ဒေါ်အောင်ဆန်းစုကြည် တစ်ခုခုဖြစ်ရန် ”သံတမန်ရေးတွေ ဘေးချိတ်” ဝုန်း ဒိုင်းလုပ်မယ်ဆိုတဲ့ အမေရိကန်ရီပတ်ဘလစ်ကန်ခေါင်းဆောင်

ေဒၚေအာင္ဆန္းစုၾကည္ တစ္ခုခုျဖစ္ရန္ ”သံတမန္ေရးေတြ ေဘးခ်ိတ္” ဝုန္း ဒိုင္းလုပ္မယ္ဆိုတဲ့ အေမရိကန္ရီပတ္ဘလစ္ကန္ေခါင္းေဆာင္

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လုံၿခဳံေရးႏွင့္ပတ္သက္ၿပီး တခုခုျဖစ္ခဲ့လွ်င္ သံတမန္ေရးေတြ ႏိုင္ငံေရးေတြေဘးခ်ိတ္ၿပီး ဝုန္း ဒိုင္း လုပ္မယ္ဆိုလိုက္တဲ့ သေဘာလို႔ အေမရိကန္ရီပတ္ဘလစ္ကန္ေခါင္းေဆာင္က ေျပာဆိုလိုက္

ေဒၚေအာင္ဆန္းစုၾကည္သာ တခုခုျဖစ္ခဲ့လွ်င္ သံတမန္ေရးေတြ ႏိုင္ငံေရးေတြေဘးခ်ိတ္ၿပီး ဝုန္း ဒိုင္း လုပ္မယ္ဆိုလိုက္တဲ့ သေဘာလို႔ အေမရိကန္ရီပတ္ဘလစ္ကန္ေခါင္းေဆာင္ Mitch McConnell က NUG အစိုးရအဖြဲ႕ဝင္မ်ားနဲ႔ေတြ႕ဆုံပြဲမွာ ထုတ္ေဖၚေျပာဆိုလိုက္ပါတယ္

၂၈ရက္ေနေန႔ ေဆြးေႏြပြဲ အႏွစ္ခ်ဳပ္…

၁။ ဟာရာတိတ္ေဖါင္ဒေရးရွင္းက ဦးေဆာင္ျပဳလုပ္တဲ့ ယေန႔ေဆြးေႏြးပြဲမွာ ရီပတ္ပလစ္ကန္ပါတီ ေခါင္းေဆာင္ အထက္လႊတ္ေတာ္အမတ္ မက္ခ္်မက္ေကာ္နယ္လ္ရဲ႕ အဖြင့္မိန္႔ခြန္းစကားေတြဟာ အလြန္႔အလြန္အားရစရာေကာင္းပါတယ္။

အဓိကကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္တကြ ျမန္မာျပည္ဒီမိုကေရစီအေရးကို အျပည့္အဝေထာက္ခံေၾကာင္း၊ ၁၉၉၀ ခုႏွစ္ေတြမွအစျပဳၿပီး သမၼတအိုဘားမားလက္ထက္ႏွင့္ ယၡဳသမၼတဘိုင္ဒန္လက္ထက္မွာပါ ျမန္မာျပည္ဒီမိုကေရစီအေရးအတြက္ အေထာက္အပံ့ျဖစ္ေစမည့္ ဥပေဒျပဳ‌ေရးအပါအဝင္ အျခားနည္းလမ္းမ်ားျဖင့္ပါ ေထာက္ခံကူညီမႈေပးေနသလို၊ အစဥ္တစိုက္လည္း အားေပးေထာက္ခံလာေၾကာင္း။

ယၡဳလည္း သမၼတဘိုင္ဒန္အစိုးရႏွင့္ထိေတြ႕ဆက္ဆံၿပီး မအလတို႔နဲ႔ ထိပ္တိုက္ရင္ဆိုင္ေနရသူေတြအတြက္ အေကာင္းဆုံး အားေပးေထာက္ခံႏိုင္မယ့္ နည္းလမ္းေတြကိုရွာ‌ေနေၾကာင္း။

မအလတို႔အထိနာေအာင္ ပို႔ကုန္အပါအဝင္ အျခားဝင္ေငြရႏိုင္မယ့္လမ္း‌ေၾကာင္းေတြကိုပါ ပစ္မွတ္ထား ဒဏ္ခတ္မႈေတြျပဳလုပ္ဖို႔ ေဆြးေႏြးေနေၾကာင္း

