တစ္သက္မွာ တစ္ခါ ၾကဳံရခဲတဲ့ ရဟႏၲာ တစ္ပါး ခႏၶာဝန္ခ် ပရိနိဗၺာန္စံဝင္ခ်ိန္(ရုပ္သံ)

တစ္သက္မွာ တစ္ခါ ၾကဳံရခဲတဲ့ ရဟႏၲာ တစ္ပါး ခႏၶာဝန္ခ် ပရိနိဗၺာန္စံဝင္ခ်ိန္(ရုပ္သံ)

အရွင္ဘုရားတို႔သိျမင္ရရွိအပ္ေသာတရားထူး တရားျမတ္မ်ားအား တပည့္ေတာ္လည္းသိျမင္ရပါလို၏

video ဖိုင္ကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္…။

နိဗၺာန္ အေၾကာင္း (၁)

ေက်းဇူးေတာ္ရွင္ မဟာေထရ္ အဂၢမဟူပ႑ိတ မိုးကုတ္ ဆရာေတာ္ (အမရပူရၿမိဳ႕ – မဂၤလတိုက္ေဟာင္း) ေဟာၾကားေတာ္မူေသာ ဝိပႆနာ လုပ္ငန္းစဥ္ အလုပ္ေပးတရားေတာ္ အမွတ္စဥ္ (၃၆) စာအုပ္ အမွာစာ အပိုင္း မွ ထုတ္ယူထားသည္။

အမွာစာ

ဆရာေတာ္ဘုရားက အေသအခ်ာေဟာၾကားထားသည္မွာ “နိဗၺာန္သေဘာမက်ဘဲ ဝိပႆနာ အားထုတ္ေနလၽွင္မရပါ” ဟု ျဖစ္ပါသည္။ ျမန္မာလူမ်ိဳး ဗုဒၶဘာသာဝင္မ်ား နိဗၺာန္ ႏွင့္ပတ္သက္၍ နားလည္ထားသင့္ပါသည္။ သို႔ေသာ္ သိရွိရန္ မွာ သိမ္ေမြ႕ နက္နဲ ခက္ခဲလွပါသည္။

ဥပမာ – နိဗၺာန္ဆိုတာ ႐ုပ္နာမ္သိမ္းသြားသည္။ ကိေလသာ သိမ္းသြားသည္။ ဘာမွမရွိတာနိဗၺာန္ဟု ယူလိုက္လၽွင္ ဥေစၧဒဒိ႒ိ ျဖစ္သြားသည္။ နိဗၺာန္ဆိုတာ ေရႊျပည္ျမတ္ႀကီး၊ ခိုင္ျမဲၿမိဳ႕ျပႀကီးဟုယူလိုက္လၽွင္ သႆတဒိ႒ိ ျဖစ္သြားသည္။ နိဗၺာန္မဂ္ဖိုလ္ ဝဋ္တိုတိုႏွင့္ရလိုပါ၏ဟု ဆုေတာင္းသူမ်ားသည္ ရမ္းေတာင္းေနသူမ်ားသာ ျဖစ္သည္။ သို႔ျဖစ္၍ ဆရာေတာ္ဘုရား၏ နိဗၺာန္တရားေတာ္မ်ားကို စုေပါင္းျပဳစုၿပီး ေရးသား လိုက္ရပါသည္။

နိဗၺာန္ဆိုတာ ဘာတုံး

နိဗၺာန္ဆိုတာကေတာ့ အမ်ားနဲ႔ဆက္ဆံတဲ့တရားမ်ိဳးမဟုတ္ပါ။ နိဗၺာန္ဆိုတာ ထူးမွ၊ ထူးျခားတဲ့လူမွရနိုင္-ေရာက္နိုင္သည္။ ထူးျခားတဲ့လူ ျဖစ္ေအာင္လုပ္ၿပီး ရွာၾကည့္ဖို၊ စုံစမ္း စမ္းသပ္ၾကည့္ဖို႔ ေကာင္းပါသည္။

နိဗၺာန္ဆိုတာ ရွိပါသလား

ရွင္နာဂသိန္မေထရ္ျမတ္ကို မိလိႏၵမင္းႀကီးက- အရွင္ဘုရား နိဗၺာန္ဆိုတာ ရွိပါသလား ဟု ေမးသျဖင့္ မေထရ္ျမတ္က မင္းႀကီး… နိဗၺာန္သည္ ရွိသည္ ဟု ေျဖၾကားေတာ္မူသည္။ မင္းႀကီးက ဆက္လက္၍ “အရွင္ဘုရား နိဗၺာန္သည္ ပစၥဳပၸန္လား၊ အတိတ္လား၊ အနာဂတ္လား၊ ဘယ္ကာလမွစ ရွိပါသလဲ ဟု ေမးရာ မေထရ္ျမတ္က “အားလုံးမဟုတ္ဘဲ နိဗၺာန္ရွိသည္မွာ မွန္သည္။ သို႔ေသာ္ ကာလသုံးပါး က အလြတ္ ျဖစ္သည္ ဟု ေျဖဆိုေတာ္မူသည္။

နိဗၺာန္ဟာ မရွိဘူးလို႔ ဆိုရမွာလား

မင္းႀကီးက – “အရွင္ဘုရား၊ ဒါျဖင့္ နိဗၺာန္မရွိပါဟု ဆိုရမွာေပ့ါဘုရား” ဟု ေလၽွာက္ထားျပန္ရာ မေထရ္ျမတ္က ဥပမာျပ၍ ေျဖဆိုေတာ္မူပါသည္။

မင္းႀကီး ဝါးစိမ္းႏွစ္လုံးထဲတြင္ နဂိုက မီးရွိႏွင့္သလား – ဟု ေမးရာ မရွိႏွင့္ပါဟု ေျဖသျဖင့္ ယင္းဝါးႏွစ္လုံးကို အခ်င္းခ်င္း ၾကာၾကာပြတ္တိုက္လိုက္လၽွင္ မီးရွိမလာေပဘူးလား ဟု မေထရ္ျမတ္က ေမးျပန္ရာ မင္းႀကီးက မီးရွိလာပါတယ္ဘုရားဟု ေျဖၾကားေတာ္မူသည္။ ဆက္လက္၍ မင္းႀကီး ထိုဥပမာ အတိုင္းပင္ နိဗၺာန္သည္ ကာလသုံးပါးက အလြတ္ျဖစ္ေသာ္လည္း အားထုတ္မႈ လုံ႔လဝီရိယ အစြမ္းေၾကာင့္ ေပၚလာရသည္။ အားထုတ္သူအဖို႔၌ နိဗၺာန္သည္ ရွိသည္ဟု မွတ္ရမည္ ျဖစ္ေၾကာင္း မေထရ္ျမတ္က ေျဖဆိုသျဖင့္ မင္းႀကီးက မွန္လွပါ သေဘာက် ေက်နပ္ပါၿပီဘုရား ဟု ေလၽွာက္ထားေတာ္မူသည္။

