ထောင်ထဲရောက်နေတာတောင် အိမ်ကမိသားစုကိုငဲ့ညှာပြီး သူအဆင်ပြေကြောင်းလေးတွေ ရေးသားထားတဲ့လူငယ်လေးရဲ့စာတစ်စောင်

ထောင်ထဲရောက်နေတာတောင် အိမ်ကမိသားစုကိုငဲ့ညှာပြီး သူအဆင်ပြေကြောင်းလေးတွေ

ရေးသားထားတဲ့လူငယ်လေးရဲ့စာတစ်စောင်

ပြည်သူတွေရဲ့ စည်းလုံးညီညွှတ်မှုကိုတော့ ဒီကာလမှာ ထင်ထင်ရှားရှားတွေ့မြင်နေရပြီး အရာရာကိုစွန့်လွှတ်ရဲတဲ့

သူရဲကောင်းတွေနဲ့ ပရဟိတလူငယ်လေးတွေလည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

လူငယ်လေးတွေကအစ ပြည်သူအားလုံးအေးချမ်းဖို့အတွက် ဖေဖော်ဝါရီလကတည်းကစပြီး လမ်းပေါ်ထွက်ကာ

လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးသွားရတဲ့သူတွေလည်းရှိသလို တချို့ကျောင်းသားလူငယ်လေးတွေလည်

ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေအတွက် ပြည်သူလူထုနဲ့ရှေ့နေတချို့က တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါ

ပြန်လွတ်လာတဲ့ကလေးတွေကိုလည်း စေတနာရှင်တွေက ကားနဲ့အိမ်တိုင်ရာရောက်လိုက်ပို့ပေးကြတာဖြစ်ပါတယ်

။ထောင်ထဲမှာကျန်ခဲ့တဲ့သူတွေကတော့ ကြုံတွေ့လာရတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး အားတင်းနေထိုင်နေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဖမ်းဆီးခံထားရတဲ့လူငယ်လေးတစ်ဦးက မိဘဆီကို သူအဆင်ပြေကြောင်းစာလေးရေးပို့လိုက်တာဖြစ်ပါတယ်။

လူငယ်လေးကတော့ ထမင်းနဲ့ပဲဟင်းကလွဲပြီး အထဲမှာအားလုံးအဆင်ပြေတဲ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး

နကောင်းအောင် နေထိုင်နေတာဖြစ်ပါတယ်။

သူ့ရဲ့မိခင်ကိုလည်း စိတ်မပူဖို့မှာကြားထားပြီး ကျန်းမာရေးဂရုစိုက်ဖို့ပါစာထဲထည့်ရေးထားတာဖြစ်ပါတယ်။

ဒါ့အပြင်လည်း လူငယ်လေးက စားစရာလေးတချို့မှာတာတောင် မိသားစုကိုအားနာနေတာပဲဖြစ်ပါတယ်။

ကိုယ်တိုင်က ဖမ်းဆီးခံထားရတာတောင် မိသားစုကိုငဲ့ညှာပြီး အဆင်ပြေကြောင်းလေးရေးသားထားတဲ့

လူငယ်လေးရဲ့စာလေးတစ်စောင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-original