၁၇ရက်အကြာ ဇွန်၂၆ရက်နေ့မှာတော့ တောင်ကိုရီးယားဒီမိုကရေစီအရေးလှုပ်ရှားသူတွေဦးဆောင်ပီး ကြီးမြတ်သော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းစွာဆန္ဒပြချီတက်ပွဲကြီးကို လုပ်ဆောင်ခဲ့ပါတယ်၊ မြို့ပေါင်း ၃၄ မြို့က အစိုးရဝန်ထမ်းနဲ့ပြည်သူပေါင်း ၁သန်းကျော်ပါင်ချီတက်ခဲ့ကြပါတယ်။
Crd
unicode
လက်ရှိမြန်မာ့အရေးနှင့်ဆင်တူသည့် အောင်မြင်ခဲ့သောတောင်ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံ
ရက် ၂၀ အတွင်း လိုချင်သည့်အပြောင်းအလဲဖော်ဆောင်မှုကို လုပ်နိုင်ခဲ့သည့် တောင်ကိုရီးယား ဒီမိုကရေစီလှုပ်ရှားမှု – ဇွန်ဒီမိုကရေစီလှုပ်ရှားမှု
ကျနော်တို့မြန်မာနိုင်ငံမှာအခုဖြစ်နေတဲ့ အာဏာရှင်ဖယ်ရှားပေးရေးနဲ့ ဒီမိုကရေစီခေါင်းဆောင်တွေပြန်လွှတ်ပေးရေး လှုပ်ရှားမှုတွေနဲ့ ဆင်တူတဲ့ဖြစ်ရပ်တစ်ခု လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅နှစ်ကျော်က တောင်ကိုရီးယားနိုင်ငံမှာဖြစ်ပေါ်ခဲ့ပါတယ်။
အဲ့ဒီလှုပ်ရှားမှုရဲ့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ပါဝင်မှုက ရက်၂ဝပဲကြာခဲ့ပီး အောင်မြင်ခဲ့တဲ့အတွက် အဲ့ဒီတုန်းကအုပ်ချုပ်နေတဲ့ တောင်ကိုရီးယားအာဏာသိမ်းစစ်အစိုးရဟာ ဖမ်းဆီးထားတဲ့နိုင်ငံရေးသမားတွေကိုပြန်လွှတ်ပေးခဲ့ရပီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းချက်ချင်းပြင်ဆင်ပေးခဲ့ရပါတယ်။
ဇွန်ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အဓိကနောက်ခံအကြောင်းကတော့ တောင်ကိုရီးယားအာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ ချွန်ဒူးဟွမ်ဟာ ပြည်သူတိုက်ရိုက်တင်မြှောက်တဲ့သမ္မတရွေးကောက်ပွဲကို လုပ်ပေးရမဲ့အစား သူနေရာဆက်ခံမဲ့သူအဖြစ် သူ့အောက် ဒုတိယအကြီဆုံး စစ်ခေါင်းဆောင်ဖြစ်တဲ့ ရိုထေးဝူးကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာခဲ့ခြင်းကစပါတယ်။
ဒီလိုကတိဖျက်ပီး ဒီမိုကရေစီနည်းမကျတဲ့ အာဏာလွှဲပြောင်းမှုကို တောင်ကိုရီးယားတက္ကသိုလ်ကျောင်းသားတွေနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလူငယ်တွေက ဆန့်ကျင်ခဲ့ကြပီး ဆန္ဒပြပွဲတွေကိုစတင်ခဲ့ပါတော့တယ်။
