Facebookသုံးလို့ ရင့်ကျက်သွားတဲ့သူတွေဟာ ဒါ တွေမလုပ်တော့ပါဘူး..

သင်တကယ်လို့ Facebook သုံးလို့ ရင့်ကျက်သွားတဲ့အခါ

ဒါတွေမလုပ်တော့မှာ မဟုတ်တော့ဘူးနော် …

(1) profile pic , cover pic တွေကို ခဏခဏ မပြောင်းလဲတော့မှာမဟုတ်ပါဘူး …။

(2) ကိုယ်စာမပြန်ချင်တဲ့ သူတွေဆို ဝင်သာဝင်ကြည့်ပြီး တိတ်တိတ်လေး ပြန်ထွက်သွားတတ်ကြပါတယ် …။

(3) ကိုယ်မကြိုက်တဲ့ post မျိုးဆို ဝင်ဆဲတာ ဝင်ပြောတာမျိုး မလုပ်ဘဲ မသိချင်ယောင်ဆောင် ကျော်သွားတတ်ကြပါတယ် …။

(4) မဟုတ်က ဟုတ်က လုပ်တတ်တဲ့ သူတွေကိုလည်း တိတ်တိတ်လေးဘဲ unfriend လုပ်ခဲ့ကြတယ်။ Unfollow လုပ်လာတယ် …။

(5) ကိုယ်နဲ့မတည့်သူတွေကိုလည်း မန်ရှင်းခေါ်ပီး ရန်ဖြစ်မနေဘဲ block ဘဲ လုပ်တော့တယ် …။

(6) ကိုယ်ကြိုက်တဲ့ cele တွေရဲ့ post အောက်မှာလည်း add me လို့

လိုက်မမန့်တော့ဘဲ တိတ်တိတ်လေးဘဲ see first လုပ်ထားတတ်ကြပါတယ် …။

(7) fri များတာ သဘောမကျတော့ဘဲ ကိုယ်တကယ်ခင်တဲ့ သူတွေကိုဘဲ

like , cmt ပေးပြီး active မဖြစ်သူတွေဆို unfri လုပ်ခဲ့ကြပါတယ် …။

(8) ကိုယ်ကြိုက်တဲ့ postတွေ save ထားချင်တဲ့ postတွေဆို only me နဲ့ share တာမျိုး save post လုပ်တာမျိုး လုပ်ကြပါတယ် …။

(9) နိုင်ငံခြားက အမျိုးသမီး post တွေ အကောင့်တုသုံးပီ

း အဆဲတောင်းတဲ့ post တွေတဲ့ အောက်မှာ ဝင်မန့်တာမျိုး share တာမျိုးမလုပ်ဘဲ

ကျပ်မပြည့်တဲ့သူတွေ တော်တော်မန့်ကြတာဘဲလို့ တွေးပြီး ကျော်သွားတတ်ကြပါတယ် …။( စောက်မြင် တော်တော်ကပ်သူဆို report ပါထုခဲ့သေးတာ)

(10) ဒီpost ကို shareပါ ကံကောင်းမယ်။i phone ရမယ်။ ကံစမ်းမဲပေါက်မယ် …။

ဒီ စာကိုဝင် like .cmt လုပ်ရင် game ထဲမှာ သင်ဟာ ပါဝင်ပါပီ ဘာညာ စတဲ့ post တွေကိုလည်း အလိုလို ကျော်ခွတတ်လာပါတယ် …။

(11) fbကို အပျော်သက်သက်သာမဟုတ် သင်ခန်းစာ ရစရာတွေကို မှတ်သားပီး အကျိုးရှိရှိ သုံးတတ်လာပါတယ် ……။ ။

Original