ ပီး လိမ်း ၄၅ မိနစ်ထားပီး ရေဆေးချရုံပါပဲ အာ့လို သဘာဝနည်းနဲ့ နေ့တိုင်း ပေါင်းတင် ဖြစ်ပါတယ်

မှတ်ချက်အနေနဲ့ တရက်ကို ရေ ၃လီတာတော့ ပုံမှန် သောက်သုံးပေးပါတယ် ရှင့်

အားလုံးပဲ ဝက်ခြံကင်းစင်ပြီး လှနိုင်ကြပါစေရှင့်

Unicode

ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်တွေ ပျောက်ကင်းစေမယ့်နည်းလမ်း

ကိုယ်တွေလို ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်တွေအတွက်ကော တကယ်ကိုယ်တွေ့ လုပ်ကြည့်ပီးပျောက်ကင်းသွားလို့ နည်းလမ်းလေးမျှဝေချင်ပါတယ်ရှင့်


ဝက်ခြံ ပေါက်ရင် ဘာလုပ်ကြလည်း စသဖြင့် စမ်းတဝါးဝါး မေးမြန်းပီး ဟိုဟာပျောက်နိုးနိုး ဒီဟာကောင်းနိုးနိုး လိမ်းကြတာပေါ့ရှင့် ..
