ယေန႕မိုးၾကီးေရလွ်ံနိုင္သည့္ ေဒသမ်ားႏွင့္ မိုးရြာသြန္းမယ့္ေဒသမ်ားအတြက္ သတိေပးခ်က္

ယေန႕မိုးၾကီးေရလွ်ံနိုင္သည့္ ေဒသမ်ားႏွင့္ မိုးရြာသြန္းမယ့္ေဒသမ်ားအတြက္ သတိေပးခ်က္

မုန္းေရေလွာင္တမံ ေရဝပ္ဧရိယာအတြင္း ယေန႔ည မိုးႀကီးနိုင္ပါတယ္

ေတာင္တက္မိုး ရခိုင္ရိုးမႀကီးေပၚ မိုးႀကီးနိုင္ပါတယ္

မေကြးတိုင္းႏွင့္ ရခိုင္ျပည္နယ္အစပ္ အမ္းေတာင္ၾကားလမ္း ရခိုင္ရိုးမေပၚတြင္မိုးႀကီးမည္ျဖစ္သျဖင့္

ပဒါန္း အမ္း ေတာင္ကုတ္လမ္း ခရီးမသြားသင့္ပါဘူး

ေက်ာက့္ဖူ ေျမပုံ မအီ ေပါက္ေတာ မင္းျပား ေျမာရ္ဦး စစ္ေတြ ေက်ာက္ျဖဴ ေလာင္းရွည္ ေစတုတၱရာ မိုးႀကီးေရလၽွံနိုင္ပါတယ္

#staysafe

ေန႔စဥ္မိုးေလဝသသတင္း

(၂၀၂၁ ခုႏွစ္၊ ဇြန္လ (၁၇)ရက္ေန႔ မြန္းလြဲ (၂:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ယေန႔နံနက္(၀၉:၃၀)နာရီအခ်ိန္ထိမိုးေလဝသတိုင္းထြာခ်က္အက်ဥ္းခ်ဳပ္။

လြန္ခဲ့ေသာ(၂၄)နာရီအတြင္းကစစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာခဲ့ၿပီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ ေနျပည္ေတာ္၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးခဲ့ပါသည္။ မွတ္သားဖြယ္ရာ မိုးေရခ်ိန္မ်ားမွာ သံတြဲၿမိဳ႕တြင္ ‌(၇.၆၈)လက္မ၊ ေက်ာက္ျဖဴၿမိဳ႕တြင္ (၅.၆၃)လက္မ၊ ပိုင္က်ဳံၿမိဳ႕တြင္ (၅.၄၉)လက္မ၊ မာန္ေအာင္ၿမိဳ႕တြင္ (၅.၃၅)လက္မ၊ ေတာင္ကုတ္ၿမိဳ႕တြင္ (၄.၉၂)လက္မ၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ (၄.၀၂)လက္မ၊ ကြမ္းၿခံကုန္းၿမိဳ႕တြင္ (၃.၈၂)လက္မ၊ ဘီးလင္းၿမိဳ႕တြင္ (၃.၆၂)လက္မ၊ ရွမ္းရြာသစ္ၿမိဳ႕တြင္ (၃.၄၆)လက္မ၊ ပူတာအိုၿမိဳ႕တြင္ (၃.၄၃)လက္မ၊ ပဲခူးၿမိဳ႕၊ ေျမာင္းျမၿမိဳ႕၊ မုဒုံၿမိဳ႕ႏွင့္ က်ိဳကၡမီၿမိဳ႕တို႔တြင္ (၃.၃၈)လက္မစီ၊ ရန္ကုန္(ၿမိဳ႕လယ္)တြင္ (၃.၃၁)လက္မ၊ ဟိုင္းႀကီးကၽြန္းၿမိဳ႕တြင္ (၃.၂၇)လက္မ၊ ပုသိမ္ၿမိဳ႕တြင္ (၃.၂၃)လက္မႏွင့္ ဂြၿမိဳ႕တြင္ (၃.၁၉)လက္မ တို႔ျဖစ္ၾကပါသည္။

ဘဂၤလားပင္လယ္ေအာ္အေျခအေန။ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားေကာင္းေနပါသည္။

မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲ၊

ကခ်င္ျပည္နယ္တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊

ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းႀကီးနိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါသည္။ လွိုင္းအျမင့္မွာ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ ရွိနိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။မုတ္သုံေလ အားအသင့္အတင့္မွ အားေကာင္းေနမည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။

unicode

ယနေ့မိုးကြီးရေလျှံနိုင်သည့် ဒေသများနှင့် မိုးရွာသွန်းမယ့်ဒေသများအတွက် သတိပေးချက်

မုန်းရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း ယနေ့ည မိုးကြီးနိုင်ပါတယ်

တောင်တက်မိုး ရခိုင်ရိုးမကြီးပေါ် မိုးကြီးနိုင်ပါတယ်

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်းတောင်ကြားလမ်း ရခိုင်ရိုးမပေါ်တွင်မိုးကြီးမည်ဖြစ်သဖြင့်

ပဒါန်း အမ်း တောင်ကုတ်လမ်း ခရီးမသွားသင့်ပါဘူး

ကျောက့်ဖူ မြေပုံ မအီ ပေါက်တော မင်းပြား မြောရ်ဦး စစ်တွေ ကျောက်ဖြူ လောင်းရှည် စေတုတ္တရာ မိုးကြီးရေလျှံနိုင်ပါတယ်

#staysafe

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။

လွန်ခဲ့သော(၂၄)နာရီအတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ သံတွဲမြို့တွင် ‌(၇.၆၈)လက်မ၊ ကျောက်ဖြူမြို့တွင် (၅.၆၃)လက်မ၊ ပိုင်ကျုံမြို့တွင် (၅.၄၉)လက်မ၊ မာန်အောင်မြို့တွင် (၅.၃၅)လက်မ၊ တောင်ကုတ်မြို့တွင် (၄.၉၂)လက်မ၊ မော်လမြိုင်မြို့တွင် (၄.၀၂)လက်မ၊ ကွမ်းခြံကုန်းမြို့တွင် (၃.၈၂)လက်မ၊ ဘီးလင်းမြို့တွင် (၃.၆၂)လက်မ၊ ရှမ်းရွာသစ်မြို့တွင် (၃.၄၆)လက်မ၊ ပူတာအိုမြို့တွင် (၃.၄၃)လက်မ၊ ပဲခူးမြို့၊ မြောင်းမြမြို့၊ မုဒုံမြို့နှင့် ကျိုက္ခမီမြို့တို့တွင် (၃.၃၈)လက်မစီ၊ ရန်ကုန်(မြို့လယ်)တွင် (၃.၃၁)လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် (၃.၂၇)လက်မ၊ ပုသိမ်မြို့တွင် (၃.၂၃)လက်မနှင့် ဂွမြို့တွင် (၃.၁၉)လက်မ တို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊

ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။