မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် အသင်းမှ ထုတ်ပယ်ခံရ…မြန်မာပြည်ပြန်ရင် မလုံခြုံတာကြောင့် ဂျပန်မှာ ခေါ်ထားမယ့် မြန်မာလူမျိုးတစ်ဦး

ျမန္မာ့လက္ေရြးစင္ ဂိုးသမား ျပည့္လၽွံေအာင္ အသင္းမွ ထုတ္ပယ္ခံရ…ျမန္မာျပည္ျပန္ရင္ မလုံျခဳံတာေၾကာင့္ ဂ်ပန္မွာ ေခၚထားမယ့္ ျမန္မာလူမ်ိဳးတစ္ဦး

ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းရဲ့ အရန္ဂိုးသမားတစ္ဦးျဖစ္တဲ့ ျပည့္လၽွံေအာင္ဟာ လက္ေရြးစင္အသင္းကေန ထုတ္ပယ္ခံလိုက္ရတယ္လို႔ ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔နီးစပ္တဲ့ အသိုင္းအဝိုင္းက သိရပါတယ္။

ဂိုးသမား ျပည့္လၽွံေအာင္ ဟာ မေန႔က ၂၀၂၂ ကမၻာဖလားေျခစစ္ပြဲအျဖစ္ ဂ်ပန္အသင္းနဲ႔သြားေရာက္ကစားတဲ့ ပြဲစဥ္မွာ ပြဲမစခင္ နိုင္ငံေတာ္သီခ်င္းထုတ္လႊင့္ေနခ်ိန္မွာဘဲ We Want Democrazy စာတန္းေရးသားထားတဲ့ လက္သုံးေခ်ာင္းေထာင္ကာ စစ္အာဏာရွင္ကိုဆန႔္က်င္ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့ပါတယ္။

ျပည့္လၽွံေအာင္ရဲ့လုပ္ရက္ေၾကာင့္ စစ္ေကာင္စီက ျမန္မာ အသင္းကို ဖိအားေပးၿပီး ထုတ္ခိုင္းတာလား (FIFA) ဖီဖာက တိုက္ရိုက္ အေရးယူတာလားဆိုတာေတာ့ BP က ဆက္လက္ အတည္ျပဳဖို႔ ႀကိဳးစားေနပါတယ္။

အဲဒီပြဲစဥ္မွာ ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းက နိုင္ငံေတာ္ သီခ်င္းကိုလည္း သီဆိုျခင္းမရွိဘဲ သပိတ္ေမွာက္ခဲ့ၾကပါတယ္။

သတင္း-Burmese Press

ျမန္မာနိုင္ငံအတြင္းမွာ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြကို ျပည္သူလူထုက နိုင္ငံတကာသိျမင္ေအာင္လို႔ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ေဖာ္ထုတ္ေနၾကတာျဖစ္ပါတယ္။

မေန႔ညက ဂ်ပန္နိုင္ငံ၊Chiba ၿမိဳ႕မွာက်င္းပတဲ့ ကမၻာ့ဖလားေျခစစ္ပြဲကို ျမန္မာအသင္းက ကစားခဲ့တာျဖစ္ပါတယ္။ပြဲမစခင္မွာ ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းကနိုင္ငံေတာ္သီခ်င္းလိုက္မဆိုခဲ့ၾကတဲ့အျပင္ ေဘာလုံးအားကစားသမား ကိုျပည့္လၽွံေအာင္ကလည္း လက္သုံးေခ်ာင္းေထာင္ကာ သူ႔ရဲ့ဆႏၵကိုထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။

ျမန္မာအသင္းက ဂ်ပန္အသင္းကို (၁၀)ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ျမန္မာျပည္သူလူထုကေတာ့ သူတို႔ရဲ့ရဲစြမ္းသတၱိကို အသိအမွတ္ျပဳခဲ့ၾကတာျဖစ္ပါတယ္။

ကိုျပည့္လၽွံေအာင္ကလည္း ဖန္သားျပင္ေပၚမွာ သူ႔ရဲ့မ်က္ႏွာပါလာမယ္မွန္းသိတာေတာင္ လက္သုံးေခ်ာင္းေထာင္ခဲ့လို႔ ျမန္မာျပည္ျပန္လာရင္ သူ႔အတြက္မလုံျခဳံေတာ့တာျဖစ္ပါတယ္။

ဂ်ပန္နိုင္ငံမွာေနထိုင္တဲ့ ျမန္မာလူမ်ိဳးတစ္ဦးကေတာ့ ျပန္ဖို႔အဆင္မေျပေတာ့တဲ့ ကိုျပည့္လၽွံေအာင္ကို တတ္နိုင္သေလာက္ကူညီေပးဖို႔စီစဥ္ေနတာျဖစ္ပါတယ္။

