အဆိုတော်ကြီး နော်လီဇာ ကွယ်လွန်(ရုပ်သံ)










Sunday Journa

unicode

မာလာဆောင်ပြည်လမ်းရှေ့မှာ ဂစ်တာသံ ညတိုင်းကြားတယ်…

အဆိုတော်ကြီး နော်လီဇာ ကွယ်လွန်

“မာလာဆောင် ပြည်လမ်းရှေ့မှာ ဂစ်တာသံ ညတိုင်းကြားတယ် “.. ဆိုတဲ့ သီချင်းသံစဉ်လေးနဲ့

ယနေ့အထိ ပရိသတ်ရဲ့ အချစ်ကို နှစ်ပေါင်းများစွာ ရယူခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့

Disco Queen အဆိုတော် “နော်လီဇာ” ဟာ

ယနေ့ ဇွန်လ ၂ ရက်မှာ သူချစ်တဲ့ အနုပညာလောက နဲ့ ပရိသတ်တွေကို အပြီးတိုင် နုတ်ဆက်ထွက်ခွာ သွားခဲ့ပြီလို့ သိရပါတယ် ။

“ဒေါ်နော်လီဇာ (ခ) ဒေါ်အေးအေးမော်၊ (အသက် ၆၂ နှစ်) သည်

ယနေ့ညနေ ၃ နာရီ ၄၀ မိနစ်မှာ ကွယ်လွန်သွားပါပြီ..”လို့ သူမမိတ်ဆွေက လူမှုကွန်ယက်မှာ အသိပေးခဲ့တာပါ။

ကောင်းရာသုဂတိလားပါစေ လို့ ပရိသတ်တွေ နဲ့ အတူ ဝမ်းနည်းစွာ ဆုတောင်းပေးလိုက်ရပါတယ်

Sunday Journa