နိဗၺာန္သည္ လုံးရပ္သဏၭာန္ႏွင့္ ထင္ရွားရွိသလား

မိလိႏၵမင္းႀကီးက အရွင္ဘုရား နိဗၺာန္ဟာ အထည္ျဒပ္သဏၭာန္နဲ႔ ထင္ရွားရွိပါသလား၊ ထင္ရွားမရွိဘူးလားလို႔ ေမးေလၽွာက္သျဖင့္ ရွင္နာဂသိန္မေထရ္ – တကာေတာ္မင္းႀကီး နိဗၺာန္ဟာ ျဒပ္သဏၭာန္နဲ႔ေတာ့ ထင္ရွားမရွိဘူးဟု ေျဖသျဖင့္ မင္းႀကီးက ဒါျဖင့္ဘုရား နိဗၺာန္ဟာ ထင္ရွားမရွိဘူး ဆိုယင္ နိဗၺာန္ကို အာ႐ုံျပဳတယ္ ဆိုတဲ့ စကားသည္ အလကားမျဖစ္ေပဘူးလား ဟု ေမးျပန္ပါသည္။

ရွင္နာဂသိန္က ယခင္ဥပမာအတိုင္းေျဖဆိုရာ၌ – ၀ါးႏွစ္လုံးထဲမွာ နဂိုက မီးမပါေသာ္လည္း ပြတ္ပါမ်ားလၽွင္ မီးထြက္လာၿပီး မပြတ္လၽွင္ မီးမထြက္သကဲ့သို႔ နိဗၺာန္သည္ အားထုတ္မွ ေပၚလာသည္။ အားထုတ္တဲ့ပုဂၢိဳလ္မွသာ ျမင္နိုင္သည္၊ ေတြ႕နိုင္သည္။ အားမထုတ္လၽွင္ မျမင္နိုင္ေပဘူးဟု မိန႔္ေတာ္မူသည္။ နိဗၺာန္သည္ အားထုတ္သူမ်ားအတြက္ ကိုယ္အနားမွာပင္ရွိသည္။ မီးပြတ္ေယာက်္ားကဲ့သို႔ မေနမနားအားထုတ္ရမည္ျဖစ္သည္။

နိဗၺာန္ဟာ တည္ရာရွိပါသလား

မိလိႏၵမင္းႀကီးက နိဗၺာန္ဟာ တည္ရွိပါသလား၊ ဘယ္ေနရာမွာ တည္ေနပါသလဲ – လို႔ ေမးသျဖင့္ ရွင္နာဂသိန္က တကာေတာ္မင္းႀကီး နိဗၺာန္ဟာ တည္ရာမရွိဘူး၊ ဘယ္ေနရာ တည္တယ္လို႔မဆိုနိုင္ဘူးလို႔ ေျဖဆိုသျဖင့္ မင္းႀကီးက အရွင္ဘုရား ဒါျဖင့္ နိဗၺာန္ဟာ မရွိေတာ့ဘူးလား၊ နိဗၺာန္ရ တယ္ဆိုတာ ဘယ္လိုနည္းနဲ႔ ရနိုင္ပါသလဲ။

နိဗၺာန္ရတယ္ဆိုတာ ဘယ္လိုရနိုင္ပါသလဲ

ရွင္နာဂသိန္က မင္းႀကီး နိဗၺာန္ရွိတာမွန္သည္။ သို႔ရာတြင္ နိဗၺာန္ကို ကံတိုက္လို႔ျဖင့္ ဘယ္နည္းႏွင့္မွ မရနိုင္ပါ၊ ဉာဏ္ တိုက္မွသာ ရနိုင္ပါသည္။ ဒါန၊ သီလ၊ သမထမႈျဖင့္ ရနိုင္ ေရာက္နိုင္ရန္ အခြင့္မရွိပါ။ ဝိပသနာ ဘာဝန၁ကို အခါခါပြားယူမွ ရနိုင္ေရာက္နိုင္သည္။ ဝိပနာဉာဏ္ထက္သန္သျဖင့္ တစ္ဆင့္တက္ၿပီး မဂ္ဉာဏ္က်မွ နိဗၺာန္ရနိုင္ေၾကာင္း ေျဖၾကားေတာ္မူသည္။

နိဗၺာန္ရခ်င္ယင္ ဘာလုပ္ရမလဲ

နိဗၺာန္ရခ်င္ယင္ ေရွ႕က ဝိပသာနာ သမၼာဒိ႒ိ နဲ႔ ႀကိဳးစားၿပီး ခႏၶာမွာေပၚလာသမၽွ ျဖစ္ပ်က္ရႈရပါမည္။ ရႈအားမ်ား လာ၍ ဉာဏ္ရင့္လာယင္ ရႈေနရင္းႏွင့္ ျဖစ္ပ်က္မရွိေသာဘက္ သို႔ ဉာဏ္လွည့္သြားသည္။ အဲဒါ နိဗၺာန္ပင္ ျဖစ္ေၾကာင္း ရွင္နာဂသိန္က အမိန႔္ရွိပါသည္။

ဆရာေတာ္ဘုရားက နိဗၺာန္ ရလို၊ ေရာက္လိုလၽွင္ ပဋိစၥသမုပၸါဒ္ ျဖတ္ပုံဆက္ပုံ နားလည္ေအာင္လုပ္ပါ။ ပဋိစၥသမုပၸါဒ္ နားမလည္လၽွင္ ဘယ္ေတာ့မွမရဟု ဆုံးျဖတ္ခ်က္ခ်ရန္ မိန႔္ ၾကားၿပီး ပဋိစၥသမုပၸါဒ္ နားလည္ေအာင္ ႀကိဳးစားအားထုတ္ရန္ အႀကိမ္ႀကိမ္တိုက္တြန္းထားပါသည္။

အဂၢိဝစၧပုဏၰား ေမးသျဖင့္ နိဗၺာန္ႏွင့္ ပတ္သက္၍ ျမတ္စြာဘုရား ေဟာၾကားရာတြင္ ျဖစ္ပ်က္ ရႈေသာအယူ၊ ျဖစ္ပ်က္ျမင္ေသာ အယူသည္ ငါဘုရား၏ အယူျဖစ္သည္၊ ရရွိေသး အက်ိဳးေက်းဇူးမ်ားမွာ ျဖစ္ပ်က္ရႈသျဖင့္ တဏွ၊ မာန၊ ဒိ႒ိ ခ်ဳပ္ၿပီး ကိေလသာခ်ဳပ္၊ ခႏၶာခ်ဳပ္ပါသည္။ သမုဒယသစၥာ ကိေလသာသည္ မီးျဖစ္ၿပီး ခႏၶသည္ ေလာင္စာျဖစ္ရာ ေလာင္စာသိမ္း၍ မီးၿငိမ္းသြားျခင္းသည္ နိဗၺာန္ျဖစ္ပါသည္။

ဝဋ္ကၽြတ္ျခင္းသေဘာျဖင့္ၾကည့္ပါလၽွင္ ကိေလသဝဋ္ ျဖစ္ေသာ တဏွာႏွင့္ဥပါဒါန္ ခ်ဳပ္ေပ်ာက္ျခင္းေၾကာင့္ ကမၼဝဋ္ျဖစ္ေသာကံမလာေတာ့ပါ၊ ဝိပါကဝဋ္ ျဖစ္ေသာ ေနာက္ခႏၶာငါးပါးလည္း မျဖစ္သျဖင့္ ဝဋ္သုံးပါး ကၽြတ္သြားျခင္းသည္ နိဗၺာန္ျဖစ္ပါသည္။

