ပိုက္ဆံ မကုန္ေစပဲ အသားအရည္ ထိန္းသိမ္းနည္း

ပိုက္ဆံအကုန္အက်ေတြမ်ားေနတဲ့ ေခတ္ႀကီးမွာ ပိုက္ဆံလံုးဝမကုန္ပဲ ေန႔စဥ္ျပဳလုပ္သြားရံုနဲ႔ အသားအရည္တင္းရင္းလာၿပီး ေခ်ာေမြ႔လာေစမယ့္ အေရးအေၾကာင္းထိန္းသိမ္းနည္းေလးေတြလည္းရွိပါတယ္။သတိျပဳရမွာတစ္ခုက မ်က္ႏွာမွာ ဆီေလးတစ္ခုခု သုိ႔မဟုတ္ cream ေလးတစ္ခုခုသံုးၿပီး ျပဳလုပ္ေပးမွ ပြတ္ရဆြဲရတာ ပိုၿပီးအဆင္ေျပႏိုင္ပါတယ္။

ႏွာဖူးေပၚက အေရးအေၾကာင္း ပေပ်ာက္နည္း
လက္မကို အျပင္ကိုထုပ္ၿပီး လက္သီးကို ဆုပ္လုိက္ပါ။ လက္ခလယ္ကို က်န္တဲ့လက္ေခ်ာင္းမ်ားထက္ နည္းနည္းေလး ျမွင့္ထားေပးပါ။ လက္သီးဆုပ္ ပံုစံမွာ လက္မကို အျပင္ထုတ္ၿပီး ဆုပ္ထားတဲ့ လက္သီးမွာ လက္ခလယ္ေလးက အနည္းငယ္အေပၚၾကြေနပါလိမ့္မည္။ ထိုလက္သီးေလးျဖင့္ ႏွာဖူးကို မ်က္ခံုးေပၚကေန အပေၚဘက္သို႔ တြန္းသည့္ ပံုစံအတိုင္း ၁၅ စကၠန္႔ျပဳလုပ္ေပးပါ။

ႏွာတံေဖာ္နည္း
လက္သီးကိုဆုပ္ထားတဲ့ပံုစံအတုိင္း လက္ခလယ္ကို အေပၚသို႔ပိုၿပီးၾကြတက္ေနေအာင္ ထုတ္လိုက္ပါ။နွာေခါင္းထိပ္ေနာက္ပိုင္းကေန ႏွာတံအတိုင္း မ်က္ဆံုးေမြးအဆံုးထိ ပြတ္ဆြဲသြားလိုက္ပါ။ ဒါမ်ိဳးကို တစ္ေန႔ကို ၁၅ စကၠန္႔ေလာက္ ေန႔တိုင္းျပဳလုပ္ေပးပါ။

ပါးမို႔လွလွေလးျဖစ္ဖို႔အတြက္
လက္သီးဆုပ္ေလးကို လက္ခလယ္အျပင္ကို နည္းနည္းၾကြေနတဲ့ပံုစံအတုိင္း ဆုပ္လိုက္ပါ။ ၿပီးလွ်င္လက္သီးဆုပ္ ၂ ဖက္လံုးကို ေမးရိုးကေန ပါးမို႔ေအာက္နားေလးအထိ တြန္းတင္ေပးပါ။ ထိုအတိုင္း ၁၅ စကၠန္႔ေလာက္ထားေပးပါ။

ေမးရိုးလွလွေလးျဖစ္ေစဖို႔အတြက္
လက္ညိဳးနဲ႔ လက္ခလယ္ကို ငယ္ငယ္က ျပဳလုပ္ေနၾက ကတ္ေၾကးပံုစံအတိုင္းျပဳလုပ္လိုက္ပါ။လက္ညိဳးကို ႏႈတ္ခမ္းစြန္းမွာထားၿပီး လက္ခလယ္ကို ေမးေစ့ေအာက္မွာထားပါ။ ၿပီးလွ်င္ ေမးရိုးတစ္ေလ်ာက္ လက္ႏွစ္ဖက္လံုးနဲ႔ ေမးေစ့ေအာက္နားကေန ေမးရိုးေထာင့္အထိဆြဲပါ။ ထိုအတိုင္း ၁၅ စကၠန္႔ျပည့္သည္အထိ ခဏခဏျပဳလုပ္ေပးပါ။

ႏႈတ္ခမ္းတစ္ဝိုက္က အေရးအေၾကာင္းအတြက္
လက္ခလယ္ႏွင့္ လက္သၾကြယ္ကို အသံုးျပဳၿပီး ႏႈတ္ခမ္းေဘးတစ္ဝိုက္ကို ေအာက္မွ အေပၚသို႔တြန္းတင္ပါ။၁၅ စကၠန္႔ေလာက္အထိ ခဏခဏ တြန္းတင္ေပးပါ။