ေစတနာရွင္ျမန္မာလူမ်ိဳးက ျမန္မာအသင္းတစ္ဖြဲ႕လုံး ျမန္မာ့ေႏြဦးပါမယ္ဆိုရင္လည္း အားလုံးကို သူ႔ရဲ့အိမ္ေခၚထားၿပီး တာဝန္ယူေစာင့္ေရွာက္ေပးမွာျဖစ္ပါတယ္။

ဂ်ပန္နိုင္ငံမွာ လူ႔အခြင့္အေရးအျပည့္အဝရွိတာေၾကာင့္ နီးစပ္ရာဂ်ပန္လူမ်ိဳးေတြနဲ႔ ရဲတပ္သားေတြဆီ အကူအညီေတာင္းၿပီး သူ႔ကိုဆက္သြယ္ဖို႔အတြက္ ဖုန္းနံပါတ္ပါ တင္ေပးလာတာျဖစ္ပါတယ္။

အခုလိုမ်ိဳး ရဲရဲရင့္ရင့္နဲ႔ မိမိရဲ့ဆႏၵကိုထုတ္ေဖာ္ခဲ့တဲ့ ကိုျပည့္လၽွံေအာင္အျပင္ တစ္ဖြဲ႕လုံးကိုပါတာဝန္ယူေပးမယ့္အေၾကာင္းေလးကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Credit: Original Uploder

Unicode

မန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် အသင်းမှ ထုတ်ပယ်ခံရ…မြန်မာပြည်ပြန်ရင် မလုံခြုံတာကြောင့် ဂျပန်မှာ ခေါ်ထားမယ့် မြန်မာလူမျိုးတစ်ဦး

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ ပြည့်လျှံအောင်ဟာ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဂိုးသမား ပြည့်လျှံအောင် ဟာ မနေ့က ၂၀၂၂ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ဂျပန်အသင်းနဲ့သွားရောက်ကစားတဲ့ ပွဲစဉ်မှာ ပွဲမစခင် နိုင်ငံတော်သီချင်းထုတ်လွှင့်နေချိန်မှာဘဲ We Want Democrazy စာတန်းရေးသားထားတဲ့ လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ပြည့်လျှံအောင်ရဲ့လုပ်ရက်ကြောင့် စစ်ကောင်စီက မြန်မာ အသင်းကို ဖိအားပေးပြီး ထုတ်ခိုင်းတာလား (FIFA) ဖီဖာက တိုက်ရိုက် အရေးယူတာလားဆိုတာတော့ BP က ဆက်လက် အတည်ပြုဖို့ ကြိုးစားနေပါတယ်။

အဲဒီပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက နိုင်ငံတော် သီချင်းကိုလည်း သီဆိုခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

သတင်း-Burmese Press

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ပြည်သူလူထုက နိုင်ငံတကာသိမြင်အောင်လို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။

မနေ့ညက ဂျပန်နိုင်ငံ၊Chiba မြို့မှာကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မြန်မာအသင်းက ကစားခဲ့တာဖြစ်ပါတယ်။ပွဲမစခင်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကနိုင်ငံတော်သီချင်းလိုက်မဆိုခဲ့ကြတဲ့အပြင် ဘောလုံးအားကစားသမား ကိုပြည့်လျှံအောင်ကလည်း လက်သုံးချောင်းထောင်ကာ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းက ဂျပန်အသင်းကို (၁၀)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာပြည်သူလူထုကတော့ သူတို့ရဲ့ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။

ကိုပြည့်လျှံအောင်ကလည်း ဖန်သားပြင်ပေါ်မှာ သူ့ရဲ့မျက်နှာပါလာမယ်မှန်းသိတာတောင် လက်သုံးချောင်းထောင်ခဲ့လို့ မြန်မာပြည်ပြန်လာရင် သူ့အတွက်မလုံခြုံတော့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးတစ်ဦးကတော့ ပြန်ဖို့အဆင်မပြေတော့တဲ့ ကိုပြည့်လျှံအောင်ကို တတ်နိုင်သလောက်ကူညီပေးဖို့စီစဉ်နေတာဖြစ်ပါတယ်။

စေတနာရှင်မြန်မာလူမျိုးက မြန်မာအသင်းတစ်ဖွဲ့လုံး မြန်မာ့နွေဦးပါမယ်ဆိုရင်လည်း အားလုံးကို သူ့ရဲ့အိမ်ခေါ်ထားပြီး တာဝန်ယူစောင့်ရှောက်ပေးမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လူ့အခွင့်အရေးအပြည့်အဝရှိတာကြောင့် နီးစပ်ရာဂျပန်လူမျိုးတွေနဲ့ ရဲတပ်သားတွေဆီ အကူအညီတောင်းပြီး သူ့ကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်ပါ တင်ပေးလာတာဖြစ်ပါတယ်။

အခုလိုမျိုး ရဲရဲရင့်ရင့်နဲ့ မိမိရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တဲ့ ကိုပြည့်လျှံအောင်အပြင် တစ်ဖွဲ့လုံးကိုပါတာဝန်ယူပေးမယ့်အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit: Original Uploder