ပဋိစၥသမုပၸါဒ္သေဘာမွာ တဏွာ၊ဥပါဒါန္၊ကံ အေၾကာင္းခ်ဳပ္သျဖင့္ အက်ိဳးခႏၶာ ခ်ဳပ္ျခင္းသည္ နိဗၺာန္ျဖစ္သည္။ သစၥာအလိုမွာ သမုဒယသစၥာသုံးပါး ခ်ဳပ္သျဖင့္ ဒုကၡသစၥာ ခႏၶာငါးပါး ခ်ဳပ္ျခင္းသည္ နိဗၺာန္ ျဖစ္ပါသည္။ သို႔ျဖစ္၍ ပဋိစၥသမုပၸါဒ္ တရားေတာ္အတိုင္း အေၾကာင္းခ်ဳပ္၍ အက်ိဳးခ်ဳပ္ျခင္းသည္ နိဗၺာန္ပင္ျဖစ္ပါသည္။

နိဗၺာန္သည္ ရွိပါသလား – မရွိဘူးလား ဟု ေမးပါလၽွင္ျမတ္စြာဘုရားက ရဟန္းတို႔ နိဗၺာန္သည္ရွိသည္ ဟု ေဟာၾကား ထားၿပီးျဖစ္သည္။ နိဗၺာန္သည္ နာမ္သေဘာ ႐ုပ္သေဘာ ရွိသလားဟုေမးပါလၽွင္ ၿငိမ္းေအးေသာသေဘာ ရွိပါသည္။ေအးခ်မ္းေသာေနရာကေလးသည္ ၿငိမ္ၿငိမ္သက္သက္ သေဘာသတၱိရွိသည္၊ ေရႊ႕ေျပာင္းေသာ သေဘာ မရွိ၊ လုံးရပ္ သဏၭာန္မရွိဟု ျမတ္ဘုရား ေဟာၾကားေတာ္မူပါသည္။

ကိေလသာသိမ္း၊ ခႏၶာသိမ္းေသာပုဂၢိဳလ္သည္ ၿငိမ္းေအးေသာ သေဘာသာ ေရာက္သြားသည္၊ ဘယ္မွမသြားပါ။ေလာင္စာသိမ္း၍ မီးၿငိမ္းေသာသေဘာရွိသည္၊ နိဗၺာန္သည္ ရႈေသာပုဂၢိဳလ္၌ ကိုယ္တိုင္ျမင္ရေသာ တရားမ်ိဳး ျဖစ္ပါသည္။

နိဗၺာန္ကို အားလုံးေသာပုဂၢိဳလ္မ်ား ရနိုင္ပါသလား ဟု ေမးပါလၽွင္ ရွင္နာဂသိန္မေထရ္ျမတ္က ေျဖၾကားထားသည္ မွာ အားလုံးေသာပုဂၢိဳလ္တို႔ မရနိုင္ေပဘူး ဟု ႁမြက္ၾကားပါသည္။

နိဗၺာန္ကို ဘယ္လိုပုဂၢိဳလ္မ်ား ရနိုင္မလဲ

မိလိႏၵမင္းႀကီးအား ရွင္နဂသိန္မေထရ္ႀကီး မိန႔္ၾကားရာတြင္ – မင္းႀကီး “အဘိေညယ် အဘိဇာနာတိ” ထိုးထြင္းၿပီးသိရမည့္ တရားျဖစ္သျဖင့္ ထိုးထြင္းၿပီးသိေသာပုဂၢိဳလ္မွာ နိဗၺာန္ကို ရနိုင္သည္ဟု ေျဖေတာ္မူပါသည္။

နိဗၺာန္ခ်မ္းသာသည္ ဘယ္ခ်မ္းသာႏွင့္ တူပါသလဲ

မိလိႏၵမင္းႀကီးက အရွင္ဘုရား နိဗၺာန္ခ်မ္းသာသည္ ဘယ္ခ်မ္းသာႏွင့္တူပါသလဲ – ဟု ေမးျမန္းသျဖင့္ ရွင္နာဂသိန္ မေထရ္ျမတ္က -မင္းႀကီး ဥပမာအားျဖင့္ေျပာရယင္ ပဋိသေႏၶ ကတည္းကပင္မ်က္စိမျမင္ေသာလူက အျဖဴဆိုတာ ဘယ္လိုဟာတုံး၊ အနီဆိုတာ ဘယ္လိုဟာတုံး၊ ေနဆိုတာ ဘာႏွင့္တူသတုံး လို႔ေမးတာႏွင့္ တူေနပါသည္။ သူ႔မွာ မ်က္စိ ပါမလာသျဖင့္ ေလာက၌ရွိေသာအရာဝတၳဳမ်ားကို မည္သို႔မၽွ ခြဲျခမ္းၿပီးသိနိုင္မည္မဟုတ္ပါ။

ဤဥပမာအတိုင္း ေလာက တြင္ရွိေနၾကေသာ ေလာကသားမ်ားအဖို႔ ေလာကႏွင့္တန္ေသာ မ်က္စိသာပါလာၾကပါသည္။ ေလာကထက္လြန္ေသာ၊ေလာကမွာရွိေသာ ခ်မ္းသာမ်ိဳးမ်ားႏွင့္ႏွိုင္းယွဥ္မရေသာ ေလာကုတၱရာနိဗၺာန္ခ်မ္းသာသည္ ေလာက၌မည္သည့္ ခ်မ္းသာႏွင့္မွ တူသည္ဟု မဆိုနိုင္ပါ၊ နိဗၺာန္ႏွင့္တူေသာ ခ်မ္းသာသည္ ေလာက၌မရွိ – ဟု မွတ္ရန္ ေျဖဆိုေတာ္ မူပါသည္။

အေၾကာင္းသုံးပါးလြတ္ေသာ နိဗၺာန္

မိလိႏၵမင္းႀကီးက အရွင္ဘုရား ကံအေၾကာင္းတရား၊ ေဟတုအေၾကာင္းတရား စသည္တို႔ႏွင့္ မပတ္သက္ေသာတရားကို ေျပာၾကားပါရန္ ေလၽွာက္ထားသျဖင့္။ ရွင္နာဂသိန္မေထရ္က- မင္းႀကီး ဟာလာဟင္းလင္း ျဖစ္ေနေသာ ေကာင္းကင္ႀကီးသည္ ဘယ္သူမွ လုပ္ထားျခင္းမဟုတ္ပါ၊ အေၾကာင္းတရားသုံးပါးမွ လြတ္ပါသည္။ နိဗၺာန္သည္လည္း ကံကလုပ္ထားျခင္းမဟုတ္ပါ။ ေဟတု အစရွိသည္တို႔ကလုပ္ထားျခင္းလည္းမဟုတ္သျဖင့္ အေၾကာင္းသုံးပါး လႊတ္ၿပီး အျမဲတမ္းရွိသည္ဟု ဆိုေတာ္မူပါသည္။

နိဗၺာန္သည္ ကံအက်ိဳးမဟုတ္ပါ၊ အေၾကာင္းကံက လုပ္ထားျခင္းမဟုတ္ပါ၊ ဉာဏ္အက်ိဳးျဖစ္၍ နိဗၺာန္သြားလိုလၽွင္ ဉာဏ္စခန္းအလုပ္ လုပ္ရမည္ ျဖစ္သည္။ ဉာဏ္နဲ႔လုပ္ရမည္ မွန္ေသာ္လည္း နိဗၺာန္သည္ ဉာဏ္ကလုပ္ထားေသာ နိဗၺာန္မဟုတ္ပါ၊ ဉာဏ္ကပို႔မည့္နိဗၺာန္သာျဖစ္ေၾကာင္း ဆရာေတာ္ဘုရားက ေဟာပါသည္။

