၂၀၂၁ ခုနှစ်၊ ဇွန်လ (ပထမ) (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

Unicode

၂၀၂၁ ခုနှစ်၊ ဇွန်လ (ပထမ) (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေဝသအ‌ခြေအနေ အကျဉ်းချုပ်နှင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ လပတ်နှင့် (ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျ)မိုးလေဝသ အချက်အလက်ခန့်မှန်းချက်များ

၂၀၂၁ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသအခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များအကျဉ်းချုပ်ကို အောက်ပါ အတိုင်းဆန်းစစ်ဖေါ်ပြအပ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ——(၂၂.၅.၂၀၂၁)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး၊ (၂၃.၅.၂၀၂၁)ရက်နေ့တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ (၂၄.၅.၂၀၂၁) ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်မှ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ယာစ်(YAAS)” အဖြစ်သို့လည်ကောင်း၊

(၂၅.၅.၂၀၂၁)ရက်နေ့တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)”သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(YAAS)” သို့လည်းကောင်း (၂၆.၅.၂၀၂၁)ရက်နေ့တွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး.၊ အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဘလာဆောမြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါ သည်။

(၂၁.၅.၂၀၂၁)ရက်နေ့တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး၊ (၂၅.၅.၂၀၂၁)ရက်နေ့တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း ခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါသည်။

မိုးရွာသွန်းမှုအခြေအနေ—–၂၀၂၁ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် မေလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက် ပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်း ခဲ့ပါသည်။

မိုးရွာရက်များအနေဖြင့် ——-တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် (၁၀)ရက်၊ မွန်ပြည်နယ်တွင် (၈)ရက်၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၇)ရက်၊ မန္တလေးတိုင်းဒေသကြီး(မိုးကုတ်မြို့)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(ကျောက်ဖြူမြို့)တို့တွင် (၆)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း(ခန္တီးမြို့)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၅)ရက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၄)ရက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၂)ရက် မိုးအနည်းငယ် ရွာသွန်းခဲ့သည်။

အမြင့်ဆုံးအပူချိန်အခြေအနေ—–၂၀၂၁ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်)အခြေအနေများမှာ- ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)တွင် မေလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)တို့တွင် မေလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် (၈)ဒီဂရီဖာရင်ဟိုက်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ—–၂၀၂၁ ခုနှစ်၊ မေလ(တတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်)အခြေအနေများမှာ− ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မေလ (တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီ ဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ကာ၊ ရခိုင်ပြည်နယ်တွင် မေလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် (၃)ဒီဂရီဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၁)ဒီဂရီ ဖာရင်ဟိုက်စီ လျော့နည်းခဲ့ပါသည်။

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ—–၂၀၂၁ ခုနှစ်၊ မေလ(တတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ)အခြေအနေများမှာ- စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၅၉%)မှ (၆၆%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၁%)မှ (၇၉%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၈၀%)မှ (၈၈%)အတွင်း အသီးသီးရှိခဲ့ ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ—–၂၀၂၁ ခုနှစ်၊ မေလ(တတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း)အခြေအနေများမှာ- ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၂၉ မီလီမီတာ)မှ (၃၅ မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(၃၉ မီလီမီတာ)မှ (၅၀ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)နှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၅၂ မီလီမီတာ)မှ (၆၄ မီလီမီတာ) အတွင်းအသီးသီးရှိခဲ့ပါသည်။

(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအားHARGREAVES METHODဖြင့် တွက်ချက်ထားပါသည်။)

မြေဆီလွှာအောင်းရေအခြေအနေ—– ၂၀၂၁ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု)အခြေအနေများမှာ- ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ) အခြေအနေ၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (စိုစွတ်) အခြေအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (ခြောက်သွေ့) အခြေအနေ အသီးသီးရှိခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ လပတ် အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ—–အနောက်တောင်မုတ်သုံလေသည် ဇွန်လ(၂-၅)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်နိုင် ပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။
မိုးအခြေအနေ—–မိုးရွာသွန်းမှုအခြေအနေမှာ- ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မိုးရွာရက်—–မိုးရွာရက်အနေဖြင့်- ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၆)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ (ပထမ) (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ—–အနောက်တောင်မုတ်သုံလေသည် ဇွန်လ(၂-၅)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်နိုင် ပါသည်။ ယင်းကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံ လေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။

မိုးအခြေအနေ—–မိုးရွာသွန်းမှုအခြေအနေမှာ- ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင်မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မိုးရွာရက်—–မိုးရွာရက်အနေဖြင့်- စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Zawgyi

၂၀၂၁ ခုႏွစ္၊ ဇြန္လ (ပထမ) (၁၀)ရက္ပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္

