သဃၤန္းကၽြန္းရွိ မဂၤလာေဆာင္တစ္ခုတြင္ ဗုံးေပါက္

သဃၤန္းကၽြန္းရွိ မဂၤလာေဆာင္တစ္ခုတြင္ ဗုံးေပါက္

ရန္ကုန္တိုင္း၊ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ေဇယ်သုခလမ္းတြင္

ယေန႔ေန႔လယ္က ျပဳလုပ္ေသာ မဂၤလာေဆာင္တစ္ခုတြင္ လက္ဖြဲ႕ထုပ္တခုမွ ဗုံးေပါက္ကြဲၿပီး သတို႔သမီးေသဆုံးသြားသည္ဟု သတင္းရရွိသည္။

“အသံအရမ္းက်ယ္တယ္။ ​ေပါက္ကြဲသံက။

ထိသြားတဲ့လူ​ေတြကို ​ေဆး႐ုံပို႔​ေနတယ္။

ရပ္ကြက္ထဲမွာ ​ေျပာ​ေနၾကတာ ဒလန္နဲ႔ ပတ္သက္တယ္​ေျပာၾကတယ္။

သြားၾကည့္မလို႔ ဟို​ေကာင္​(စစ္​ေကာင္စီ)ေတြ​ေရာက္လာတာျမင္လို႔ သြားမ​ေမး​ေတာ့ဘူး။

သတို႔သမီး ဗိုက္ပြင့္တယ္ ​ေျပာတယ္။ က်န္သူ​ေတြလည္း ဒဏ္ရာရၾကတယ္​ေျပာတယ္”

ဟု ​ေဇယ်သုခလမ္း​ေနသူက လူမႈကြန္ရက္ မက္ဆင္ဂ်ာမွတစ္ဆင့္ ​ေခတ္သစ္သတင္းဌာနသို႔​ေျပာသည္။

သုံးလႊာရွိ ေနအိမ္ခန္းတြင္ လက္ဖြဲ႕မ်ားဖြင့္ေဖာက္စဥ္ ဗုံးေပါက္ကြဲကာ

သတို႔သမီး ေသဆုံးသည္ဟု သတင္းမ်ား ထြက္ေပၚေနၿပီး ရန္ကုန္ေခတ္သစ္မွ သီးျခားအတည္ျပဳနိုင္ျခင္း မရွိေသးေပ။

Photo credit

unicode

သင်္ဃန်းကျွန်းရှိ မင်္ဂလာဆောင်တစ်ခုတွင် ဗုံးပေါက်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇေယျသုခလမ်းတွင်

ယနေ့နေ့လယ်က ပြုလုပ်သော မင်္ဂလာဆောင်တစ်ခုတွင် လက်ဖွဲ့ထုပ်တခုမှ ဗုံးပေါက်ကွဲပြီး သတို့သမီးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

“အသံအရမ်းကျယ်တယ်။ ​ပေါက်ကွဲသံက။

ထိသွားတဲ့လူ​တွေကို ​ဆေးရုံပို့​နေတယ်။

ရပ်ကွက်ထဲမှာ ​ပြော​နေကြတာ ဒလန်နဲ့ ပတ်သက်တယ်​ပြောကြတယ်။

သွားကြည့်မလို့ ဟို​ကောင်​(စစ်​ကောင်စီ)တွေ​ရောက်လာတာမြင်လို့ သွားမ​မေး​တော့ဘူး။

သတို့သမီး ဗိုက်ပွင့်တယ် ​ပြောတယ်။ ကျန်သူ​တွေလည်း ဒဏ်ရာရကြတယ်​ပြောတယ်”

ဟု ​ဇေယျသုခလမ်း​နေသူက လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့် ​ခေတ်သစ်သတင်းဌာနသို့​ပြောသည်။

သုံးလွှာရှိ နေအိမ်ခန်းတွင် လက်ဖွဲ့များဖွင့်ဖောက်စဉ် ဗုံးပေါက်ကွဲကာ

သတို့သမီး သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရန်ကုန်ခေတ်သစ်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Photo credit