ဒါေလးေတြက ပိုက္ဆံတစ္ျပားမွ ကုန္စရာမလိုပဲ အေရးအေၾကာင္းကင္းစင္ႏိုင္တဲ့ နည္းလမ္းေလးေတြလည္း ျဖစ္ပါတယ္။ ပ်ိဳေမေတြအားလံုးလည္း သဘာဝနည္းအတိုင္းလွပႏိုင္ပါၿပီ။

Unicode

ပိုက်ဆံအကုန်အကျတွေများနေတဲ့ ခေတ်ကြီးမှာ ပိုက်ဆံလုံးဝမကုန်ပဲ နေ့စဉ်ပြုလုပ်သွားရုံနဲ့ အသားအရည်တင်းရင်းလာပြီး ချောမွေ့လာစေမယ့် အရေးအကြောင်းထိန်းသိမ်းနည်းလေးတွေလည်းရှိပါတယ်။သတိပြုရမှာတစ်ခုက မျက်နှာမှာ ဆီလေးတစ်ခုခု သို့မဟုတ် cream လေးတစ်ခုခုသုံးပြီး ပြုလုပ်ပေးမှ ပွတ်ရဆွဲရတာ ပိုပြီးအဆင်ပြေနိုင်ပါတယ်။

နှာဖူးပေါ်က အရေးအကြောင်း ပပျောက်နည်း
လက်မကို အပြင်ကိုထုပ်ပြီး လက်သီးကို ဆုပ်လိုက်ပါ။ လက်ခလယ်ကို ကျန်တဲ့လက်ချောင်းများထက် နည်းနည်းလေး မြှင့်ထားပေးပါ။ လက်သီးဆုပ် ပုံစံမှာ လက်မကို အပြင်ထုတ်ပြီး ဆုပ်ထားတဲ့ လက်သီးမှာ လက်ခလယ်လေးက အနည်းငယ်အပေါ်ကြွနေပါလိမ့်မည်။ ထိုလက်သီးလေးဖြင့် နှာဖူးကို မျက်ခုံးပေါ်ကနေ အပေါ်ဘက်သို့ တွန်းသည့် ပုံစံအတိုင်း ၁၅ စက္ကန့်ပြုလုပ်ပေးပါ။

နှာတံဖော်နည်း
လက်သီးကိုဆုပ်ထားတဲ့ပုံစံအတိုင်း လက်ခလယ်ကို အပေါ်သို့ပိုပြီးကြွတက်နေအောင် ထုတ်လိုက်ပါ။နှာခေါင်းထိပ်နောက်ပိုင်းကနေ နှာတံအတိုင်း မျက်ဆုံးမွေးအဆုံးထိ ပွတ်ဆွဲသွားလိုက်ပါ။ ဒါမျိုးကို တစ်နေ့ကို ၁၅ စက္ကန့်လောက် နေ့တိုင်းပြုလုပ်ပေးပါ။

ပါးမို့လှလှလေးဖြစ်ဖို့အတွက်
လက်သီးဆုပ်လေးကို လက်ခလယ်အပြင်ကို နည်းနည်းကြွနေတဲ့ပုံစံအတိုင်း ဆုပ်လိုက်ပါ။ ပြီးလျှင်လက်သီးဆုပ် ၂ ဖက်လုံးကို မေးရိုးကနေ ပါးမို့အောက်နားလေးအထိ တွန်းတင်ပေးပါ။ ထိုအတိုင်း ၁၅ စက္ကန့်လောက်ထားပေးပါ။

မေးရိုးလှလှလေးဖြစ်စေဖို့အတွက်
လက်ညိုးနဲ့ လက်ခလယ်ကို ငယ်ငယ်က ပြုလုပ်နေကြ ကတ်ကြေးပုံစံအတိုင်းပြုလုပ်လိုက်ပါ။လက်ညိုးကို နှုတ်ခမ်းစွန်းမှာထားပြီး လက်ခလယ်ကို မေးစေ့အောက်မှာထားပါ။ ပြီးလျှင် မေးရိုးတစ်လျောက် လက်နှစ်ဖက်လုံးနဲ့ မေးစေ့အောက်နားကနေ မေးရိုးထောင့်အထိဆွဲပါ။ ထိုအတိုင်း ၁၅ စက္ကန့်ပြည့်သည်အထိ ခဏခဏပြုလုပ်ပေးပါ။

နှုတ်ခမ်းတစ်ဝိုက်က အရေးအကြောင်းအတွက်
လက်ခလယ်နှင့် လက်သကြွယ်ကို အသုံးပြုပြီး နှုတ်ခမ်းဘေးတစ်ဝိုက်ကို အောက်မှ အပေါ်သို့တွန်းတင်ပါ။၁၅ စက္ကန့်လောက်အထိ ခဏခဏ တွန်းတင်ပေးပါ။

ဒါလေးတွေက ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုပဲ အရေးအကြောင်းကင်းစင်နိုင်တဲ့ နည်းလမ်းလေးတွေလည်း ဖြစ်ပါတယ်။ ပျိုမေတွေအားလုံးလည်း သဘာဝနည်းအတိုင်းလှပနိုင်ပါပြီ။

Credit