၂၀၂၁ ခုႏွစ္၊ ေမလ (တတိယ)ဆယ္ရက္ပတ္အတြင္း မိုးေလဝသအ‌ေျခအေန အက်ဥ္းခ်ဳပ္ႏွင့္ ၂၀၂၁ ခုႏွစ္၊ ဇြန္လ လပတ္ႏွင့္ (ပထမ)ဆယ္ရက္ပတ္အတြင္း ျဖစ္ေပၚနိုင္ေသာ စိုက္ပ်ိဳးေရးဆိုင္ရာ (ပၽွမ္းမ်)မိုးေလဝသ အခ်က္အလက္ခန႔္မွန္းခ်က္မ်ား

၂၀၂၁ ခုႏွစ္၊ ေမလ (တတိယ)ဆယ္ရက္ပတ္အတြင္း ျဖစ္ေပၚခဲ့ေသာ မိုးေလဝသအေျခအေနမ်ား ေပၚမူတည္၍ စိုက္ပ်ိဳးေရးဆိုင္ရာ မိုးေလဝသအခ်က္အလက္မ်ားအက်ဥ္းခ်ဳပ္ကို ေအာက္ပါ အတိုင္းဆန္းစစ္ေဖၚျပအပ္ပါသည္။

ဘဂၤလားပင္လယ္ေအာ္အေျခအေန——(၂၂.၅.၂၀၂၁)ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚခဲ့ၿပီး၊ (၂၃.၅.၂၀၂၁)ရက္ေန႔တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔လည္းေကာင္း၊ (၂၄.၅.၂၀၂၁) ရက္ေန႔တြင္ ပိုမိုအားေကာင္းလာကာ အားေကာင္းေသာမုန္တိုင္းငယ္မွ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ယာစ္(YAAS)” အျဖစ္သို႔လည္ေကာင္း၊

(၂၅.၅.၂၀၂၁)ရက္ေန႔တြင္ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ယာစ္ (YAAS)”သည္ အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး၊ ပိုမိုအားေကာင္းလာကာ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ယာစ္(YAAS)” သို႔လည္းေကာင္း (၂၆.၅.၂၀၂၁)ရက္ေန႔တြင္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး.၊ အိႏၵိယနိုင္ငံ၊ ေျမာက္ပိုင္းကမ္းေျခကို ဘလာေဆာၿမိဳ႕ေတာင္ပိုင္းအနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ပါ သည္။

(၂၁.၅.၂၀၂၁)ရက္ေန႔တြင္ အေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာနိုင္ငံေတာင္ပိုင္းေဒသမ်ား၊ ကပၸလီ ပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းသို႔ ဝင္ေရာက္ခဲ့ၿပီး၊ (၂၅.၅.၂၀၂၁)ရက္ေန႔တြင္ အေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာနိုင္ငံျမစ္ဝကၽြန္းေပၚေဒသမ်ား၊ ဘဂၤလားပင္လယ္ေအာ္ အေနာက္ ေတာင္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းသို႔ ဝင္ေရာက္ခဲ့ပါသည္။ ကပၸလီပင္လယ္ျပင္၊ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းတို႔တြင္ မုတ္သုံေလ အားအသင့္အတင့္မွ အားေကာင္း ခဲ့ၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ တိမ္ အသင့္အတင့္မွ တိမ္ထူထပ္ခဲ့ပါသည္။

မိုးရြာသြန္းမႈအေျခအေန—–၂၀၂၁ ခုႏွစ္၊ ေမလ (တတိယ)ဆယ္ရက္ပတ္အတြင္း မိုးရြာသြန္းမႈအေျခအေနမ်ားမွာ- ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေမလ(တတိယ)ဆယ္ရက္ပတ္၏ ပ်မ္းမၽွမိုးေရခ်ိန္ခန႔္သာရွိခဲ့ၿပီး၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ ေမလ(တတိယ)ဆယ္ရက္ပတ္၏ ပ်မ္းမၽွမိုးေရခ်ိန္တို႔ထက္ ပိုခဲ့ကာ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေမလ(တတိယ)ဆယ္ရက္ပတ္၏ ပ်မ္းမၽွမိုးေရခ်ိန္တို႔ေအာက္ ေလ်ာ့နည္း ခဲ့ပါသည္။

မိုးရြာရက္မ်ားအေနျဖင့္ ——-တနသၤာရီတိုင္းေဒသႀကီးႏွင့္ ကရင္ျပည္နယ္တို႔တြင္ (၁၀)ရက္၊ မြန္ျပည္နယ္တြင္ (၈)ရက္၊ ပဲခူးတိုင္းေဒသႀကီး(ေတာင္ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ (၇)ရက္၊ မႏၲေလးတိုင္းေဒသႀကီး(မိုးကုတ္ၿမိဳ႕)၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္(ေက်ာက္ျဖဴၿမိဳ႕)တို႔တြင္ (၆)ရက္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း(ခႏၲီးၿမိဳ႕)၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ (၅)ရက္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ (၄)ရက္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္းႏွင့္ အေနာက္ပိုင္း)ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ (၂)ရက္ မိုးအနည္းငယ္ ရြာသြန္းခဲ့သည္။