၁၉၈ရခုနှစ် ဇွန်လ ၁ဝရက်နေ့ကစတင်ခဲ့တဲ့ ဆန္ဒပြမှုကြီးမှာ အဲ့ရက် မှာတင် မြို့တော်ဆိုးလ်အပါအဝင် မြို့ကြီးပေါင်း ၂၂ မြို့က လူပေါင်း ၂သိန်း၄သောင်းကျော်ပါဝင်ခဲ့ပီး ၉ရက်အကြာ ဇွန် ၁၈ရက်နေ့မှာတော့ မြို့ကြီး ၁၆မြို့က လူပေါင်း ၁သန်း၅သိန်းကျော်ဟာ မြို့တွရဲ့အဓိကလမ်းမတွေပေါ်ကို ထွက်လာကြပါတော့တယ်။ အရင်တုန်းက တင်းပြည့်ကျပ်ပြည့်ပါဝင်မှုမရှိသေးတဲ့ အစိုးရဝန်ထမ်းတွေဟာလည်း စတင်ပူးပေါင်းလာကြပီး Civil Disobedience လို့ခေါ်တဲ့ အစိုးရလုပ်ငန်းတာဝန်တွေကိုဆက် မလုပ်ကတော့တဲ့လှုပ်ရှားမူကြီး ပိုအားကောင်းစွာလုပ်ဆောင်လာခဲ့ပါတော့တယ်။
၁ရရက်အကြာ ဇွန်၂၆ရက်နေ့မှာတော့ တောင်ကိုရီးယားဒီမိုကရေစီအရေးလှုပ်ရှားသူတွေဦးဆောင်ပီး ကြီးမြတ်သော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းစွာဆန္ဒပြချီတက်ပွဲကြီးကို လုပ်ဆောင်ခဲ့ပါတယ်၊ မြို့ပေါင်း ၃၄ မြို့က အစိုးရဝန်ထမ်းနဲ့ပြည်သူပေါင်း ၁သန်းကျော်ပါင်ချီတက်ခဲ့ကြပါတယ်။
တောင်ကိုရီးယားတနိုင်ငံလုံး ငြိမ်းချမ်းစွာဆန္ဒပြချီတက် မှုတွေနဲ့ အစိုးရဝန်ထမ်းတွေရဲ့အားကောင်းလွန်းလှတဲ့ Civil Disobedience Movement တွေကြောင့် အာဏာရှင် ချွန်ဒူးဝမ်ဟာ နိုင်ငံရေးမှာ ကန့်လန်ကာနောက်ကွယ်ကိုဆုတ်သွားခဲ့ပီးသူနေ့ရာဆက်ခဲ့မဲ့ ရိုထေးဝူးက ဇွန် ၂၉ရက်နေ့မှာ ဆန္ဒပြပြည်သူတွေရဲ့လိုလားချက်တွေကိုလိုက်လျောတဲ့အချက်တွေပါဝင်တဲ့ အထူးကြေညာချက်ကို ထုတ်ပြန်ခဲ့ရပါတော့တယ်။
ကြေညာချက် မှာ ဆန္ဒပြပြည်သူတွေတောင်းဆိုတဲ့ အချက်တွေအကုန်လုံးပါဝင်ခဲ့ပီး အတိုက်အခံခေါင်းဆောင်တွေလည်းလွှတ်လာကာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါပြင်ခွင့်ရသွားပါတော့တယ်။ ယခင် အာဏာရှင်ကဆက်ခံသူကိုရွေးချယ်တဲ့ နိုင်ငံခေါင်းဆောင်ရွးချယ်တဲ့စနစ်အစား ပြည်သူတိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ သမ္မတစနစ်ဖြစ်ပေါ်လာပါတော့တယ်။
ဇွန်ဒီမိုကရေစီအရေးလုပ်ရှားမှုရဲ့ အသီးအပွင့်ကတော့ လက်ရှိခေါတ်မှီတိုးတက်ပီး ဒီမိုကရေစီပြည့်ဝတဲ့ တောင်ကိုရီးယားနိုင်ငံကြီးပါပဲ။ ဒီတောင်ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှုအောင်မြင်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းတွေကတော့ လုံးဝအကြမ်းမဖက်တဲ့ဆန္ဒခြျီတက်ပွဲတွေ၊ အစိုးရဝန်ထမ်းတွေရဲ့အားကောင်းတဲ့ Civil Disobedience Movement တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေကြား ညီညွတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအရေးဟာလည်း လက်ရှိဆန္ဒပြချီတက်တာတွေဆက်လုပ်မယ် CDM တွေလည်းအားကောင်းသထက်ကောင်းလာမယ်ဆို အောင်ပွဲရဖို့လက်တကမ်းသာလိုပါတော့မည်ဖြစ်‌ကြောင်းပါ။
လက်ရှိဆန္ဒပြပြည်သူများအား ခွန်အားဖြစ်စေရန် ဤစာကိုဖြန့်ပေးကြပါခင်ဗျာ။
Crd