ဉာဏ္လကၡဏာႏွင့္ နိဗၺာန္

မိလိႏၵမင္းႀကီးက အရွင္ဘုရား-ဉာဏ္၏လကၡဏာကို ေျပာၾကပါရန္ လၽွာက္ထားသျဖင့္ ရွင္န၁သိန္မေထရ္က – တကာႀကီး၊ ဉာဏ္ဆိုသည္မွာ ထိုးထြင္းသိျမင္ေသာ စြမ္းရည္ သတၱိရွိသည္။ ဥပမာ-တကာႀကီး ေမွာင္ထဲမွာမီးထြန္းလိုက္ပါ။ အေမွာင္ေပ်ာက္ၿပီး အလင္းေရာက္ပါသည္။ သို႔ျဖစ္၍ မီးသည္ အလင္းေပးသည္၊ အေမွာင္ေပ်ာက္သည္၊ ရွိေနေသာ ပစၥည္း ကို ျမင္ေအာင္ျပသည္။ ထို႔အတူပင္ ဉာဏ္၏ လကၡဏာသည္ အဝိဇၨာေမွာင္ကို ေဖ်ာက္ေပးသည္၊ ပညာတည္းဟူေသာ အေရာင္လင္းလည္း ထြက္သည္၊ ရွိေနေသာနိဗၺာန္ကိုလည္း ျပပါသည္။

နိဗၺာန္ကို ဘာေၾကာင့္ မေတြ႕မျမင္ၾကသနည္း

နိဗၺာန္ကို မေတြ႕၊ မျမင္၊ မေရာက္ၾကျခင္းသည္ အဝိဇၨာ အေမွာင္ထုႀကီး ေရွ႕ကခံေန၍ ျဖစ္သည္။ ပညာအလင္းေရာင္ မရွိသျဖင့္ အျမဲတမ္းရွိ နိဗၺာန္ကို မေတြ႕ရျခင္းျဖစ္သည္။ သို႔ျဖစ္၍ နိဗၺာန္ေတြ႕နိုင္ရန္ ဉာဏ္ကိုအေရးထားရမည္။ ဉာဏ္ကမွ နိဗၺာန္ကိုျမင္နိုင္ေၾကာင္း ေဟာၾကားေတာ္မူသည္။

နိဗၺာန္ ကိုယ္တိုင္ရေအာင္ လုပ္ထားၾကပါ

ဆရာေတာ္ဘုရားက – ဒို႔ တကာေတြ အင္မတန္ကံေကာင္းၾကလို႔ပဲ၊ ဘုရားေဟာေတာ္မူတဲ့စကားေတာ္ေတြ ဆရာေကာင္း သမားေကာင္းနဲ႔ ေတြ႕ၾကရလို႔ သိၾကရတာ၊ အေၾကာင္းအက်ိဳး နားလည္ၾကရတာ၊ သာမည မေအာက္ေမ့ၾကနဲ႔၊နက္နက္နဲနဲ သိတဲ့ပုဂၢိဳလ္က သူသိသလို သိပါေစ ဆိုတဲ့ ေစတနာနဲ႔ တိုက္တြန္းတဲ့ ကိစၥ ျဖစ္တယ္၊ ေျပာျပတဲ့ပုဂၢိဳလ္ကလဲ သူ႔ ပါရမီနဲ႔သူလာေပလို႔ ေျပာျပနိုင္တယ္။ ေလးေလးစားစား လိုက္နာ အားထုတ္ၾက၊ ကိုယ့္အနိစၥ မၾကဳံခင္ ကိုယ္မေသခင္မွာသာ ကိုယ့္သာသနာရွိတာပါ၊ အခ်ိန္မ်ားမ်ားစားစား မရွိေတာ့ဘူး၊ ထမင္းမစားရခ်င္ေနပါေစ၊ ဒီအလုပ္ကိုျဖင့္ အလ်င္ၿပီးေအာင္ လုပ္လိုက္ၾကပါလို႔ ေလးေလးနက္နက္ႀကီး တိုက္တြန္းပါတယ္– ဟု ေဟာၾကားေတာ္မူပါသည္။

နိဗၺာန္ကို ဘယ္လိုေတြ႕နိုင္မလဲ

နိဗၺာန္သည္ ျဖစ္ဆဲလဲမဟုတ္၊ ျဖစ္ၿပီးလဲမဟုတ္၊ ျဖစ္လတၱံ့တရားလဲမဟုတ္၊ သူတစ္ပါးက ျဖစ္ေစတဲ့ တရားလဲ မဟုတ္၊အတိတ္၊ အနာဂတ္၊ ပစၥဳပၸန္ ကာလသုံးပါးက လြတ္သည္ဟု အမိန႔္ရွိထားရာ မိလိႏၵမင္းႀကီးက – အရွင္ဘုရား နိဗၺာန္ကို ဘယ္လိုေတြ႕နိုင္မလဲ၊ ေတြ႕ေအာင္ ဘယ္လိုရွာရမွာလဲ – ဟု ေမးျမန္းသျဖင့္ မေထရ္ျမတ္က အရွင္မင္းႀကီး နိဗၺာန္သည္ ကာလသုံးပါးက အလြတ္ျဖစ္ေသာ္လည္း နိဗၺာန္ကို မေနာ(စိတ္)ႏွင့္ေတြ႕နိုင္သည္၊ နိဗၺာန္ေတြ႕လိုလၽွင္ မေနာႏွင့္ ရႈရမည္။ မေနာမွာေတြ႕နိုင္သည္ဟု ေျဖဆိုေတာ္မူသည္။

နိဗၺာန္ကို ဘယ္မေနာ(စိတ္)ႏွင့္ ရွာမလဲ

နိဗၺာန္ကို စင္ၾကယ္ေသာမေနာ(စိတ္)ျဖင့္ရွာရမည္၊ စင္ၾကယ္ မေနာသည္ ကိေလသာမေရာေသာ မေနာကို ေျပာျခင္းျဖစ္ရာ နိဗၺာန္ ျမင္လိုလၽွင္ စင္ၾကယ္ေသာဉာဏ္ ကိုယ္ပိုင္ရေအာင္လုပ္ ရပါမည္။ ကိေလသာႏွင့္အဆက္အသြယ္ျပတ္ေသာ မေနာသည္ မဂ္ဉာဏ္ျဖစ္၍ နိဗၺာန္ကိုအာ႐ုံျပဳနိုင္ပါသည္၊ သို႔ရာတြင္ဝိပႆနာရႈျခင္းသည္ အာသဝနယ္ထဲမွ စိတ္ကို ရႉေနျခင္းသာ ျဖစ္၍ ဝိပႆနာဉာဏ္ႏွင့္လည္း နိဗၺာန္ကို အာ႐ုံ မျပဳနိုင္ ေသးပါ၊ နိဗၺာန္ကို မျမင္နိုင္ေသးပါ။

