အရမ်းမှန်တဲ့ မဟာဘုတ် လက်ထောက်ဗေဒင်(လက်ထောက်ပြီးတော့ ဖတ်ကြည့်လိုက်တော့)


သင်​တို့ရွေးချယ်လိုက်တဲ့ နံပတ် 1 , 2 , 3 , 4 , 5 , 6 , 0 ရဲ့ ကံကောင်းခြင်း အဖြေများကို ဖော်ပြပေးလိုက်ပါတယ် ကိုယ့်​ကံကြမ္မာကိုယ်​တိုင်ဆန်းစစ်နည်း

1

မနိုင်သည့်ဝန်ထမ်းသလိုလုပ်ကိုင်မှုတို့ကြောင့် စိတ်ပင်ပန်း၊လူပင်ပန်းကြုံရမည် မိမိ၏ယုံကြည်ချက်ကိုစွဲမြဲစွာ လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုပန်းတိုင်ရယူနိုင်မည်

မိမိကိုယ်ကို တန်ဘိုးရှိအောင်နေထိုင်ပြုမူခြင်းကြောင့် ဂုဏ်ဒြပ်ကြီးမား၍ အများ၏ရိုသေလေးစားမှုခံရမည် တခါတလေမိသားစုနှင့် စိတ်ဝမ်းကွဲမှုကြုံရမည် ကျန်းမာရေးမှာတော့ရင်ခေါင်းနှင့် အဆုတ်ဝေဒနာခံစားရမည် ပညာရေကံကတော့မကောင်းပါ

တော်တော်ကြိုးစားပီးလုပ်မှတော်ရာကျမည် ကျောက်မျက်ရတနာရောင်းဝယ်ရေး၊လောင်စာဆီရောင်းဝယ်ရေး၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတို့တွင် အောင်မြင်မှုရရှိမည် အချစ်ရေးတွင်စန်းပွင့်မည်။အပြန်အလှန်နားလည်မှုတို့ကြောင့် စိတ်ချမ်းမြေ့ရမည်

ထူးခြားတဲ့ အကြီးအကဲများရဲ့ ကူညီဖေးမခြင်း ခံရတတ်သည် ငွေကံကောင်းနေပြီး သူတစ်ပါးအတွက် ဖြည့်ဆည်း ပေးနေရတတ်သည် ကံကောင်းခြင်း ရာခိုင်နှုန်း ၈၅ % ထိရှိသည်

2

ဖတ်ထိုးဥာဏ်နှင့် လုပ်ရည်ကိုင်ရည် ပါးနပ်မှုတို့ကြောင့်အောင်မြင်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိမည် စိတ်တည်ငြိမ်စွာနှင့်လုပ်ကိုင်မှသာလျင်အမှားများကိုရှောင်ကွင်းနိုင်မည်။အတွင်းလူယုံသစ္စာမဲ့တတ်သည

နှလုံး၊အသည်းဝေဒနာများခံစားရမည် လူမှာမထိပါ။ငွေကုန်တဲ့ရောဂါသာဖြစ်မည်ျသာကြာသားသမီး၊ စနေသားသမီးတို့နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်ပါကအကျိုးထူးမည်

ယာဉ်၊ကား၊အိမ်ခြံမြေ ရောင်းဝယ်ခြင်းလုပ်ငန်းများအဆင်ပြေမည် အချစ်ရေးမှာတော့ဘဝပါရမီဖြည့်ဖက်တွေ့မည် လက်ရှိအချိန်မှာတော့ တွေ့ထားသူနှင့်ပြသနာတက်မည် စိတ်သဘောထားကွဲလွဲမည်

ဝေးကွာနေသောချစ်သူနှင့်မမျော်လင့်ဘဲပြန်လည်ဆုံစည်းရမည် အပြိုင်အဆိုင်အခက်အခဲများကိုကျော်လွှားနိုင်ကာဆောင်ရွက်သမျှ အဆင်ပြေမည် လောဘေကြီးတဲ့စိတ်လေးတော့ရှော့ရမည်

ကံဇာတာထွန်းပစေရန် မကြာမကြာ ကလေးများကို မုန့် ဒါနလုပ်ပါလေ ငွေဝင်မည် ကံကောင်းခြင်း ရာခိုင်နှုန်း ၈၅ % ထိရှိသည်

3

အခက်အခဲ အကြမ်းအတမ်းများ ကျော်လွား နိုင်ပြီး ထူးခြားသောအပြောင်းအလဲနှင့်ကြုံမည် လူမျိုးခြားဘာသာခြားကူညီမည့်သူပေါ်ပေါက်လာပြီးအောင်မြင်မှုရမည်

