5.6.2021 Jun လ ဒုတိယအပတ်တွင်း မြစ်ရေလျှံခြင်း ကားလမ်းရေကျော်ခြင်း၊ တောင်ပြိုခြင်းများဖြစ်လာနိုင်သေားဒေသများကို အထူးသတိပေးခြင်း
#HtayAung
#မြစ်ရေလျှံ
#လမ်းရေကျော
#တောင်ပြို
Unicode
5.6.2021 Jun လ ဒုတိယအပတ်တွင်း မြစ်ရေလျှံခြင်း ကားလမ်းရေကျော်ခြင်း၊ တောင်ပြိုခြင်းများဖြစ်လာနိုင်သေားဒေသများကို အထူးသတိပေးခြင်း
ယနေ့ မိုးလေဝသဂြိုဟ်တုများရဲ့ဖမ်းယူရရှိတဲ့ ပုံရိပ်များအရ ကပ္ပလီပင်လယ်တွင် မုတ်သုန်အား အတင့်တင့်မျှ ရှိနေပါပြီး။
မိုးတိမ်များလည်းနေရာများများမှာတွေ့နေရပါပြီးဒါက ဆက်လက်အားကောင်းလာနိုင်တဲ့
အနောက်တောင်မုတ်သုန်လေထုလှုပ်ရှားမှု့မျိုးပါ။ ဘင်္ဂလားပင်လယ်ဘက်မှာတော့ အားနည်းနေတဲ့
လေထုလှုပ်ရှားမှုများကို တွေ့နေရပြီး။ ဘင်္ဂလားပင်လယ်တောင်ဘက်သီရိလင်္ကာတဝိုက်မှာလေထု
မငြိမ်သက်မှု့တွေရှိနေပါတယ်။ ဒါတွေကလည်း ဘင်္ဂလားပင်လယ်မှာလေဖိအားနည်းရပ်ဝန်းတွေ
ဖြစ်ပေါ်ဖို့အတွက်လမ်းစတစ်ခုပါ။ ကပ္ပလီပင်လယ် က မုတ်သုန်လေထုလှုပ်ရှားမှုတွေက
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်း၊ ပဲခူး‌တိုင်း၊ ရှမ်းပြည်နယ် နှင့်
ကယားပြည်နယ် ဘက်ကို မိုးရွာသွန်းနိုင်သလို ဘင်္ဂလားမြောက်ဘက် ကမိုးတိမ်တွေက
ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဒေသအချို့ကို
ကွက်ကျားမိုးရွာသွန်းနိုင်ပါတယ်။ (ကွက်ကျားမိုးဆိုတော့ မိုးမရတဲ့ဒေသတွေကတော့ရှိမှာပါ။)
အနောက်တောင်မုတ်သုန်က ကပ္ပလီပင်လယ် ၊ ကပ္ပလီပင်လယ်နှင့် ဆက်စပ်နေသော ဘင်္ဂလားပင်လယ်တွေမှာ
အရင်အားကောင်းလာမယ်။ ဘင်္ဂလားပင်လယ်မြောက်ဘက်မှာ လေဖိအားနည်းရပ်ဝန်းစဖြစ်တာနဲ့
မြန်မာနိုင်ငံတောင်ဘက် မွန်ပြည်နယ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဘက်မှာ မိုးသည်းထန်လာမယ်။
နေ့ရက်ဆက်ပြီး ရွာသွန်းလာမယ်။ မုတ်သုန်အားပိုကောင်းလာတာနဲ့ မိုးသည်းထန်စွာရွာသွန်းတဲ့
ဧရိယာလည်း ကျယ်ပြန့်လာမယ်။ 6,7 ရက် နောက်ပိုင်းကစပြီးမြန်မာနိုင်ငံတောင်ပိုင်းက မုတ်သုန်ဝင်ရောက်မှု
တဖြည်းဖြည်းအားကောင်းလာမယ်။ 8,9,10,ရောက်ရင်တော့ မိုးသည်းထန်လာမယ်။ 11,12,13 ရောက်ရင်တော့
မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီ ဒေသအချိ့ တို့ တွင် ကားလမ်းရေကျော်မှုများ ၊မြစ်ရေလျံခြင်းများ
ရက်ဆက်ရွာသောမိုးများကြောင့် တောင်ပြိုခြင်းများ ဖြစ်လာနိုင်ပါတယ်။ ရန်ကုန်တိုင်းကတော့ ရေစီးဆင်းမှုမကောင်းတဲ့
နေရာတွေမှာ မိုးရေများပြည့်လျံလာနိုင်ပါတယ်။ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင်တဲ့မုန်တိုင်းငယ်လည်း
ရှိနေတော့ လေလည်းကြမ်းနိုင်ပါတယ်။ မွန်/မုတ္တမ/တနင်္သာရီ ကမ်းလွန်တွေ ကမ်းနီးတွေလည်း မိုးသက်လေပြင်းတွေ
ကျရောက်နိုင်တယ်လို့ ခန့်မှန်ရာသီဥတုတွေကပြနေပါပြီး။ လက်ရှိလေထုလှုပ်ရှာမှုအနေအထားတွေအရ
ဖြစ်လာနိုင်တဲ့အနေအထားတစ်ခုပါ။ ဒါကြောင့် အထူးကြိုတင်ပြင်ဆင်မှုတွေ ရာသီဥတုသတင်းများကို အဆက်မပြတ်
နားထောင်နေစေဖို့အတွက် သတိပေးလိုက်ပါတယ်။
အနီးကပ်ရက်တွေမှာ အထူးစောင့်ကြည့်သတိပေးနေပါမယ်။
#HtayAung
#မြစ်ရေလျှံ
#လမ်းရေကျော
#တောင်ပြို