ဒါ့အျပင္ ျမန္မာျပည္သူေတြရဲ႕ ဆႏၵေတြကိုဆန္႔က်င္ၿပီး မအလတို႔မွ အၾကမ္းဖက္အာဏာသိမ္းခဲ့တဲ့အတြက္ ဒီမိုကရက္ႏွင့္ ရီပါပလင္ကင္တို႔ေပါင္းၿပီး မအလတို႔အား ဆက္လက္ဖိအားေပးသြားဖို႔ကိုလည္း ေျပာဆိုသြားပါတယ္။

၂။ ေဆြးေႏြးပြဲကို ကမကထလုပ္သူ မစၥတာဝယ္လ္တာကေတာ့ လြန္ခဲ့တဲ့ႏွစ္ ၂၀ အတြင္း နည္းပညာေတြတိုးတက္ေျပာင္းလဲလာေၾကာင္းအျပင္၊ အေမရိကန္အစိုးရရဲ႕ စစ္အုပ္စုအေပၚ ဒါဏ္ခတ္အေရးယူမႈႏွင့္ပတ္သက္ၿပီး NUG ရဲ႕သေဘာထားကိုေမးသလို၊ ႐ိုဟင္ဂ်ာကိစၥႏွင့္ တ႐ုတ္အ‌ေပၚသေဘာထားေတြကို အဓိကလိုင္းတင္ၿပီးေမးပါတယ္။

ဒီေမးခြန္ေတြအတြက္ မဇင္မာေအာင္ရဲ႕ေျဖၾကားခ်က္ဟာေကာင္းသလို ေက်နပ္အားရမိပါတယ္။ အထူးသျဖင့္ တ႐ုတ္ႏွင့္ပတ္သက္ၿပီးေျဖၾကားမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ “အိမ္နီးနားခ်င္း အိမ္ အေၾကာင္းကို” ဥပမာေပးၿပီး ကိုးကားသြားတာ တကယ္ကိုထိေရာက္ပါတယ္။

ကိုထင္လင္းေအာင္မွလည္း တ႐ုတ္အေနနဲ႔ NUG ႏွင့္ညႇိႏိုင္းမႈမရွိဘဲ‌ စစ္အုပ္စုႏွင့္သာဆက္လုပ္ေနပါက ေရရွည္မွာသူတို႔အတြက္လည္း အက်ိဳးမျဖစ္ထြန္းႏိုင္ေၾကာင္း၊ NUG ကိုခ်န္လွပ္ထား၍မရေၾကာင္း ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

၃။ ေနာက္… အေရးအႀကီးဆုံးႏွင့္ အေကာင္းဆုံးေမးခြန္းတခုကို တက္ေရာက္သူေတြထဲကေန…

“NUG အေနနဲ႔ ေရရွည္မွာ လူေတြရဲ႕ဆက္လက္ေထာက္ခံမႈရေအာင္ ဘယ္လိုပုံစံနဲ႔လႈပ္ရွားသြားမွာလဲ” ဆိုတဲ့အေမးအေပၚ ေျဖၾကားမႈကေတာ့ သိပ္အားရစရာမရွိဘူး။

လက္ရွိကာလႏွင့္ ေရတိုအတြက္က မဇင္မာေအာင္ရဲ႕ေျဖၾကားခ်က္က မွန္ကန္ေပမယ့္ ေရရွည္အတြက္ ထိေရာက္ၿပီး မွန္ကန္တဲ့ေျဖၾကားခ်က္ကို မေပးႏိုင္ခဲ့ဘူး။

(ဒါေၾကာင့္ ဒီလိုေမးခြန္းမ်ိဳးအတြက္ သက္ဆိုင္သူမ်ားအေနနဲ႔ ႀကိဳတင္စဥ္းစားထားဖို႔ အစီအစဥ္ေတြလုပ္ထားဖို႔လိုၿပီ)။

၄။ ေနာက္ဆုံးပိတ္ စီစဥ္သူ မစၥတာဝယ္လ္တာရဲ႕ မွတ္ခ်က္စကားကလည္း အဓိပၸါယ္ရွိသလို အမလတို႔အ‌ေနနဲ႔အထူးသတိျပဳမိဖို႔လိုတယ္။