နိဗၺာန္ရွာလိုလၽွင္ ကိုယ့္ကိုယ္ကို အဆင့္ဆင့္တက္ျခင္းျဖင့္ စင္ၾကယ္လာလၽွင္ ဉာဏ္ထက္လာမည္၊ ကိေလသာေဝးေလေလ ဉာဏ္ထက္လာေလေလ ျဖစ္သျဖင့္ ဉာဏ္ စင္ၾကယ္လာမည္။ စင္ၾကယ္ယင္ နိဗၺာန္ျမင္သည္ဟု မွတ္ရန္ ဆရာေတာ္ဘုရား ေဟာၾကားပါသည္။

ယမကရဟန္း၏ နိဗၺာန္ေျဖၾကားပုံ

ယမက ေသာတာပန္တည္သြားေသာအခါ ရွင္သာရိပုတၱရာ မေထရ္ျမတ္က – ရွင္ယမက ရဟႏၲာေသယင္ဘယ္သြားသလဲဟု ေမးျမန္းရာ ယမကရဟန္းက ေျဖၾကားသည္မွာ-

အရွင္ဘုရား၊ ခႏၶာငါးပါးသည္ အနိစၥတရား၊ အနိစၥတရားသည္ ဒုကၡတရား ျဖစ္ပါသည္။ အဲဒီ ဒုကၡတရားေတြ ကုန္ဆုံးသြားသည္ – ဟု ေျဖၾကားသြားပါသည္။

နိဗၺာန္သည္ ဒုကၡသိမ္းသြားျခင္း ျဖစ္သည္၊ ၿငိမ္းေအးျခင္း သေဘာ ေရာက္သြားသည္။ နိဗၺာန္သည္ ဒုကၡေတြကုန္ဆုံးသည့္ေနရာ၊ သုခသက္သက္ႏွင့္ေနျခင္းျဖစ္သည္ဟု ေဟာၾကားေတာ္ မူပါသည္။

unicode

တစ်သက်မှာ တစ်ခါ ကြုံရခဲတဲ့ ရဟန္တာ တစ်ပါး ခန္ဓာဝန်ချ ပရိနိဗ္ဗာန်စံဝင်ချိန်(ရုပ်သံ)

အရှင်ဘုရားတို့သိမြင်ရရှိအပ်သောတရားထူး တရားမြတ်များအား တပည့်တော်လည်းသိမြင်ရပါလို၏

video ဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

နိဗ္ဗာန် အကြောင်း (၁)

ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟူပဏ္ဍိတ မိုးကုတ် ဆရာတော် (အမရပူရမြို့ – မင်္ဂလတိုက်ဟောင်း) ဟောကြားတော်မူသော ဝိပဿနာ လုပ်ငန်းစဉ် အလုပ်ပေးတရားတော် အမှတ်စဉ် (၃၆) စာအုပ် အမှာစာ အပိုင်း မှ ထုတ်ယူထားသည်။

အမှာစာ

ဆရာတော်ဘုရားက အသေအချာဟောကြားထားသည်မှာ “နိဗ္ဗာန်သဘောမကျဘဲ ဝိပဿနာ အားထုတ်နေလျှင်မရပါ” ဟု ဖြစ်ပါသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန် နှင့်ပတ်သက်၍ နားလည်ထားသင့်ပါသည်။ သို့သော် သိရှိရန် မှာ သိမ်မွေ့ နက်နဲ ခက်ခဲလှပါသည်။

ဥပမာ – နိဗ္ဗာန်ဆိုတာ ရုပ်နာမ်သိမ်းသွားသည်။ ကိလေသာ သိမ်းသွားသည်။ ဘာမှမရှိတာနိဗ္ဗာန်ဟု ယူလိုက်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်ဆိုတာ ရွှေပြည်မြတ်ကြီး၊ ခိုင်မြဲမြို့ပြကြီးဟုယူလိုက်လျှင် သဿတဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်မဂ်ဖိုလ် ဝဋ်တိုတိုနှင့်ရလိုပါ၏ဟု ဆုတောင်းသူများသည် ရမ်းတောင်းနေသူများသာ ဖြစ်သည်။ သို့ဖြစ်၍ ဆရာတော်ဘုရား၏ နိဗ္ဗာန်တရားတော်များကို စုပေါင်းပြုစုပြီး ရေးသား လိုက်ရပါသည်။

နိဗ္ဗာန်ဆိုတာ ဘာတုံး

နိဗ္ဗာန်ဆိုတာကတော့ အများနဲ့ဆက်ဆံတဲ့တရားမျိုးမဟုတ်ပါ။ နိဗ္ဗာန်ဆိုတာ ထူးမှ၊ ထူးခြားတဲ့လူမှရနိုင်-ရောက်နိုင်သည်။ ထူးခြားတဲ့လူ ဖြစ်အောင်လုပ်ပြီး ရှာကြည့်ဖို၊ စုံစမ်း စမ်းသပ်ကြည့်ဖို့ ကောင်းပါသည်။

နိဗ္ဗာန်ဆိုတာ ရှိပါသလား

ရှင်နာဂသိန်မထေရ်မြတ်ကို မိလိန္ဒမင်းကြီးက- အရှင်ဘုရား နိဗ္ဗာန်ဆိုတာ ရှိပါသလား ဟု မေးသဖြင့် မထေရ်မြတ်က မင်းကြီး… နိဗ္ဗာန်သည် ရှိသည် ဟု ဖြေကြားတော်မူသည်။ မင်းကြီးက ဆက်လက်၍ “အရှင်ဘုရား နိဗ္ဗာန်သည် ပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လား၊ ဘယ်ကာလမှစ ရှိပါသလဲ ဟု မေးရာ မထေရ်မြတ်က “အားလုံးမဟုတ်ဘဲ နိဗ္ဗာန်ရှိသည်မှာ မှန်သည်။ သို့သော် ကာလသုံးပါး က အလွတ် ဖြစ်သည် ဟု ဖြေဆိုတော်မူသည်။

နိဗ္ဗာန်ဟာ မရှိဘူးလို့ ဆိုရမှာလား

မင်းကြီးက – “အရှင်ဘုရား၊ ဒါဖြင့် နိဗ္ဗာန်မရှိပါဟု ဆိုရမှာပေ့ါဘုရား” ဟု လျှောက်ထားပြန်ရာ မထေရ်မြတ်က ဥပမာပြ၍ ဖြေဆိုတော်မူပါသည်။

မင်းကြီး ဝါးစိမ်းနှစ်လုံးထဲတွင် နဂိုက မီးရှိနှင့်သလား – ဟု မေးရာ မရှိနှင့်ပါဟု ဖြေသဖြင့် ယင်းဝါးနှစ်လုံးကို အချင်းချင်း ကြာကြာပွတ်တိုက်လိုက်လျှင် မီးရှိမလာပေဘူးလား ဟု မထေရ်မြတ်က မေးပြန်ရာ မင်းကြီးက မီးရှိလာပါတယ်ဘုရားဟု ဖြေကြားတော်မူသည်။ ဆက်လက်၍ မင်းကြီး ထိုဥပမာ အတိုင်းပင် နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း အားထုတ်မှု လုံ့လဝီရိယ အစွမ်းကြောင့် ပေါ်လာရသည်။ အားထုတ်သူအဖို့၌ နိဗ္ဗာန်သည် ရှိသည်ဟု မှတ်ရမည် ဖြစ်ကြောင်း မထေရ်မြတ်က ဖြေဆိုသဖြင့် မင်းကြီးက မှန်လှပါ သဘောကျ ကျေနပ်ပါပြီဘုရား ဟု လျှောက်ထားတော်မူသည်။