တစ်ဘဝလုံးစာနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်မျိုးကို အကျဉ်းထဲအကျပ်ထဲမှ မဖြစ်မနေ ဆုံးဖြတ်ရဖို့ရှိတယ် ဒါပေမဲ့စိတ်လောပီးမဆုံးဖြတ်စေချင်ပါ ဆုံးဖြတ်ချက်မှားတတ်သည်

ကိုယ်နှင့်မဆိုင်ဘဲသူများအတွက်ပြသနာဖြေရှင်းရင်းကိုယ့်ခေါင်းထဲအပူကျနောက်မည် အနှောက်အယှက်များကြားကတိုးတက်အောင်မြင်မည် အချစ်ရေးကတော့လွမ်းနေရတတ်သည်

ချစ်သောသူ၏စွန့်ပစ်ထားမှုနှင်ကြုံမည် ခနခနရန်ဖြစ်ရတတ်သည် ကြားခံအနှောက်အယှက်ဝင်မည် ကျန်းမာရေးကတော့ အထူးကောင်းသည် ဤလအတွင်း အခွင့်လမ်းသစ်များကိုမှန်ကန်စွာအသုံးချခြင်းဖြင့်အောင်မြင်မှုကြုံရမည်

ကံဇာတာထွန်းပစေရန် မကြာမကြာ သီလရှင်ကို ငွေ (၂) ဂဏန်းလှူပါလေ ငွေဝင်မည် ကံကောင်းခြင်း ရာခိုင်နှုန်း ၆၅ % ထိရှိသည်

4

ထူးတယ်ပြောရမှာဘဲ။ကြန့်ကြာနေတဲ့အလုပ်ကိစ္စတွေ ပြန်လည်လည်ပတ်နိုင်မယ်။မဝင်ဖူးတဲ့ငွေတွေဝင်မယ် အိမ်ခြံမြေမရောင်းရဘဲကြန့်ကြာနေတာလေးတွေအရောင်းအဝယ် ပြန်ဖြစ်လာမယ်

ဤလသည်လုပ်ငန်းကိစ္စများကိုစီမံကိန်းပုံစံမဟုတ်ဘဲ မြန်မြန်ထက်ထက်လုပ်ဆောင်နိုင်မှသာအောင်မြင်မှုရမည် ဝေးနေသောချစ်သူရည်းစားထံမှသတင်းကောင်းကြားရမည်

အဆက်သွယ်မလုပ်ဘဲ ပစ်ထားသူ လိုလိုလားလား ဆက်သွယ်လာတာကိုတွေ့ရမည်။ ကျန်းမာရေးကတော့အညံ့မှာရှိနေသည်။ဗိုက်၊ပစာအိမ်ဂရုစိုက်ပါ

ဘာသာရေးနှင့်လူမှုရေးကိစ္စများတွင်ဦးဆောင်ဦးရွက်ပြုရပြီး အောင်မြင်မှုရမည်။မမျော်လင့်သောငွေကြေးသို့မဟုတ် အကြွေးဟောင်းငွေများပြန်ပေါ်လာမည် အိမ်တွင်းရေးနဲနဲရှုပ်ထွေးမည်

ငွေ ကံကောင်းနေပြိင်္း ငွေကံကောင်းခြင်း ရာခိုင်နှုန်း ၈၅ % ထိရှိသည်

5

မိမိယုံကြည်ချက်ကို စွဲမြဲစွာလုပ်ကိုင်ခြင်းကြောင့်ရည်မှန်းချက်များပိုမိုထွန်းပေါက် အောင်မြင်မည်

လုပ်ငန်းသစ်၊ဝန်းကျင်သစ်တွင်လုပ်ကိုင်ခြင်းတို့မှ ပိုမိုဝင်ငွေကောင်းမည် ယခင်ကရန်သူ ယခု,မိတ်ဆွေဖြစ်ရကိန်းရှိသည်။ဆွေမျိုးသားချင်းထက် ဘေးသူစိမ်းနှင့်ပိုအကျိုးပေးမည်

လူမှုဆက်ဆံရေးတွင်ပြောမှား၊ဆိုမှားရှိသည် ဇွတ်တရွတ်မှန်တယ်ထင်ပီးမပြောပါနှင့် ကျန်းမာရေးမှာထုံနာကျင်နာ၊အကြောအဆစ်ဝေဒနာကြောင့် စိတ်ညစ်နေရမည် အချစ်ရေးမှာတော့မမျှော်လင့်တာကောင်းကာတယ်

လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။နာမည်ပျက်ကိန်းတောင်ရှိသည် ဆွေမျိုး၊ပတ်ဝန်းကျင်သတိထားပါ ပညာရေးမှာစူးဆိုက်ပီးလုပ်ပေးပါ စိတ်လေတတ်သည် အပေါင်းအသင်းကြောင့်မှားတတ်သည်

ငွေရကံနည်းနေပြီး ရရန်ရှိသော ငွေကြေးများပင် မျှော်နေရတတ် သည် ကံကောင်းခြင်း ရာခိုင်နှုန်း ၅၀ % ထိရှိသည်

6

အရာရာတွင် စိတ်မြန်ကိုယ်မြန်ခြင်းကို ရှောင်ကျဉ်ကာ စိတ်ရှည်ရှည်ထားပီးဆောင်ရွက်လျင် အောင်မြင်ဖြစ်ထွန်းမည် စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရင်းနှီးလုပ်ကိုင်လျင်အကျိုးအမြတ်များစွာရမည်

ကျယ်ကျယ်ပြန့်ပြန့်လူမှုဆက်ဆံရေးကြောင့် မိတ်ကောင်းဆွေကောင်းများတိုးတက်လာကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများလုပ်ကိုင်ရမည် စီးပွားလာဘ်လာဘကောင်းမည်

ကြွေးဟာင်းနှင့်မျှော်လင့်မထားသော ငွေများရရှိမည်။ တနင်္ဂနွေသားသမီး၊သောကြာသားသမီးများနှင့်အကျိုးတူလုပ်ငန်းများအောင်မြင်မည်

ရည်မှန်းချက်မြင့်မြင့်မားမားနှင့် ပညာရေးကိစ္စများကြိုးစားပါက ထွန်းပေါက်အောင်မြင်မည် အချစ်ရေးမှာတော့ ပြမ်လည်ဆုံစည်းရန်မရှိဟုယူဆထားသူနှင်ဆုံစည်းရမည် လူမျိုးခြားနှင့် မေတ္တာရေးကြုံနိုင်မည်

မိသားစုအိမ်ထောင်ရေးရာတွင် ကြည်နူးဖွယ်ကြုံရမည် ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ကန်ထရိုက်လုပ်ငန်း၊အိမ်ခြံမြေရောင်းဝယ်ဝန်ဆောင်မှုလုပ်ငန်းတို့မှ အကျိုးအမြတ်များစွာရရှိမည်

ဒူးနာ၊ခါးနာ၊အကြောအဆစ်ဝေဒနာ ခံစားရမည်။ဆေးကုသရမည် စိတ်အနှောက်အယှက်ဖြစ်ပြီးမှသာ ငွေဝင်တတ်သည် ကံကောင်းခြင်း ရာခိုင်နှုန်း ၇၀ % ထိရှိသည်

0

ငွေကြေးကံကောင်းမည် ငွေအစုလိုက်အပုံလိုက်ရမည်။ငွေကိုအကျိုးရှိစွာအသုံးပြုသင့်သည်။ရင်းနှီးသောမိတ်ဆွေ၊ဆွေမျိုးတို့နှင့်မသင့်မမြတ်ဖြစ်မည် ပညာရေးတွင် ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာပါထွန်းပေါက်အောင်မြင်နိုင်မည်

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်လျင်အကျိုးအမြတ်ကောင်းများဖြစ်ထွန်းမည်

တနင်္ဂနွေသားသမီး၊ကြာသပတေးသားသမီးတို့နှင်အလုပ်တွဲလုပ်လျင်အကျိုးပေးမည်။အမှုအခင်းပြသနာများကြုံတွေ့ရမည် ကျန်းမာရေးမှာတော့ချက်အောက်ပိုင်း ဆီး၊ကျောက်ကပ်ဝေဒနာကြုံတွေ့ရမည် ကောင်းမှုကုသိုလ်ပြုရမည်

အကျိုးရှိသောခရီးရှည်(သို့)ပြည်ပခရီးရှည် သွားရမည် အချစ်ရေးမှာတော့စန်းပွင့်မယ်။စန်းပွင့်လို့လည်းအခက်တွေကြုံမယ် ချစ်သူနှင့်တစ်ခါတရံနားလည်မှုလွဲမည် ချစ်သူထံမှမင်္ဂလာသတင်းကြားရမည်

ကောင်းမွန်တဲ့ အခွင့်လမ်းများ ရလာတတ်ပြီး ငွေဝင်မည် ကံကောင်းခြင်း ရာခိုင်နှုန်း ၇၅ % ထိရှိသည်

credit to original