ဒါကေတာ့…“ေဒၚေအာင္ဆန္းစုၾကည္သာ တခုခုျဖစ္ခဲ့လွ်င္၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လုံၿခဳံေရးႏွင့္ပတ္သက္ၿပီး အသက္အႏၲရာယ္သာထိခိုက္ခဲ့လွ်င္ အေမရိကန္ႏွင့္ ႏိုင္ငံတကာရဲ႕ ျမန္မာအေပၚထားတဲ့ လက္ရွိကိုင္တြယ္ေနတဲ့ေပၚလစီေတြဟာ ခ်က္ခ်င္းကိုေျပာင္းလဲသြားမွာ ေျပာင္းျပန္ျဖစ္သြားမွာေသခ်ာတယ္တဲ့။ အထူးသျဖင့္ အေမရိကန္ရဲ႕ေပၚလစီပါဘဲတဲ့။”

ဆိုလိုတဲ့အဓိပၸါယ္က ေဒၚစုသာတခုခုျဖစ္ခဲ့လွ်င္ သံတမန္ေရးေတြ ႏိုင္ငံေရးေတြေဘးခ်ိတ္ၿပီး ဝုန္း ဒိုင္း လုပ္မယ္ဆိုတဲ့သေဘာပါ။

crd

ဒေါ်အောင်ဆန်းစုကြည် တစ်ခုခုဖြစ်ရန် ”သံတမန်ရေးတွေ ဘေးချိတ်” ဝုန်း ဒိုင်းလုပ်မယ်ဆိုတဲ့ အမေရိကန်ရီပတ်ဘလစ်ကန်ခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနှင့်ပတ်သက်ပြီး တခုခုဖြစ်ခဲ့လျှင် သံတမန်ရေးတွေ နိုင်ငံရေးတွေဘေးချိတ်ပြီး ဝုန်း ဒိုင်း လုပ်မယ်ဆိုလိုက်တဲ့ သဘောလို့ အမေရိကန်ရီပတ်ဘလစ်ကန်ခေါင်းဆောင်က ပြောဆိုလိုက်

ဒေါ်အောင်ဆန်းစုကြည်သာ တခုခုဖြစ်ခဲ့လျှင် သံတမန်ရေးတွေ နိုင်ငံရေးတွေဘေးချိတ်ပြီး ဝုန်း ဒိုင်း လုပ်မယ်ဆိုလိုက်တဲ့ သဘောလို့ အမေရိကန်ရီပတ်ဘလစ်ကန်ခေါင်းဆောင် Mitch McConnell က NUG အစိုးရအဖွဲ့ဝင်များနဲ့တွေ့ဆုံပွဲမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်

၂၈ရက်နေနေ့ ဆွေးနွေပွဲ အနှစ်ချုပ်…

၁။ ဟာရာတိတ်ဖေါင်ဒရေးရှင်းက ဦးဆောင်ပြုလုပ်တဲ့ ယနေ့ဆွေးနွေးပွဲမှာ ရီပတ်ပလစ်ကန်ပါတီ ခေါင်းဆောင် အထက်လွှတ်တော်အမတ် မက်ခ်ျမက်ကော်နယ်လ်ရဲ့ အဖွင့်မိန့်ခွန်းစကားတွေဟာ အလွန့်အလွန်အားရစရာကောင်းပါတယ်။

အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်ဒီမိုကရေစီအရေးကို အပြည့်အဝထောက်ခံကြောင်း၊ ၁၉၉၀ ခုနှစ်တွေမှအစပြုပြီး သမ္မတအိုဘားမားလက်ထက်နှင့် ယ္ခုသမ္မတဘိုင်ဒန်လက်ထက်မှာပါ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ဥပဒေပြု‌ရေးအပါအဝင် အခြားနည်းလမ်းများဖြင့်ပါ ထောက်ခံကူညီမှုပေးနေသလို၊ အစဉ်တစိုက်လည်း အားပေးထောက်ခံလာကြောင်း။

ယ္ခုလည်း သမ္မတဘိုင်ဒန်အစိုးရနှင့်ထိတွေ့ဆက်ဆံပြီး မအလတို့နဲ့ ထိပ်တိုက်ရင်ဆိုင်နေရသူတွေအတွက် အကောင်းဆုံး အားပေးထောက်ခံနိုင်မယ့် နည်းလမ်းတွေကိုရှာ‌နေကြောင်း။

မအလတို့အထိနာအောင် ပို့ကုန်အပါအဝင် အခြားဝင်ငွေရနိုင်မယ့်လမ်း‌ကြောင်းတွေကိုပါ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေပြုလုပ်ဖို့ ဆွေးနွေးနေကြောင်း

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကိုဆန့်ကျင်ပြီး မအလတို့မှ အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့အတွက် ဒီမိုကရက်နှင့် ရီပါပလင်ကင်တို့ပေါင်းပြီး မအလတို့အား ဆက်လက်ဖိအားပေးသွားဖို့ကိုလည်း ပြောဆိုသွားပါတယ်။

