အကျိုးပေးဂဏန်း ။ ။ ၄ / ၆ / ၉
ဆရာဇွဲမင်းထက်
unicode
ဗုဒ္ဓဟူးသားသမီးများအတွက်(၆)လပိုင်းတစ်လလုံးစာ ကံကြမ္မာဟောစာတမ်း
စီးပွားရေး၊ လူမူရေး ။ ။ ဒီတစ်လအတွင်း လုပ်ငန်းကိစ္စများ အပြီးမသတ်နိုင်ဘဲ တစ်ပိုင်းတစ်စဖြစ်မည်။
အလုပ်ခွင်ထဲတွင် လက်အောက်ငယ်သားများကြောင့် စိတ်အနှောက်အယှက်ဖြစ်မည်။
အလုပ်အသစ်၊ လုပ်ငန်းအသစ် လုပ်ချင်စိတ်ပေါက်မည်။
လုပ်နေသော အလုပ်တစ်ခုကိုဘဲ စိတ်ရှည် သီးခံပြီး လုပ်သင့်ပါသည်။
အရင်းနှီးဆုံး အပေါင်းအသင်း သူငယ်ချင်းများနှင့် စိတ်ဝမ်းကွဲတာမျိုးဖြစ်မည်။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ရေး သုခ အသင့်တင့်သာရှိမည်။
အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ရမည်။
ငယ်ရွယ်သူများအချစ်ရေးတွင် မိဘ၊ ကြီးကဲသူများကြောင့် အချစ်ရေး အဆင်မပြေဖြစ်မည်။
ပညာရေး ။ ။ ပညာရေးတွင် ကိုယ်ကြိုးစားထားသလောက် အောင်မြင်မှုရရှိနိုင်မည်မဟုတ်ပါ။
ပညာရေးနဲ့ပတ်သက်ပြီး အပြိုင်အဆိုင်များမည်။
ကျန်းမာရေး ။ ။ ထိခိုက်ဒဏ်ရာအသေးလေးတွေ ရလွယ်တတ်ပါသည်။
ဆိုင်ကယ်မောင်း၊ ကားမောင်းလျှင်အထူးသတိထားပါ။
အကျိုးပေးဂဏန်း ။ ။ ၄ / ၆ / ၉
ယတြာ ။ ။ တနင်္ဂနွေနေ့တိုင်း ရှောက်သီးသုတ် (သို့) မြေပဲယို ဘုရားတွင်ကပ်လှူပူဇော်ပါ။
ဆရာဇွဲမင်းထက်