သင်ရွေးချယ်လိုက်တဲ့ ငှက်မွှေးက သင့်အကြောင်းတွေ ပြောပြပေးလိမ့်မယ်


ဒီကမ္ဘာမှာ လူသန်းပေါင်းများစွာရှိတဲ့အနက် တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့အရည်အချင်းကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။

ဒါပေမဲ့ လူအများစုက ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အားသာချက်တွေ ထူးခြားချက်တွေကိုတော့ မမြင်မိဘဲ ကိုယ့်အားနည်းချက်ကိုပဲ မြင်မိကြပါတယ်။

စာဖတ်သူတို့ရော ကိုယ့်ရဲ့ ပုန်းကွယ်နေတဲ့ အရည်အချင်းတွေကို သိကြရဲ့လား။

မသိသေးဘူးဆိုရင်တော့ ဒီငှက်မွှေးလေးတွေထဲက ကိုယ်အကြိုက်ဆုံးငှက်မွှေးတစ်ခုကို ရွေးချယ်လိုက်ပါ။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားကို ပြောပြပေးနိုင်ပါတယ်။

ငှက်မွှေး နံပါတ် (၁)

ဒီငှက်မွှေးကို ရွေးချယ်လိုက်တဲ့ သင်က စိတ်ငြိမ်တည်ပြီး ရင့်ကျက်တဲ့သူတစ်ယောက်ပါ။

ဘယ်လိုကိစ္စမျိုးနဲ့ ကြုံတွေ့ရပါစေ စိတ်အေးအေးထားပြီး ဆုံးဖြတ်တတ်သူတစ်ယောက်ပါ။ အကူအညီလိုတဲ့သူတွေကိုလည်း အချိန်မရွေးကူညီဖို့အသင့်ရှိတဲ့သူတစ်ယောက်ပါ။

အခြားသူတွေကို ကူညီတတ်တဲ့စိတ်ထားကြောင့် သင့်မှာမိတ်ဆွေအပေါင်းအသင်းပေါများပြီး ထိုမိတ်ဆွေတွေကလည်း စစ်မှန်တဲ့မိတ်ဆွေတွေပဲဖြစ်ပါတယ်။

ငှက်မွှေး နံပါတ် (၂)

လောကမှာ ပြီးပြည့်စုံတဲ့သူဆိုတာမရှိဘူးဆိုပေမယ့် သင်ကတော့ ချွင်းချက်ပါ။ တာဝန်သိတတ်တဲ့စိတ်နေစိတ်ထားကတော့ သင့်ရဲ့အကောင်းဆုံးအရည်အသွေးပါပဲ။

တခြားသူတွေဆီကလည်း သင့်လိုမျိုး တာဝန်သိစိတ်အပြည့်ရှိဖို့ လိုလားတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ လူသားတစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့ ရှိစမြဲပါပဲ။

ထိုလိုအပ်ချက်တွေကြုံလာတိုင်း စိတ်အလိုမကျမဖြစ်ဖို့တော့ လိုပါတယ်။ ဇွဲ လုံ့လရှိမှု၊ သင်ယူလိုစိတ်ပြင်းပြမှု၊ သင်ယူတဲ့ ကိစ္စတိုင်းကို အတတ်မြန်တာကလည်း သင့်ရဲ့ အားသာချက်ပါပဲ။

ငှက်မွှေး နံပါတ် (၃)

ဒီငှက်မွှေးလေးကတစ်ဆင့် ဖော်ပြပေးနေတဲ့ သင့်အကြောင်းကတော့… သင်က လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ဘဝကို မက်မောတဲ့သူတစ်ယောက်ပါ။

သင့်ရဲ့အားသာချက်ကတော့ အခြားသူများကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ်၊ အမှီအခိုကင်းတဲ့စိတ်ဓာတ်ကတော့ အထင်ကြီးစရာပါပဲ။

စိတ်ဓာတ်ပြင်းပြတဲ့သူဖြစ်တာကြောင့် ကိုယ့်ရဲ့အိပ်မက်ကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ကြပါတယ်။




ငှက်မွှေး နံပါတ် (၄)





ငှက်မွှေး နံပါတ် (၅)





Source: Brightside.me

unicode

သင်က ရှုံးနိမ့်မှုကို မလိုလားတဲ့သူဖြစ်တာကြောင့် မတော်တဆ အရှုံးနဲ့ရင်ဆိုင်ခဲ့ရရင် ခြေတစ်လှမ်းနောက်ဆုတ်ပြီး အရှိန်အဟုန်နဲ့ ပြန်လည်ကြိုးစားတတ်ပါတယ်။

အခြားသူတွေက သင့်ကို သွေးအေးတဲ့သူ၊ တစ်သီးတစ်သန့်တည်းနေတတ်တဲ့သူလို့ အထင်မှားတတ်ကြပါတယ်။

ဒါပေမဲ့ သူတို့မသိကြတာက သင်က နွေးထွေးတဲ့သူတစ်ယောက်ဆိုတာပါပဲ။ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူကိုပဲ နွေးနွေးထွေးထွေးဆက်ဆံလေ့ရှိပါတယ်။

ငှက်မွှေး နံပါတ် (၄)

ဒီငှက်မွှေးကို ရွေးချယ်ခဲ့တဲ့သင်က ထက်ထက်မြက်မြက်ရှိတယ်၊ ချက်ဆို နားခွက်က မီးတောက်တဲ့လူစားပါ။

ဒါ့ကြောင့် သင့်ကို လိမ်ညာလှည့်ဖျားဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။ ဒါ့အပြင် သင်က လူအများကို ဦးဆောင်နိုင်တာကြောင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ လူအမျိုးမျိုးနဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက် သူတို့ဆီက အရမ်းကြီးမမျှော်လင့်ထားဖို့ပါပဲ။

အခြားသူတွေရဲ့ အားနည်းချက်ကို အပြစ်မမြင်မှသာ ကိုယ်လည်း ပျော်ရွှင်အေးချမ်းမှုကို ခံစားရမှာပါ။

ငှက်မွှေး နံပါတ် (၅)

ဒီငှက်မွှေးလေးကို ရွေးချယ်လိုက်တဲ့သူကတော့ ဖန်တီးမှုအားကောင်းပြီး အနုပညာပိုးအပြည့်ပါ ပါတယ်။

စိတ်ကူးယဉ်စွမ်းအားလည်း မြှင့်မားပါတယ်။ ဒါပေမဲ့ သင့်ရဲ့အားနည်းချက်ကတော့ ကိုယ့်ကိုယ်ကို သံသယဝင်တတ်ခြင်းပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို မယုံတဲ့အတွက်ကြောင့် ဘယ်အရာကိုမှ ရဲရဲဝံ့ဝံ့မလုပ်ဆောင်ရဲပါဘူး။ ဒါက အောင်မြင်မှုနဲ့အလှမ်းဝေးနေရခြင်း အကြောင်းအရင်းပါပဲ။

အခုအချိန်ကစပြီး သင် မဖြစ်မနေလုပ်ဆောင်ရမယ့်အရာကတော့ သင့်ရဲ့ကြောက်စိတ်ကို ဖယ်ရှားပြီး ကိုယ့်ကိုယ်ကိုယုံကြည်ချက်ထားဖို့ပါပဲ။

Source: Brightside.me