နိဗ္ဗာန်သည် လုံးရပ်သဏ္ဌာန်နှင့် ထင်ရှားရှိသလား

မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ဟာ အထည်ဒြပ်သဏ္ဌာန်နဲ့ ထင်ရှားရှိပါသလား၊ ထင်ရှားမရှိဘူးလားလို့ မေးလျှောက်သဖြင့် ရှင်နာဂသိန်မထေရ် – တကာတော်မင်းကြီး နိဗ္ဗာန်ဟာ ဒြပ်သဏ္ဌာန်နဲ့တော့ ထင်ရှားမရှိဘူးဟု ဖြေသဖြင့် မင်းကြီးက ဒါဖြင့်ဘုရား နိဗ္ဗာန်ဟာ ထင်ရှားမရှိဘူး ဆိုယင် နိဗ္ဗာန်ကို အာရုံပြုတယ် ဆိုတဲ့ စကားသည် အလကားမဖြစ်ပေဘူးလား ဟု မေးပြန်ပါသည်။

ရှင်နာဂသိန်က ယခင်ဥပမာအတိုင်းဖြေဆိုရာ၌ – ၀ါးနှစ်လုံးထဲမှာ နဂိုက မီးမပါသော်လည်း ပွတ်ပါများလျှင် မီးထွက်လာပြီး မပွတ်လျှင် မီးမထွက်သကဲ့သို့ နိဗ္ဗာန်သည် အားထုတ်မှ ပေါ်လာသည်။ အားထုတ်တဲ့ပုဂ္ဂိုလ်မှသာ မြင်နိုင်သည်၊ တွေ့နိုင်သည်။ အားမထုတ်လျှင် မမြင်နိုင်ပေဘူးဟု မိန့်တော်မူသည်။ နိဗ္ဗာန်သည် အားထုတ်သူများအတွက် ကိုယ်အနားမှာပင်ရှိသည်။ မီးပွတ်ယောကျ်ားကဲ့သို့ မနေမနားအားထုတ်ရမည်ဖြစ်သည်။

နိဗ္ဗာန်ဟာ တည်ရာရှိပါသလား

မိလိန္ဒမင်းကြီးက နိဗ္ဗာန်ဟာ တည်ရှိပါသလား၊ ဘယ်နေရာမှာ တည်နေပါသလဲ – လို့ မေးသဖြင့် ရှင်နာဂသိန်က တကာတော်မင်းကြီး နိဗ္ဗာန်ဟာ တည်ရာမရှိဘူး၊ ဘယ်နေရာ တည်တယ်လို့မဆိုနိုင်ဘူးလို့ ဖြေဆိုသဖြင့် မင်းကြီးက အရှင်ဘုရား ဒါဖြင့် နိဗ္ဗာန်ဟာ မရှိတော့ဘူးလား၊ နိဗ္ဗာန်ရ တယ်ဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်ပါသလဲ။

နိဗ္ဗာန်ရတယ်ဆိုတာ ဘယ်လိုရနိုင်ပါသလဲ

ရှင်နာဂသိန်က မင်းကြီး နိဗ္ဗာန်ရှိတာမှန်သည်။ သို့ရာတွင် နိဗ္ဗာန်ကို ကံတိုက်လို့ဖြင့် ဘယ်နည်းနှင့်မှ မရနိုင်ပါ၊ ဉာဏ် တိုက်မှသာ ရနိုင်ပါသည်။ ဒါန၊ သီလ၊ သမထမှုဖြင့် ရနိုင် ရောက်နိုင်ရန် အခွင့်မရှိပါ။ ဝိပသနာ ဘာဝန၁ကို အခါခါပွားယူမှ ရနိုင်ရောက်နိုင်သည်။ ဝိပနာဉာဏ်ထက်သန်သဖြင့် တစ်ဆင့်တက်ပြီး မဂ်ဉာဏ်ကျမှ နိဗ္ဗာန်ရနိုင်ကြောင်း ဖြေကြားတော်မူသည်။

နိဗ္ဗာန်ရချင်ယင် ဘာလုပ်ရမလဲ

နိဗ္ဗာန်ရချင်ယင် ရှေ့က ဝိပသာနာ သမ္မာဒိဋ္ဌိ နဲ့ ကြိုးစားပြီး ခန္ဓာမှာပေါ်လာသမျှ ဖြစ်ပျက်ရှုရပါမည်။ ရှုအားများ လာ၍ ဉာဏ်ရင့်လာယင် ရှုနေရင်းနှင့် ဖြစ်ပျက်မရှိသောဘက် သို့ ဉာဏ်လှည့်သွားသည်။ အဲဒါ နိဗ္ဗာန်ပင် ဖြစ်ကြောင်း ရှင်နာဂသိန်က အမိန့်ရှိပါသည်။

ဆရာတော်ဘုရားက နိဗ္ဗာန် ရလို၊ ရောက်လိုလျှင် ပဋိစ္စသမုပ္ပါဒ် ဖြတ်ပုံဆက်ပုံ နားလည်အောင်လုပ်ပါ။ ပဋိစ္စသမုပ္ပါဒ် နားမလည်လျှင် ဘယ်တော့မှမရဟု ဆုံးဖြတ်ချက်ချရန် မိန့် ကြားပြီး ပဋိစ္စသမုပ္ပါဒ် နားလည်အောင် ကြိုးစားအားထုတ်ရန် အကြိမ်ကြိမ်တိုက်တွန်းထားပါသည်။

အဂ္ဂိဝစ္ဆပုဏ္ဏား မေးသဖြင့် နိဗ္ဗာန်နှင့် ပတ်သက်၍ မြတ်စွာဘုရား ဟောကြားရာတွင် ဖြစ်ပျက် ရှုသောအယူ၊ ဖြစ်ပျက်မြင်သော အယူသည် ငါဘုရား၏ အယူဖြစ်သည်၊ ရရှိသေး အကျိုးကျေးဇူးများမှာ ဖြစ်ပျက်ရှုသဖြင့် တဏှ၊ မာန၊ ဒိဋ္ဌိ ချုပ်ပြီး ကိလေသာချုပ်၊ ခန္ဓာချုပ်ပါသည်။ သမုဒယသစ္စာ ကိလေသာသည် မီးဖြစ်ပြီး ခန္ဓသည် လောင်စာဖြစ်ရာ လောင်စာသိမ်း၍ မီးငြိမ်းသွားခြင်းသည် နိဗ္ဗာန်ဖြစ်ပါသည်။

