လာဘ္ဖြင့္ လာဘ္ေခၚေငြဝင္ ကံေကာင္း စီးပြားတိုးတတ္ ဆိုင္လူဝင္ ေစ်းေရာင္းေကာင္းေစရန္…

လာဘ္ဖြင့္ လာဘ္ေခၚေငြဝင္ ကံေကာင္း

စီးပြားတိုးတတ္ ဆိုင္လူဝင္ ေစ်းေရာင္းေကာင္းေစရန္…

အရင္ဆုံးလုပ္ေဆာင္ရမွာက မိမိအိမ္အတြက္ လာဘ္လာဘ ပြင့္လန္းေစဖို႔အတြက္ ဆိုရင္လဲ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အျမဲဦးထိပ္ထားပါ။

ဘုရားခန္းကို အျမဲသပၸါယ္ေနေအာင္ သန႔္ရွင္းသပ္ရပ္စြာနဲ႔ ပူေဇာ္ထားပါ။ ေသာက္ေတာ္ေရခ်မ္း မၾကာခဏ ဆက္ကပ္ပူေဇာ္ပါ။

အိမ္တြင္း အိမ္ျပင္ မီးဖိုေခ်ာင္ တို႔ကို ေန႔စဥ္သန႔္ရွင္းပါ။

ဘုရားခန္း အိမ္တြင္းအိမ္ျပင္ သန႔္ရွင္းသပ္ရပ္ေနတာက စိတ္ခ်မ္းသာျခင္း မဂၤလာတစ္ပါးပါဘဲ။

ဒါေတြၿပီးမွ ယၾတာလုပ္ေဆာင္ပါ။

မိမိဆိုင္အတြက္ဆိုရင္လဲ အရင္ဆုံးသတိရ ရမွာက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဦးထိပ္ထားပါ။

ေနာက္ ဆိုင္ေနရာ အခင္းအက်င္းကို ကိုယ့္တတ္နိုင္သေလာက္နဲ႔ သန႔္ရွင္းသပ္ရပ္စြာ အျမဲသတိထားၿပီး customer မ်ားကို စြဲေဆာင္ပါ။

customer မ်ားမိမိဆိုင္ကို အျမဲယုံၾကည္စြာ ဝယ္ယူအားေပးခ်င္ေအာင္ ေစ်းႏႈန္းမွန္ကန္စြာ ေရာင္းခ်ပါ။

* ေရာင္းသူ ဝယ္သူ အသံတူဆိုတဲ့အတိုင္း * မိမိ customer မ်ားကို ခ်ိဳသာယဥ္ေက်းစြာ ဆက္ဆံပါ။

customer ရဲ့ ဆႏၵကိုသာ အေလးထားၿပီး သူသာ အျမဲမွန္ပါေစ။ ဒီလိုမွ ေရာင္းမေကာင္း ဆိုင္လူမဝင္ဘူးဆိုရင္ ဒီယၾတာကို စတင္လုပ္ေဆာင္ပါ။

လုပ္ရမဲ့ ယၾတာက…

– ေျမအိုးအျပင္ဘက္ကို ထုံးျဖဴသုတ္ ကန္ဇြန္းညြန႔္ ( ၉ ) ညြန႔္ထိုးေပးၿပီး တနလၤာေန႔နံနက္ ( ၉ း ၄၅ ) တိတိတြင္ အျမင့္တစ္ေနရာတြင္ တင္ထားပါ။ ဘုရားလႉထားလၽွင္လဲရပါသည္။

– တစ္ပါတ္တစ္ခါ တနလၤာေန႔တိုင္း ကန္ဇြန္းညြန႔္ကို သတ္မွတ္ခ်ိန္တြင္ အသစ္လဲေပးပါ။ သိသိသာသာ အက်ိဳးထူးေစပါသည္။

လူမ်ိဳးဘာသာမေရြး ဤယၾတာကို လုပ္လို႔ရပါသည္။

ဆရာႀကီး စံ-ဇာဏီဘို

unicode

လာဘ်ဖွင့် လာဘ်ခေါ်ငွေဝင် ကံကောင်း

စီးပွားတိုးတတ် ဆိုင်လူဝင် စျေးရောင်းကောင်းစေရန်…

အရင်ဆုံးလုပ်ဆောင်ရမှာက မိမိအိမ်အတွက် လာဘ်လာဘ ပွင့်လန်းစေဖို့အတွက် ဆိုရင်လဲ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အမြဲဦးထိပ်ထားပါ။

ဘုရားခန်းကို အမြဲသပ္ပါယ်နေအောင် သန့်ရှင်းသပ်ရပ်စွာနဲ့ ပူဇော်ထားပါ။ သောက်တော်ရေချမ်း မကြာခဏ ဆက်ကပ်ပူဇော်ပါ။

အိမ်တွင်း အိမ်ပြင် မီးဖိုချောင် တို့ကို နေ့စဉ်သန့်ရှင်းပါ။

ဘုရားခန်း အိမ်တွင်းအိမ်ပြင် သန့်ရှင်းသပ်ရပ်နေတာက စိတ်ချမ်းသာခြင်း မင်္ဂလာတစ်ပါးပါဘဲ။

ဒါတွေပြီးမှ ယတြာလုပ်ဆောင်ပါ။

မိမိဆိုင်အတွက်ဆိုရင်လဲ အရင်ဆုံးသတိရ ရမှာက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဦးထိပ်ထားပါ။

နောက် ဆိုင်နေရာ အခင်းအကျင်းကို ကိုယ့်တတ်နိုင်သလောက်နဲ့ သန့်ရှင်းသပ်ရပ်စွာ အမြဲသတိထားပြီး customer များကို စွဲဆောင်ပါ။

customer များမိမိဆိုင်ကို အမြဲယုံကြည်စွာ ဝယ်ယူအားပေးချင်အောင် စျေးနှုန်းမှန်ကန်စွာ ရောင်းချပါ။

* ရောင်းသူ ဝယ်သူ အသံတူဆိုတဲ့အတိုင်း * မိမိ customer များကို ချိုသာယဉ်ကျေးစွာ ဆက်ဆံပါ။

customer ရဲ့ ဆန္ဒကိုသာ အလေးထားပြီး သူသာ အမြဲမှန်ပါစေ။ ဒီလိုမှ ရောင်းမကောင်း ဆိုင်လူမဝင်ဘူးဆိုရင် ဒီယတြာကို စတင်လုပ်ဆောင်ပါ။

လုပ်ရမဲ့ ယတြာက…

– မြေအိုးအပြင်ဘက်ကို ထုံးဖြူသုတ် ကန်ဇွန်းညွန့် ( ၉ ) ညွန့်ထိုးပေးပြီး တနင်္လာနေ့နံနက် ( ၉ း ၄၅ ) တိတိတွင် အမြင့်တစ်နေရာတွင် တင်ထားပါ။ ဘုရားလှူထားလျှင်လဲရပါသည်။

– တစ်ပါတ်တစ်ခါ တနင်္လာနေ့တိုင်း ကန်ဇွန်းညွန့်ကို သတ်မှတ်ချိန်တွင် အသစ်လဲပေးပါ။ သိသိသာသာ အကျိုးထူးစေပါသည်။

လူမျိုးဘာသာမရွေး ဤယတြာကို လုပ်လို့ရပါသည်။

ဆရာကြီး စံ-ဇာဏီဘို