ရွှေတွေဆင်မြန်းလွန်းခဲ့တဲ့ မိန်းမလား ရွှေလား မသဲကွဲတော့တဲ့ မင်္ဂလာပွဲ






Unicode

ရွှေတွေဆင်မြန်းလွန်းခဲ့တဲ့ မိန်းမလား ရွှေလား မသဲကွဲတော့တဲ့ မင်္ဂလာပွဲ

ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက မင်္ဂလာပွဲဟာ ချမ်းသာလွန်းတဲ့ အသိုင်းအဝိုင်းနှစ်ဖက်ရဲ့ မင်္ဂလာပွဲမှန်းသိသာလွန်းလှပါတယ် ။

အကြောင်းကတော့ သတို့သမီးဟာ များစွာသောရွှေကွင်းတွေကို လည်ဆွဲအနေနဲ့ ဝတ်ဆင်ထားတဲ့အပြင် ၊ သတို့သားမှာလည်း ရွှေလည်ဆွဲအမြောက်အများ ထပ်ပြီး ဝတ်ဆင်ထားတာကိုတွေ့ရမှာပါ ။

သတို့သမီးဆိုရင် သူမရဲ့ ဂါဝန်အပေါ်ဖက်ပိုင်းလေး မမြင်ရလောက်အောင် ရွှေတွေနဲ့ ဖုံးကွယ်နေခဲ့ပါတယ် ။ ရွှေအမြောက်အများ ဝတ်ဆင်ထားရုံသာမက သူတို့ရဲ့အသုံးအဆောင်တွေကလည်း တန်ဖိုးကြီးတွေချည်းပါ ။

သတို့သား ၊ သတို့သမီး နှစ်ယောက်လုံးကလည်း ငယ်ရွယ်ပြီး ချောမောလှပလွန်းကြလို့ အရမ်းကိုလိုက်ဖက်ညီလွန်းလှတဲ့စုံတွဲအဖြစ် လူအတော်အများက အားကျလျက်ရှိကြပါတယ် ။