ဝဋ်ကျွတ်ခြင်းသဘောဖြင့်ကြည့်ပါလျှင် ကိလေသဝဋ် ဖြစ်သော တဏှာနှင့်ဥပါဒါန် ချုပ်ပျောက်ခြင်းကြောင့် ကမ္မဝဋ်ဖြစ်သောကံမလာတော့ပါ၊ ဝိပါကဝဋ် ဖြစ်သော နောက်ခန္ဓာငါးပါးလည်း မဖြစ်သဖြင့် ဝဋ်သုံးပါး ကျွတ်သွားခြင်းသည် နိဗ္ဗာန်ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်သဘောမှာ တဏှာ၊ဥပါဒါန်၊ကံ အကြောင်းချုပ်သဖြင့် အကျိုးခန္ဓာ ချုပ်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ သစ္စာအလိုမှာ သမုဒယသစ္စာသုံးပါး ချုပ်သဖြင့် ဒုက္ခသစ္စာ ခန္ဓာငါးပါး ချုပ်ခြင်းသည် နိဗ္ဗာန် ဖြစ်ပါသည်။ သို့ဖြစ်၍ ပဋိစ္စသမုပ္ပါဒ် တရားတော်အတိုင်း အကြောင်းချုပ်၍ အကျိုးချုပ်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်ပါသည်။

နိဗ္ဗာန်သည် ရှိပါသလား – မရှိဘူးလား ဟု မေးပါလျှင်မြတ်စွာဘုရားက ရဟန်းတို့ နိဗ္ဗာန်သည်ရှိသည် ဟု ဟောကြား ထားပြီးဖြစ်သည်။ နိဗ္ဗာန်သည် နာမ်သဘော ရုပ်သဘော ရှိသလားဟုမေးပါလျှင် ငြိမ်းအေးသောသဘော ရှိပါသည်။အေးချမ်းသောနေရာကလေးသည် ငြိမ်ငြိမ်သက်သက် သဘောသတ္တိရှိသည်၊ ရွှေ့ပြောင်းသော သဘော မရှိ၊ လုံးရပ် သဏ္ဌာန်မရှိဟု မြတ်ဘုရား ဟောကြားတော်မူပါသည်။

ကိလေသာသိမ်း၊ ခန္ဓာသိမ်းသောပုဂ္ဂိုလ်သည် ငြိမ်းအေးသော သဘောသာ ရောက်သွားသည်၊ ဘယ်မှမသွားပါ။လောင်စာသိမ်း၍ မီးငြိမ်းသောသဘောရှိသည်၊ နိဗ္ဗာန်သည် ရှုသောပုဂ္ဂိုလ်၌ ကိုယ်တိုင်မြင်ရသော တရားမျိုး ဖြစ်ပါသည်။

နိဗ္ဗာန်ကို အားလုံးသောပုဂ္ဂိုလ်များ ရနိုင်ပါသလား ဟု မေးပါလျှင် ရှင်နာဂသိန်မထေရ်မြတ်က ဖြေကြားထားသည် မှာ အားလုံးသောပုဂ္ဂိုလ်တို့ မရနိုင်ပေဘူး ဟု မြွက်ကြားပါသည်။

နိဗ္ဗာန်ကို ဘယ်လိုပုဂ္ဂိုလ်များ ရနိုင်မလဲ

မိလိန္ဒမင်းကြီးအား ရှင်နဂသိန်မထေရ်ကြီး မိန့်ကြားရာတွင် – မင်းကြီး “အဘိညေယျ အဘိဇာနာတိ” ထိုးထွင်းပြီးသိရမည့် တရားဖြစ်သဖြင့် ထိုးထွင်းပြီးသိသောပုဂ္ဂိုလ်မှာ နိဗ္ဗာန်ကို ရနိုင်သည်ဟု ဖြေတော်မူပါသည်။

နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့် တူပါသလဲ

မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့်တူပါသလဲ – ဟု မေးမြန်းသဖြင့် ရှင်နာဂသိန် မထေရ်မြတ်က -မင်းကြီး ဥပမာအားဖြင့်ပြောရယင် ပဋိသန္ဓေ ကတည်းကပင်မျက်စိမမြင်သောလူက အဖြူဆိုတာ ဘယ်လိုဟာတုံး၊ အနီဆိုတာ ဘယ်လိုဟာတုံး၊ နေဆိုတာ ဘာနှင့်တူသတုံး လို့မေးတာနှင့် တူနေပါသည်။ သူ့မှာ မျက်စိ ပါမလာသဖြင့် လောက၌ရှိသောအရာဝတ္ထုများကို မည်သို့မျှ ခွဲခြမ်းပြီးသိနိုင်မည်မဟုတ်ပါ။

ဤဥပမာအတိုင်း လောက တွင်ရှိနေကြသော လောကသားများအဖို့ လောကနှင့်တန်သော မျက်စိသာပါလာကြပါသည်။ လောကထက်လွန်သော၊လောကမှာရှိသော ချမ်းသာမျိုးများနှင့်နှိုင်းယှဉ်မရသော လောကုတ္တရာနိဗ္ဗာန်ချမ်းသာသည် လောက၌မည်သည့် ချမ်းသာနှင့်မှ တူသည်ဟု မဆိုနိုင်ပါ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာသည် လောက၌မရှိ – ဟု မှတ်ရန် ဖြေဆိုတော် မူပါသည်။

အကြောင်းသုံးပါးလွတ်သော နိဗ္ဗာန်

မိလိန္ဒမင်းကြီးက အရှင်ဘုရား ကံအကြောင်းတရား၊ ဟေတုအကြောင်းတရား စသည်တို့နှင့် မပတ်သက်သောတရားကို ပြောကြားပါရန် လျှောက်ထားသဖြင့်။ ရှင်နာဂသိန်မထေရ်က- မင်းကြီး ဟာလာဟင်းလင်း ဖြစ်နေသော ကောင်းကင်ကြီးသည် ဘယ်သူမှ လုပ်ထားခြင်းမဟုတ်ပါ၊ အကြောင်းတရားသုံးပါးမှ လွတ်ပါသည်။ နိဗ္ဗာန်သည်လည်း ကံကလုပ်ထားခြင်းမဟုတ်ပါ။ ဟေတု အစရှိသည်တို့ကလုပ်ထားခြင်းလည်းမဟုတ်သဖြင့် အကြောင်းသုံးပါး လွှတ်ပြီး အမြဲတမ်းရှိသည်ဟု ဆိုတော်မူပါသည်။

နိဗ္ဗာန်သည် ကံအကျိုးမဟုတ်ပါ၊ အကြောင်းကံက လုပ်ထားခြင်းမဟုတ်ပါ၊ ဉာဏ်အကျိုးဖြစ်၍ နိဗ္ဗာန်သွားလိုလျှင် ဉာဏ်စခန်းအလုပ် လုပ်ရမည် ဖြစ်သည်။ ဉာဏ်နဲ့လုပ်ရမည် မှန်သော်လည်း နိဗ္ဗာန်သည် ဉာဏ်ကလုပ်ထားသော နိဗ္ဗာန်မဟုတ်ပါ၊ ဉာဏ်ကပို့မည့်နိဗ္ဗာန်သာဖြစ်ကြောင်း ဆရာတော်ဘုရားက ဟောပါသည်။

ဉာဏ်လက္ခဏာနှင့် နိဗ္ဗာန်

မိလိန္ဒမင်းကြီးက အရှင်ဘုရား-ဉာဏ်၏လက္ခဏာကို ပြောကြပါရန် လျှာက်ထားသဖြင့် ရှင်န၁သိန်မထေရ်က – တကာကြီး၊ ဉာဏ်ဆိုသည်မှာ ထိုးထွင်းသိမြင်သော စွမ်းရည် သတ္တိရှိသည်။ ဥပမာ-တကာကြီး မှောင်ထဲမှာမီးထွန်းလိုက်ပါ။ အမှောင်ပျောက်ပြီး အလင်းရောက်ပါသည်။ သို့ဖြစ်၍ မီးသည် အလင်းပေးသည်၊ အမှောင်ပျောက်သည်၊ ရှိနေသော ပစ္စည်း ကို မြင်အောင်ပြသည်။ ထို့အတူပင် ဉာဏ်၏ လက္ခဏာသည် အဝိဇ္ဇာမှောင်ကို ဖျောက်ပေးသည်၊ ပညာတည်းဟူသော အရောင်လင်းလည်း ထွက်သည်၊ ရှိနေသောနိဗ္ဗာန်ကိုလည်း ပြပါသည်။