အျမင့္ဆုံးအပူခ်ိန္အေျခအေန—–၂၀၂၁ ခုႏွစ္၊ ေမလ (တတိယ)ဆယ္ရက္ပတ္အတြင္း (ေန႔အပူခ်ိန္)အေျခအေနမ်ားမွာ- ပဲခူးတိုင္းေဒသႀကီး (ေတာင္ပိုင္း)တြင္ ေမလ (တတိယ)ဆယ္ရက္ပတ္၏ ပ်မ္းမၽွအျမင့္ဆုံးအပူခ်ိန္ခန႔္သာရွိခဲ့ၿပီး၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)တို႔တြင္ ေမလ(တတိယ)ဆယ္ရက္ပတ္၏ ပ်မ္းမၽွအျမင့္ဆုံးအပူခ်ိန္တို႔ထက္ (၈)ဒီဂရီဖာရင္ဟိုက္စီ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ (၅)ဒီဂရီဖာရင္ဟိုက္မွ (၆)ဒီဂရီဖာရင္ဟိုက္အထိႏွင့္ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ ရန္ကုန္ တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၂)ဒီဂရီဖာရင္ဟိုက္မွ (၄)ဒီဂရီဖာရင္ဟိုက္အထိ ပိုခဲ့ပါသည္။

အနိမ့္ဆုံးအပူခ်ိန္အေျခအေန—–၂၀၂၁ ခုႏွစ္၊ ေမလ(တတိယ)ဆယ္ရက္ပတ္အတြင္း (ညအပူခ်ိန္)အေျခအေနမ်ားမွာ− ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေမလ (တတိယ) ဆယ္ရက္ပတ္၏ ပ်မ္းမၽွအနိမ့္ဆုံးအပူခ်ိန္ခန႔္သာရွိခဲ့ၿပီး၊ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေမလ (တတိယ)ဆယ္ရက္ပတ္၏ ပ်မ္းမၽွအနိမ့္ဆုံးအပူခ်ိန္တို႔ထက္ (၁)ဒီဂရီဖာရင္ဟိုက္မွ (၂)ဒီဂရီ ဖာရင္ဟိုက္အထိ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး(ေတာင္ပိုင္း)၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္း ျပည္နယ္(ေျမာက္ပိုင္း)တို႔တြင္ (၃)ဒီဂရီဖာရင္ဟိုက္မွ (၄)ဒီဂရီဖာရင္ဟိုက္အထိႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ (၅)ဒီဂရီဖာရင္ဟိုက္မွ (၆)ဒီဂရီဖာရင္ဟိုက္အထိ ပိုခဲ့ကာ၊ ရခိုင္ျပည္နယ္တြင္ ေမလ(တတိယ) ဆယ္ရက္ပတ္၏ ပ်မ္းမၽွအနိမ့္ဆုံးအပူခ်ိန္တို႔ေအာက္ (၃)ဒီဂရီဖာရင္ဟိုက္အထိႏွင့္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔တြင္ (၁)ဒီဂရီ ဖာရင္ဟိုက္စီ ေလ်ာ့နည္းခဲ့ပါသည္။

ေလထုအတြင္းေရေငြ႕ပါဝင္မႈအေျခအေန—–၂၀၂၁ ခုႏွစ္၊ ေမလ(တတိယ)ဆယ္ရက္ပတ္အတြင္း (ေလထုစိုထိုင္းဆ)အေျခအေနမ်ားမွာ- စစ္ကိုင္းတိုင္း ေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္း ေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ (၅၉%)မွ (၆၆%)အတြင္း၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္းႏွင့္အေနာက္ပိုင္း)၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္းႏွင့္ေျမာက္ပိုင္း)၊ ကယားျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၇၁%)မွ (၇၉%)အတြင္းႏွင့္ ပဲခူးတိုင္းေဒသႀကီး(ေတာင္ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ (၈၀%)မွ (၈၈%)အတြင္း အသီးသီးရွိခဲ့ ပါသည္။

ပင္ေငြ႕ေရေငြ႕ပ်ံႏႈန္းအေျခအေန—–၂၀၂၁ ခုႏွစ္၊ ေမလ(တတိယ)ဆယ္ရက္ပတ္အတြင္း (ပင္ေငြ႕ေရေငြ႕ပ်ံႏႈန္း)အေျခအေနမ်ားမွာ- ပဲခူးတိုင္း ေဒသႀကီး(ေတာင္ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္ ကရင္ျပည္နယ္တို႔တြင္ (၂၉ မီလီမီတာ)မွ (၃၅ မီလီမီတာ)အတြင္း၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး (အေနာက္ပိုင္း)၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ရခိုင္ ျပည္နယ္၊ ကယားျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္(၃၉ မီလီမီတာ)မွ (၅၀ မီလီမီတာ)အတြင္းႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)ႏွင့္ ရွမ္း ျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ (၅၂ မီလီမီတာ)မွ (၆၄ မီလီမီတာ) အတြင္းအသီးသီးရွိခဲ့ပါသည္။

