သားေတာ္ေမာင္ကို လြမ္းဆြတ္တမ္းတစြာနဲ႕ ေရးသားလာတဲ့ ကိုေပါက္(ေခတၱ၀ရမ္းေျပး)

သားကို လြမ္းဆြတ္တမ္းတစြာနဲ႕ ေရးသားလာတဲ့ ကိုေပါက္(ေခတၱ၀ရမ္းေျပး)

“သားေရ ေဖေဖလြမ္းလို႔”

ဒီအခ်ိန္ဆို သားေတြကိုအိပ္ယာကႏွိုး မ်က္ႏွာသစ္သြားတိုက္ သနပ္ခါးလူးေပးၿပီး မနက္စာ ပက္ဒီရႉးဝါး၂ခြက္ ေဖ်ာ္ေပးေနၾက။

ဒီအခ်ိန္ဆို သားငယ္ေလးရဲ့ILBC online classသင္တဲ့အခ်ိန္ သူ႔ေဘးမွာထိုင္ၿပီး သားငယ္နဲ႔အတူတူသူငယ္တန္းစာေတြကၽြန္ေတာ္ျပန္သင္ေနၾက။

ဒီအခ်ိန္ဆို YouTube အရမ္းၾကည့္တဲ့ ကိုႀကီးေသာ္ကို ေအာ္ရ ဟစ္ရနဲ႔သားအစ္ဖႏွစ္ေယာက္ေရအတူတူခ်ိဳးေနၾက။

ဒီအခ်ိန္ဆို သားငယ္ေလးက သူေဆာ့ေနတဲ့ Lego အ႐ုပ္ကေလးေတြ ပူးေနလို႔ “ဒါေလးခြါေပးပါလား ပါပါး”လို႔လာေျပာေနၾက။

ဒီအခ်ိန္ဆို သားသားတို႔ႀကိဳက္တဲ့ေပါင္မုန္႔ၾကက္ဥေၾကာ္စားတဲ့အခ်ိန္ စာပြဲမွာေအးေအးေဆးေဆး ထိုင္မစားပဲ ေဆာ့ရင္းကစားရင္းစားေနလို႔ ၿငိမ္ၿငိမ္စားဖို႔ ကၽြန္ေတာ့အသံႀကီးနဲ႔ ေအာ္ဟစ္ေနၾက။

ဒီအခ်ိန္ဆို လမ္းမေပၚသားသားတို႔စက္ဘီးထြက္စီးရင္ ကၽြန္ေတာ္ကေဘးကေန ေျပးလိုက္ေပးေနၾက။

ဒီအခ်ိန္ဆို ကုတင္ေပၚမွာ သား၂ေယာက္နဲ႔အတူစမက္ေဒါင္းခ်ေနၾက။

ဒီအခ်ိန္ဆို သားငယ္ေလးရဲ့ဗိုက္ကိုလွန္ၿပီးမုတ္ဆိတ္နဲ႔ပြတ္ရင္ သူအရမ္းအူတက္လို႔“ေတာ္ပါေတာ့ပါပါးရယ္ အရႈံးေပးပါတယ္”လို႔ေျပာေနၾက။

ဒီအခ်ိန္ဆို ညအိပ္ခါနီးတိုင္း ဒီေန႔ ပါပါးနဲ႔ဘယ္သူအိပ္မွာလဲလို႔ေမးရင္ ညီအစ္ကို ၂ေယာက္ ဗိုလ္ က်ား ေသနတ္စြဲေနၾက။

ဒီအခ်ိန္ သားႏွစ္ေယာက္ကို ကၽြန္ေတာ္နမ္းေနၾက။

သားေရ ေဖေဖလြမ္းတယ္။

ကိုေပါက္(ေခတၱ ဝရမ္းေျပး)

20.2.2021

#cdmအေရးေတာ္ပုံေအာင္ရမည္

#WeSupportCRPH

#JusticeForMyanmar

#SaveMyammar

#Myanmar

unicode

သားကို လွမ်းဆွတ်တမ်းတစွာနဲ့ ရေးသားလာတဲ့ ကိုပေါက်(ခေတ္တဝရမ်းပြေး)

“သားရေ ဖေဖေလွမ်းလို့”

ဒီအချိန်ဆို သားတွေကိုအိပ်ယာကနှိုး မျက်နှာသစ်သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှူးဝါး၂ခွက် ဖျော်ပေးနေကြ။

ဒီအချိန်ဆို သားငယ်လေးရဲ့ILBC online classသင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့အတူတူသူငယ်တန်းစာတွေကျွန်တော်ပြန်သင်နေကြ။

ဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ ဟစ်ရနဲ့သားအစ်ဖနှစ်ယောက်ရေအတူတူချိုးနေကြ။

ဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ “ဒါလေးခွါပေးပါလား ပါပါး”လို့လာပြောနေကြ။

ဒီအချိန်ဆို သားသားတို့ကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်စားတဲ့အချိန် စာပွဲမှာအေးအေးဆေးဆေး ထိုင်မစားပဲ ဆော့ရင်းကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြ။

ဒီအချိန်ဆို လမ်းမပေါ်သားသားတို့စက်ဘီးထွက်စီးရင် ကျွန်တော်ကဘေးကနေ ပြေးလိုက်ပေးနေကြ။

ဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူစမက်ဒေါင်းချနေကြ။

ဒီအချိန်ဆို သားငယ်လေးရဲ့ဗိုက်ကိုလှန်ပြီးမုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ်းအူတက်လို့“တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ်”လို့ပြောနေကြ။

ဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူအိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက် ဗိုလ် ကျား သေနတ်စွဲနေကြ။

ဒီအချိန် သားနှစ်ယောက်ကို ကျွန်တော်နမ်းနေကြ။

သားရေ ဖေဖေလွမ်းတယ်။

ကိုပေါက်(ခေတ္တ ဝရမ်းပြေး)

20.2.2021

#cdmအရေးတော်ပုံအောင်ရမည်

#WeSupportCRPH

#JusticeForMyanmar

#SaveMyammar

#Myanmar