ပုံမှန်နာရေးတစ်ခုလောက်တောင် မစည်ကားခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်း မောင်ဝေယံထွန်းရဲ့ စျာပန

ပုံမှန်နာရေးတစ်ခုလောက်တောင် မစည်ကားခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်း မောင်ဝေယံထွန်းရဲ့ ဈာပန







#crd

edit






နာရေးကားမောင်းတဲ့ ဦးလေးကြီးတွေတောင် ယောက်ျားကြီးတန်မဲ့ မျက်ရည်ကျခဲ့ကြပါတယ် လိုက်ပို့တဲ့သူတွေ အကုန်လုံး ဒို့အရေးဆိုတဲ့အသံနဲ့အတူ ငိုသံကြီးတွေပါပါလာပြီး ယောက်ျားမိန်းမမရွေး မျက်ရည်ကျခဲ့ကြတာပါ မြို့ကြီးပြကြီးတွေနဲ့ယှဉ်ရင် အရမ်းကို ဖွေဲသိမ်နုတ် နေသလို မြင်နေကြပေမယ့် ကျမတို့နယ်မြို့လေးမှာရှိတဲ့ ရွာလေးအတွက်တော့ တခြားသူတွေ နာရေးချသလို အခေါင်းပါပဲ တခြားသူတွေနာရေး ချသလို ခေါင်းအုံးလည်း မပါပါဘူး (ခေါင်းအုံးမပါဘူးလို့ ပြောနေကြသူများအတွက်) ကျမတသက် ကြုံတွေတဲ့ နာရေးတွေထက်တော့ ပိုစည်ပြီး ပိုခမ်းနားပါတယ်




Edit. ကိုတောင်ဖတ်ရင်းနဲ့ငိုမိတယ်😭😭😭

unicode

ပုံမှန်နာရေးတစ်ခုလောက်တောင် မစည်ကားခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်း မောင်ဝေယံထွန်းရဲ့ စျာပန

မောင်ဝေယံထွန်း(ခ)မောင်ကုလား

မနက်ဖြန်ဆိုရင်ပဲရက်လည်တော့မယ် ဒီလိုပဲအေးဆေးလူမသိသူမသိပြီးသွားရတော့မှာလား

ပုံမှန်နာရေးတစ်ခုလောက်တောင် လူမစည်မနေခဲ့ဘူးသတင်းမီဒီယာတွေလဲ သိပ်ရောက္မလာကြသေးဘူး••

😭😭😭ကလေးရေဘယ်သူတွေဘယ်လိုပဲဖြစ်ဖြစ်မင်းဟာအစ်မတို့ရင်ထဲကလေးစားဂုဏ်ယူရတဲ့မြင့်မြတ်တဲ့စိတ်ထားရှိတဲ့အာဇာနည်သူရဲကောင်းပါ

လိပ်စာ-မြစ်ငယ်မြို့ မြို့ပြင်ကြီးရွာ

ရွာထဲရောက်ရင မေးပြီးသွားလိုက်လို့ရပါတယ်

#crd

edit

အခေါင်းကို ဖြစ်သလိုပဲ လုပ်လိုက်တာတို့ နာရေးကလူနည်းစုပဲရှိတယ်တို့ ညီမလေး မြသွဲ့သွဲ့ခိုင် နာရေးပို့တဲ့ပုံနဲ့ယှဉ်ပြီး စိတ်မကောင်းဖြစ်နေကြသောသူများရှင့် ဒီကလေးရဲ့ မိဘတွေဟာ ကျမတို့ မြစ်ငယ်မြို့ မြို့ပြင်ကြီးကျေးရွာကပါ မိသားစုကလည်းချို့တဲ့ပါတယ်

မနေ့ညနေက ကလေးရဲ့ပုံတွေ လိုင်းပေါ်မှာ ပလူပျံနေပေမယ့် ဘယ်ကလည်းဆိုတာ မသိကြပါဘူး ကျမကိုယ်တိုင်တောင် မမှတ်မိပါဘူး သူနဲ့မတွေ့တဲ့၂နှစ် ၃နှစ်အတွင်း ကလေးကအရွယ်ရောက်သွားတော့ သူ့ပုံကို မြင်ရက်နဲ့ မမှတ်မိခဲ့ဘူး လူနည်းစုကမနေ့ညကတည်းက ကိုယ့်ရွာကဆိုတာ သိကြပေမယ့် လူများစုက မနက် ၉နာရီ internet လိုင်းတွေ ပြန်ရမှ သိကြတာပါ

အဲ့အချိန်မှာ ရွာထဲကလူတွေကဆေးရုံကိုသွားခေါ်နေပြီလို့ သတင်းကြားရပါတယ် အလောင်းရခဲ့မလားလဲ မသေချာပါဘူး ဟုတ်လား မဟုတ်လားဆိုတဲ့ မသေချာတဲ့ စိတ်နဲ့ပဲ နေနေကြတာပါ ညနေခင်းရောက်မှ အဲ့ကလေးကိုခေါ်လာတဲ့ လာနေပြဆိုပြီး ရွာထဲကလူတွေက ရွာထိပ်ကို ထွက်ကြိုကြတာပါ အဲ့အချိန်မှာ ၄၁ လမ်းသူဆုံးခဲ့နေရာလေးမှာ ဆုတောင်းပွဲလုပ်နေကြပါတယ်

အဲ့ liveမှာ ကလေးရဲ့အလောင်းကို ဘယ်မှာရှိမှန်း ဘယ်သူမှ သေချာမသိကြပါဘူး mdy တမြို့လုံးက အလောင်းဘယ်နားရှိမှန်းမသိတဲ့အချိန် ကျမတို့ မန္တလေးတိုင်း မန္တလေးမြို့ အစွန်ဆုံးက မြစ်ငယ်မြို့ မြို့ပြင်ကြီးရွာမှာ ရွာပတ်ဝန်းကျင်က လူနည်းစုလေနဲ့ နာရေးချနေကြပါပြီ တစ်နိုင်ငံလုံးက ကြည့်ရင် လူနည်းစုဆိုပေမယ့် ကျမတို့မှာတော့ ဒီနာရေးက လူအများဆုံးအစည်ဆုံးပါပဲ

တရွာလုံးက ကလေးအလောင်းကိုသယ်လာတာကို ခုသိ ခုထွက် ခုလိုက်ပို့ကြတာပါ ဘာမှ ပြင်ဆင်ချိန်မရလိုက်ပါ တမြို့လုံးက ကြိုသိမယ်ဆိုရင် ဒီ့ထက်မက စည်မှာပါ အခေါင်းလည်း ဒီ့ထက်မက လှမှာပါ လူနည်းစုဆိုပေမယ့် အကုန်လုံးမှာ ဝမ်းည်းပူဆွေးမှုတွေ မကျေနပ်ချက်တွေ ခံပြင်းမှုတွေနဲ့ တရွာလုံးရော ရွာပတ်ဝန်းကျင်ကလူတွေရော ဘယ်သူရဲ့ ဖိတ်ကြားမှု နှိုးဆော်မှုမပါဘဲ ရင်ထဲကလာတဲ့ ခံစားချက်တွေနဲ့ မြေချတဲ့အထိ လိုက်ပို့ခဲ့ကြပါတယ်

နာရေးကားမောင်းတဲ့ ဦးလေးကြီးတွေတောင် ယောကျ်ားကြီးတန်မဲ့ မျက်ရည်ကျခဲ့ကြပါတယ် လိုက်ပို့တဲ့သူတွေ အကုန်လုံး ဒို့အရေးဆိုတဲ့အသံနဲ့အတူ ငိုသံကြီးတွေပါပါလာပြီး ယောကျ်ားမိန်းမမရွေး မျက်ရည်ကျခဲ့ကြတာပါ မြို့ကြီးပြကြီးတွေနဲ့ယှဉ်ရင် အရမ်းကို ဖွေဲသိမ်နုတ် နေသလို မြင်နေကြပေမယ့် ကျမတို့နယ်မြို့လေးမှာရှိတဲ့ ရွာလေးအတွက်တော့ တခြားသူတွေ နာရေးချသလို အခေါင်းပါပဲ တခြားသူတွေနာရေး ချသလို ခေါင်းအုံးလည်း မပါပါဘူး (ခေါင်းအုံးမပါဘူးလို့ ပြောနေကြသူများအတွက်) ကျမတသက် ကြုံတွေတဲ့ နာရေးတွေထက်တော့ ပိုစည်ပြီး ပိုခမ်းနားပါတယ်

တရွာလုံးကလည်း ဂုဏ်ယူပါတယ် အခုလိုမြေချခဲ့ရလို့ မတင်းတိမ်နိုင်ခဲ့ရင် ကျမတို့အားလုံးက သူ့အတွက်ကောင်းမှုကုသိုလ်လေးတွေ များများလုပ်ပေးပါ သူ့အတွက်သွေးကြွေး ပြန်ယူပေးကြပါ သူမြေချခါနီး ကျမတို့တွေ သူ့ကို ကတိပေးလိုက်ပါတယ် က်စားပြန်ချေပါမယ်လို့ အားလုံးသတိဝီရိယရှိကြပါ ဒေါသကိုရှေ့တန်းမတင်ကြပါနဲ့ စိတ်ကိုအေးအေးထားပြီး လိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင်လျှောက်ကြမယ် ကျမတို့တွေ စည်းလုံးကြမယ် ကျမတို့တွေ နိုင်ကိုနိုင်စေရမယ်✊✊✊ ပြောတဲ့ထဲမှာ အမှားပါသွားရင် ခွင့်လွှတ်ကြပါ 😞

#အရေးတော်ပုံအောင်ရမည်👍👍👍

စာရေး သူကိုcrd ပေး.ပါတယ် အခက်ခဲ တွေ အများ ကြီး ရှိနေခဲရလို သေပန်းမလှခဲရဘူးလို ပြောရမှာပါပဲ ကောင်မလေးက ဆေးရုံမာ အကြာကြှီးလဲ နေခွင်ရခဲပါတာ် ကျောင်းသူလဲ ဖြစ်တာက တကြောင်းပေါ့ ကောင်လေးမှာက မိဘ ဆွေမျိုးအသိုင်းအဝိုင်းလဲ မရှိရှဘူးလေ သူဆုံးသွားတာတောင် ချက်ချင်း သူတည်းနေတဲ အိမ်က မသိခဲရတာ အဖြစ်ကအသလို ပါ

Edit. ကိူတောင်ဖတ်ရင်းနဲ့ငိူမိတယ်😭😭😭