နိဗ္ဗာန်ကို ဘာကြောင့် မတွေ့မမြင်ကြသနည်း

နိဗ္ဗာန်ကို မတွေ့၊ မမြင်၊ မရောက်ကြခြင်းသည် အဝိဇ္ဇာ အမှောင်ထုကြီး ရှေ့ကခံနေ၍ ဖြစ်သည်။ ပညာအလင်းရောင် မရှိသဖြင့် အမြဲတမ်းရှိ နိဗ္ဗာန်ကို မတွေ့ရခြင်းဖြစ်သည်။ သို့ဖြစ်၍ နိဗ္ဗာန်တွေ့နိုင်ရန် ဉာဏ်ကိုအရေးထားရမည်။ ဉာဏ်ကမှ နိဗ္ဗာန်ကိုမြင်နိုင်ကြောင်း ဟောကြားတော်မူသည်။

နိဗ္ဗာန် ကိုယ်တိုင်ရအောင် လုပ်ထားကြပါ

ဆရာတော်ဘုရားက – ဒို့ တကာတွေ အင်မတန်ကံကောင်းကြလို့ပဲ၊ ဘုရားဟောတော်မူတဲ့စကားတော်တွေ ဆရာကောင်း သမားကောင်းနဲ့ တွေ့ကြရလို့ သိကြရတာ၊ အကြောင်းအကျိုး နားလည်ကြရတာ၊ သာမည မအောက်မေ့ကြနဲ့၊နက်နက်နဲနဲ သိတဲ့ပုဂ္ဂိုလ်က သူသိသလို သိပါစေ ဆိုတဲ့ စေတနာနဲ့ တိုက်တွန်းတဲ့ ကိစ္စ ဖြစ်တယ်၊ ပြောပြတဲ့ပုဂ္ဂိုလ်ကလဲ သူ့ ပါရမီနဲ့သူလာပေလို့ ပြောပြနိုင်တယ်။ လေးလေးစားစား လိုက်နာ အားထုတ်ကြ၊ ကိုယ့်အနိစ္စ မကြုံခင် ကိုယ်မသေခင်မှာသာ ကိုယ့်သာသနာရှိတာပါ၊ အချိန်များများစားစား မရှိတော့ဘူး၊ ထမင်းမစားရချင်နေပါစေ၊ ဒီအလုပ်ကိုဖြင့် အလျင်ပြီးအောင် လုပ်လိုက်ကြပါလို့ လေးလေးနက်နက်ကြီး တိုက်တွန်းပါတယ်– ဟု ဟောကြားတော်မူပါသည်။

နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ

နိဗ္ဗာန်သည် ဖြစ်ဆဲလဲမဟုတ်၊ ဖြစ်ပြီးလဲမဟုတ်၊ ဖြစ်လတ္တံ့တရားလဲမဟုတ်၊ သူတစ်ပါးက ဖြစ်စေတဲ့ တရားလဲ မဟုတ်၊အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးက လွတ်သည်ဟု အမိန့်ရှိထားရာ မိလိန္ဒမင်းကြီးက – အရှင်ဘုရား နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ၊ တွေ့အောင် ဘယ်လိုရှာရမှာလဲ – ဟု မေးမြန်းသဖြင့် မထေရ်မြတ်က အရှင်မင်းကြီး နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း နိဗ္ဗာန်ကို မနော(စိတ်)နှင့်တွေ့နိုင်သည်၊ နိဗ္ဗာန်တွေ့လိုလျှင် မနောနှင့် ရှုရမည်။ မနောမှာတွေ့နိုင်သည်ဟု ဖြေဆိုတော်မူသည်။

နိဗ္ဗာန်ကို ဘယ်မနော(စိတ်)နှင့် ရှာမလဲ

နိဗ္ဗာန်ကို စင်ကြယ်သောမနော(စိတ်)ဖြင့်ရှာရမည်၊ စင်ကြယ် မနောသည် ကိလေသာမရောသော မနောကို ပြောခြင်းဖြစ်ရာ နိဗ္ဗာန် မြင်လိုလျှင် စင်ကြယ်သောဉာဏ် ကိုယ်ပိုင်ရအောင်လုပ် ရပါမည်။ ကိလေသာနှင့်အဆက်အသွယ်ပြတ်သော မနောသည် မဂ်ဉာဏ်ဖြစ်၍ နိဗ္ဗာန်ကိုအာရုံပြုနိုင်ပါသည်၊ သို့ရာတွင်ဝိပဿနာရှုခြင်းသည် အာသဝနယ်ထဲမှ စိတ်ကို ရှူနေခြင်းသာ ဖြစ်၍ ဝိပဿနာဉာဏ်နှင့်လည်း နိဗ္ဗာန်ကို အာရုံ မပြုနိုင် သေးပါ၊ နိဗ္ဗာန်ကို မမြင်နိုင်သေးပါ။

နိဗ္ဗာန်ရှာလိုလျှင် ကိုယ့်ကိုယ်ကို အဆင့်ဆင့်တက်ခြင်းဖြင့် စင်ကြယ်လာလျှင် ဉာဏ်ထက်လာမည်၊ ကိလေသာဝေးလေလေ ဉာဏ်ထက်လာလေလေ ဖြစ်သဖြင့် ဉာဏ် စင်ကြယ်လာမည်။ စင်ကြယ်ယင် နိဗ္ဗာန်မြင်သည်ဟု မှတ်ရန် ဆရာတော်ဘုရား ဟောကြားပါသည်။

ယမကရဟန်း၏ နိဗ္ဗာန်ဖြေကြားပုံ

ယမက သောတာပန်တည်သွားသောအခါ ရှင်သာရိပုတ္တရာ မထေရ်မြတ်က – ရှင်ယမက ရဟန္တာသေယင်ဘယ်သွားသလဲဟု မေးမြန်းရာ ယမကရဟန်းက ဖြေကြားသည်မှာ-

အရှင်ဘုရား၊ ခန္ဓာငါးပါးသည် အနိစ္စတရား၊ အနိစ္စတရားသည် ဒုက္ခတရား ဖြစ်ပါသည်။ အဲဒီ ဒုက္ခတရားတွေ ကုန်ဆုံးသွားသည် – ဟု ဖြေကြားသွားပါသည်။

နိဗ္ဗာန်သည် ဒုက္ခသိမ်းသွားခြင်း ဖြစ်သည်၊ ငြိမ်းအေးခြင်း သဘော ရောက်သွားသည်။ နိဗ္ဗာန်သည် ဒုက္ခတွေကုန်ဆုံးသည့်နေရာ၊ သုခသက်သက်နှင့်နေခြင်းဖြစ်သည်ဟု ဟောကြားတော် မူပါသည်။