ျပင္ဦးလြင္ အနီးစခန္းတြင္ စစ္ေလယာဥ္ပ်က္က် (၁၂)ဦးေသဆံုး

ျပင္ဦးလြင္ အနီးစခန္းတြင္ စစ္ေလယာဥ္ပ်က္က် (၁၂)ဦးေသဆံုး

ျပင္ဦးလြင္ အနီးစခန္းတြင္ စစ္တပ္သုံး​ ​ေထာက္ပို႔ေလယာဥ္ ၁ စီးပ်က္က်ဟု ​ေဒသခံမ်ား​ေျပာဆို၊ ၁၂ ဦး​ေသဆုံးဟုဆို

ျပင္ဦးလြင္ အနီးစခန္းအနီးတြင္ ယ​ေန႔နံနက္ ၈ နာရီက တပ္မ​​ေတာ္သုံး ​ေထာက္ပို႔​ေလယာဥ္တစ္စီးပ်က္က်​ၿပီး ​ေသဆုံးသူ ၁၀ ဦး​ေက်ာ္ရွိ​ေၾကာင္း ​ေဒသခံမ်ားက ရန္ကုန္​ေခတ္သစ္သတင္းဌာနသို႔ သတင္း​ေပးပို႔လာသည္။

“EPC အနားသံစက္႐ုံထဲပ်က္က်တယ္​ေျပာတယ္။ သြားၾကည့္လို႔မရဘူး။

စစ္တပ္နဲ႔ပိတ္ဆို႔ထားတယ္။ အဲဒီဘက္ကို။

မီးသတ္​ေတြ ကယ္ဆယ္​ေရး​ေတြ သြား​ေနတာ ျမင္ရတယ္။

မနက္ တကယ့္ နိမ့္နိမ့္​ေလး ပ်ံသြားတာ ျမင္ရတယ္” ဟု ​​ေဒသခံတစ္ဦးက​ေျပာသည္။

လက္ရွိတြင္ ​ေသဆုံးသူ ၁၂ ဦးအထိရွိၿပီျဖစ္​ေၾကာင္း ​ေျပာဆိုမႈမ်ားရွိၿပီး ျဖစ္စဥ္အ​ေသးစိတ္ကို သက္ဆိုင္ရာသို႔ အတည္ျပဳရန္ႀကိဳးစား​ေနဆဲျဖစ္သည္။

ေလယာဥ္ပ်က္က်သည့္ ပုံမ်ားမွာလည္း လူမႈကြန္ရက္တြင္ ျပန္႔ႏွံ့​ေန​ေသာ္လည္း ​ေခတ္သစ္အ​ေနျဖင့္အတည္မျပဳနိုင္​ေသး​ေပ။

unicode

ပြင်ဦးလွင် အနီးစခန်းတွင် စစ်လေယာဉ်ပျက်ကျ (၁၂)ဦးသေဆုံး

ပြင်ဦးလွင် အနီးစခန်းတွင် စစ်တပ်သုံး​ ​ထောက်ပို့လေယာဉ် ၁ စီးပျက်ကျဟု ​ဒေသခံများ​ပြောဆို၊ ၁၂ ဦး​သေဆုံးဟုဆို

ပြင်ဦးလွင် အနီးစခန်းအနီးတွင် ယ​နေ့နံနက် ၈ နာရီက တပ်မ​​တော်သုံး ​ထောက်ပို့​လေယာဉ်တစ်စီးပျက်ကျ​ပြီး ​သေဆုံးသူ ၁၀ ဦး​ကျော်ရှိ​ကြောင်း ​ဒေသခံများက ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့ သတင်း​ပေးပို့လာသည်။

“EPC အနားသံစက်ရုံထဲပျက်ကျတယ်​ပြောတယ်။ သွားကြည့်လို့မရဘူး။

စစ်တပ်နဲ့ပိတ်ဆို့ထားတယ်။ အဲဒီဘက်ကို။

မီးသတ်​တွေ ကယ်ဆယ်​ရေး​တွေ သွား​နေတာ မြင်ရတယ်။

မနက် တကယ့် နိမ့်နိမ့်​လေး ပျံသွားတာ မြင်ရတယ်” ဟု ​​ဒေသခံတစ်ဦးက​ပြောသည်။

လက်ရှိတွင် ​သေဆုံးသူ ၁၂ ဦးအထိရှိပြီဖြစ်​ကြောင်း ​ပြောဆိုမှုများရှိပြီး ဖြစ်စဉ်အ​သေးစိတ်ကို သက်ဆိုင်ရာသို့ အတည်ပြုရန်ကြိုးစား​နေဆဲဖြစ်သည်။

လေယာဉ်ပျက်ကျသည့် ပုံများမှာလည်း လူမှုကွန်ရက်တွင် ပြန့်နှံ့​နေ​သော်လည်း ​ခေတ်သစ်အ​နေဖြင့်အတည်မပြုနိုင်​သေး​ပေ။