(ျဖစ္နိုင္စြမ္းပင္ေငြ႕ေရေငြ႕ပ်ံႏႈန္းအားHARGREAVES METHODျဖင့္ တြက္ခ်က္ထားပါသည္။)

ေျမဆီလႊာေအာင္းေရအေျခအေန—– ၂၀၂၁ ခုႏွစ္၊ ေမလ (တတိယ)ဆယ္ရက္ပတ္အတြင္း (ေျမဆီလႊာစိုစြတ္မႈ)အေျခအေနမ်ားမွာ- ဧရာဝတီ တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (ျပည့္ဝ) အေျခအေန၊ ပဲခူးတိုင္းေဒသႀကီး(ေတာင္ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ (စိုစြတ္) အေျခအေနႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္းႏွင့္ အေနာက္ပိုင္း)ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ (ေျခာက္ေသြ႕) အေျခအေန အသီးသီးရွိခဲ့ပါသည္။

၂၀၂၁ ခုႏွစ္၊ ဇြန္လ လပတ္ အတြက္ မိုးေလဝသခန႔္မွန္းခ်က္

ဘဂၤလားပင္လယ္ေအာ္အေျခအေန—–အေနာက္ေတာင္မုတ္သုံေလသည္ ဇြန္လ(၂-၅)ရက္ေန႔အတြင္း ျမန္မာနိုင္ငံတစ္ဝွမ္းလုံးသို႔ ဝင္ေရာက္နိုင္ ပါသည္။ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္း (၁)ႀကိမ္ ျဖစ္ေပၚနိုင္ၿပီး၊ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိနိုင္ပါသည္။ ယင္းကာလအတြင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ အေနာက္ေတာင္မုတ္သုံေလသည္ အားအသင့္အတင့္မွ အားေကာင္းနိုင္ပါသည္။
မိုးအေျခအေန—–မိုးရြာသြန္းမႈအေျခအေနမွာ- ကခ်င္ျပည္နယ္တြင္ ရြာသြန္းျမဲထက္ပိုနိုင္ၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ရြာသြန္းျမဲေအာက္ ေလ်ာ့နည္းနိုင္ကာ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္း ေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ရြာသြန္းျမဲခန႔္ မိုးထစ္ခ်ဳန္းရြာနိုင္ပါသည္။

မိုးရြာရက္—–မိုးရြာရက္အေနျဖင့္- ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၂၁)ရက္မွ (၂၆)ရက္ခန႔္ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္းႏွင့္ေျမာက္ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ (၁၅)ရက္မွ (၂၀)ရက္ခန႔္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ (၉)ရက္မွ (၁၄)ရက္ခန႔္ မိုးထစ္ခ်ဳန္းရြာနိုင္ပါသည္။

၂၀၂၁ ခုႏွစ္၊ ဇြန္လ (ပထမ) (၁၀)ရက္ပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္

ဘဂၤလားပင္လယ္ေအာ္အေျခအေန—–အေနာက္ေတာင္မုတ္သုံေလသည္ ဇြန္လ(၂-၅)ရက္ေန႔အတြင္း ျမန္မာနိုင္ငံတစ္ဝွမ္းလုံးသို႔ ဝင္ေရာက္နိုင္ ပါသည္။ ယင္းကာလအတြင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ အေနာက္ေတာင္မုတ္သုံ ေလသည္ အားအနည္းငယ္မွ အားအသင့္အတင့္ ရွိနိုင္ပါသည္။

မိုးအေျခအေန—–မိုးရြာသြန္းမႈအေျခအေနမွာ- ရွမ္းျပည္နယ္(အေရွ႕ပိုင္းႏွင္ေျမာက္ပိုင္း)တို႔တြင္ ရြာသြန္းျမဲထက္ပိုနိုင္ၿပီး၊ ေနျပည္ေတာ္၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ရြာသြန္းျမဲေအာက္ေလ်ာ့နည္းနိုင္ကာ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ရြာသြန္းျမဲခန႔္ မိုးထစ္ခ်ဳန္းရြာနိုင္ပါသည္။

မိုးရြာရက္—–မိုးရြာရက္အေနျဖင့္- စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္းႏွင့္ေတာင္ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၇)ရက္မွ (၉)ရက္ခန႔္ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ (၄)ရက္မွ (၆)ရက္ခန႔္ မိုးထစ္ခ်ဳန္းရြာနိုင္ပါသည္။

မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန