မမှန်ရင် လျှာအဖြတ်ခံရဲပါတယ်ဆိုတဲ့ ဗေဒင် ဟောစာတမ်းများ
(1) ဇန္နဝါရီ
(2) ဖေဖော်ဝါရီ
(3) မတ်
(4) ဧပြီ
(5) မေ
(6) ဇွန်
(7) ဇူလိုင်
(8) သြဂုတ်
(9) စက်တင်ဘာ
(10) အောက်တိုဘာ
(11) နိုဝင်ဘာ
(12) ဒီဇင်ဘာ
crd.မူရင်းတင်သူ
Unicode
(1) ဇန်နဝါရီ
ဇန်နဝါရီလမှာ မွေးဖွားသူ တွေကတော့ ထူးထူးခြားခြား တိုက်တိုက် ဆိုင်ဆိုင်ပဲ သူတို့ရဲ့မွေးနေ့ဟာ ၁ လပိုင်းအတွင်း ကျရောက်မှာ ဖြစ်ပါတယ် ။ သူတို့ဟာ လမ်းလျှောက်ရင် ဘယ်တစ်လှမ်း၊ ညာတစ်လှမ်း လျှောက်ကြသူများ ဖြစ်ကြပြီး ရေများများ သောက်ရင် သေးများများ ပေါက်တတ် တာကိုတော့ သတိထား ပေးပါ .. ။
(2) ဖေဖော်ဝါရီ
ဖေဖော်ဝါရီလမှာ မွေးဖွားသူတွေဟာ နှစ်တွေ ကြာလာတာနဲ့ အမျှ အသက်တွေ ကြီးကြီး လာတတ်ပြီး ထမင်းစားပြီး တိုင်း ဗိုက်မဆာတတ် ကြတဲ့ သူတွေ ဖြစ်ပါတယ် ။ ဆောင်ရန်၊ ရှောင်ရန်တွေ ကတော့ ကားလမ်းကူးရင် ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့် ပြီးရင်ကူးဆိုတဲ့ ယတြာလေးကို ပြုလုပ်ပေးနိုင် ပါတယ်နော် …. ။
(3) မတ်
မတ်လမှာ မွေးဖွားသူတွေ ကတော့ မွေးလ နာမည်နဲ့ တိုက်ဆိုင်စွာပဲ လမ်းလျှောက်ရင် မတ်တပ် အရင် ထရပ် ကြတဲ့ သူမျို းဖြစ်ပါတယ် ။ သူတို့တွေဟာ နေပူထဲ အထွက်များ တာမျိုး၊ ကမ်းခြေ ပင်လယ်တွေမှာ ရေကူးတာမျိုးပြုလုပ်မိရင် အသားမဲ တတ်တာမို့ အသားမမဲ ချင်ရင်တော့ အဲ့ဒီ အချက်တွေကို ရှောင်သင့် ပါတယ်နော် … ။
(4) ဧပြီ
ဧပြီလမှာ မွေးဖွား သူတွေဟာ အများအားဖြင့် ခေါင်းမှာ ဆံပင်ပေါက် တတ်ပြီး နားရွက်တွေဟာ ဘယ်တစ်ဖက်၊ ညာတစ်ဖက်သာ ရှိကြ ပါတယ် ။ ရေသောက်များ ပါက ရှုရှုးပေါက်ရင် အဝေးကြီး ရောက်တတ်တဲ့ လူစားမျိုး တွေပဲ ဖြစ်ပါတယ် … ။
(5) မေ
မေလမှာ မွေးဖွား သူလို့ ဆိုခဲ့တဲ့ အတိုင်းပဲ သူတို့ တစ်ဦး ခြင်းဆီ မှာ ကိုယ်ပိုင် အမေတစ်ဦး ဆီ ရှိကြ ပါတယ် ။ ဘတ်စ်ကား စီးရင် အပေါက်ဝနား ပိတ်မရပ်ပါနဲ့၊ စပယ်ရာ ဟောက်တာကို ခံရတတ် သလို၊ တစ်ခါတစ်ရံမှာ အကြွေလည်း ပြန်အမ်း မခံရ ပါဘူးနော် … ။
(6) ဇွန်
ဇွန်လမှာ မွေးဖွားသူ အားလုံး လိုလိုဟာ ဘယ်လောက်ပဲ ရာထူးကြီးကြီး အိမ်သာတတ်ရင် ဖင်လှန် တက်ကြရ ပါတယ် ။ အိမ်သာတက်ပြီး ဖင်မဆေး ရင်တော့ ဖင်ဝဲပေါက် တတ်သလို၊ ကိစ္စပြီးရင် ရေလောင်းဖို့ မမေ့သင့် ဘူးနော် … ။
(7) ဇူလိုင်
ဇူလိုင်လမှာ မွေးဖွားသူတွေဟာ ငယ်ငယ်တုန်းက အိပ်ယာပေါ်မှာ ရှုရှုးပေါက်ချ ခဲ့ဖူးတဲ့ သူတွေ ဖြစ်ကြ ပါတယ် ။ သူတို့ရဲ့သွေးတွေဟာ အနီရောင် ရှိပြီး သူတို့ကို အမှောင်ခန်းထဲ ထည့်ထား ပါက မဲမဲမဲမဲ သာ မြင်တွေ့ ရမှာပဲ ဖြစ်ပါတယ် … ။
(8) သြဂုတ်
သြဂုတ်လမှာ မွေးဖွားသူ တွေကတော့ ဝေးဝေးပြေးရင် မောတတ်ပြီး ထိုင်နေ ပြန်တော့လည်း ခုံနဲ့ဖင်နဲ့ ကပ်နေတတ်ပါတယ်။ သူတို့ရှာထား ဖွေထားသမျှ ငွေတွေဟာ သုံးလိုက်ရင် ကုန်ကုန် သွားတတ် တာမို့ စိတ်ညစ် ရတတ် ပါတယ်။ အဲ့တာတော့ သတိ ထားပေးပါ … ။
(9) စက်တင်ဘာ
အိပ်လိုက်တိုင်း မျက်စိမှိတ်မှိတ် သွားတာက စက်တင်ဘာ မွေးနေ့ရှင် တွေပါ ။ ထမင်းတွေဟာ စားလိုက်တိုင်း ဗိုက်ထဲ ရောက်ရောက် သွားတတ်ပြီး ထမင်းတစ်ခါ စားရုံနဲ့ မပြီးပဲ နောက်နေ့ကျ ထပ်စားရ ပြန်ပါတယ် … ။
(10) အောက်တိုဘာ
အောက်တိုဘာလ မွေးနေ့ရှင်တွေနဲ့ ၁၀ လပိုင်း မွေးနေ့ရှင်တွေဟာ အတူတူပဲဆိုတာကို ပြောလိုက်ရင် မအံ့သြသွားပါနဲ့။ အဲ့ဒါတစ်ကယ်ပါ။ သူတို့ဟာ ငယ်ငယ်တုန်းက သေးသေးလေး ဖြစ်ကြပြီး ကြီးလာတော့ တဖြည်းဖြည်း ကြီးလာကြပါတယ်။ (ကိုယ်ခန္ဓာကိုပြောတာပါနော်)
(11) နိုဝင်ဘာ
နိုဝင်ဘာလ မွေးနေ့ရှင်တွေထဲက အမျိုးသားတွေဟာ ယောက်ျားလေးတွေ ဖြစ်ကြပြီး အမျိုးသမီးတွေ ကတော့ မိန်းကလေးတွေ ဖြစ်ကြ ပါတယ်။ ယောက်ျားလေး တွေဟာ ကလေးမမွေးနိုင် ကြပဲ၊ မိန်းကလေးတွေသာ မွေးနိုင်ကြလေ့ ရှိပါတယ် … ။
(12) ဒီဇင်ဘာ
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ မွေးဖွားသူတွေ ဖြစ်ကြပြီး တစ်နှစ်မှ တစ်ခါမွေးနေ့ လုပ်နိုင် ကြသူ တွေပါ။ ပက်လက်အိပ်ရင် ကျောနဲ့မွေ့ယာကပ် နေတပ်ပြီး မှောက်ရပ်အိပ်ရင် ဗိုက်နဲ့မွေ့ယာကပ် နေမှာပဲ ဖြစ်ပါတယ် … ။
ဘဝအမောတွေပြေကျပါစေဗျာ ..………
crd.မူရင်းတင်သူ