၂။ ဆွေးနွေးပွဲကို ကမကထလုပ်သူ မစ္စတာဝယ်လ်တာကတော့ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း နည်းပညာတွေတိုးတက်ပြောင်းလဲလာကြောင်းအပြင်၊ အမေရိကန်အစိုးရရဲ့ စစ်အုပ်စုအပေါ် ဒါဏ်ခတ်အရေးယူမှုနှင့်ပတ်သက်ပြီး NUG ရဲ့သဘောထားကိုမေးသလို၊ ရိုဟင်ဂျာကိစ္စနှင့် တရုတ်အ‌ပေါ်သဘောထားတွေကို အဓိကလိုင်းတင်ပြီးမေးပါတယ်။

ဒီမေးခွန်တွေအတွက် မဇင်မာအောင်ရဲ့ဖြေကြားချက်ဟာကောင်းသလို ကျေနပ်အားရမိပါတယ်။ အထူးသဖြင့် တရုတ်နှင့်ပတ်သက်ပြီးဖြေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “အိမ်နီးနားချင်း အိမ် အကြောင်းကို” ဥပမာပေးပြီး ကိုးကားသွားတာ တကယ်ကိုထိရောက်ပါတယ်။

ကိုထင်လင်းအောင်မှလည်း တရုတ်အနေနဲ့ NUG နှင့်ညှိနိုင်းမှုမရှိဘဲ‌ စစ်အုပ်စုနှင့်သာဆက်လုပ်နေပါက ရေရှည်မှာသူတို့အတွက်လည်း အကျိုးမဖြစ်ထွန်းနိုင်ကြောင်း၊ NUG ကိုချန်လှပ်ထား၍မရကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

၃။ နောက်… အရေးအကြီးဆုံးနှင့် အကောင်းဆုံးမေးခွန်းတခုကို တက်ရောက်သူတွေထဲကနေ…

“NUG အနေနဲ့ ရေရှည်မှာ လူတွေရဲ့ဆက်လက်ထောက်ခံမှုရအောင် ဘယ်လိုပုံစံနဲ့လှုပ်ရှားသွားမှာလဲ” ဆိုတဲ့အမေးအပေါ် ဖြေကြားမှုကတော့ သိပ်အားရစရာမရှိဘူး။

လက်ရှိကာလနှင့် ရေတိုအတွက်က မဇင်မာအောင်ရဲ့ဖြေကြားချက်က မှန်ကန်ပေမယ့် ရေရှည်အတွက် ထိရောက်ပြီး မှန်ကန်တဲ့ဖြေကြားချက်ကို မပေးနိုင်ခဲ့ဘူး။

(ဒါကြောင့် ဒီလိုမေးခွန်းမျိုးအတွက် သက်ဆိုင်သူများအနေနဲ့ ကြိုတင်စဉ်းစားထားဖို့ အစီအစဉ်တွေလုပ်ထားဖို့လိုပြီ)။

၄။ နောက်ဆုံးပိတ် စီစဉ်သူ မစ္စတာဝယ်လ်တာရဲ့ မှတ်ချက်စကားကလည်း အဓိပ္ပါယ်ရှိသလို အမလတို့အ‌နေနဲ့အထူးသတိပြုမိဖို့လိုတယ်။

ဒါကတော့…“ဒေါ်အောင်ဆန်းစုကြည်သာ တခုခုဖြစ်ခဲ့လျှင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနှင့်ပတ်သက်ပြီး အသက်အန္တရာယ်သာထိခိုက်ခဲ့လျှင် အမေရိကန်နှင့် နိုင်ငံတကာရဲ့ မြန်မာအပေါ်ထားတဲ့ လက်ရှိကိုင်တွယ်နေတဲ့ပေါ်လစီတွေဟာ ချက်ချင်းကိုပြောင်းလဲသွားမှာ ပြောင်းပြန်ဖြစ်သွားမှာသေချာတယ်တဲ့။ အထူးသဖြင့် အမေရိကန်ရဲ့ပေါ်လစီပါဘဲတဲ့။”

ဆိုလိုတဲ့အဓိပ္ပါယ်က ဒေါ်စုသာတခုခုဖြစ်ခဲ့လျှင် သံတမန်ရေးတွေ နိုင်ငံရေးတွေဘေးချိတ်ပြီး ဝုန်း ဒိုင်း လုပ်မယ်ဆိုတဲ့သဘောပါ။

crd