စင္းဘူရီတြင္ ငါးသည္တဦး ထိုင္းထီ ၁၂ သန္းကံထူး

စင္းဘူရီတြင္ ငါးသည္တဦး ထိုင္းထီ ၁၂ သန္းကံထူး

ၿပီးခဲ့သည့္ ဇြန္လ ၁၆ ရက္ေန႔အပတ္စဥ္တြင္ စင္းဘူရီၿမိဳ႕စည္ပင္သာယာေစ်းရွိ အသက္ ၅၃ ႏွစ္အရြယ္ တီလားဗီးယားငါးသည္တဦး ထိုင္းထီ ၁၂ သန္းကံထူးသည္ဟု သိရသည္။

သူမ၏ပစ္ကပ္ကားနံပါတ္ကိုေကာက္ထားသည့္ 691861 နံပါတ္ကို ေမြးဂဏန္းအျဖစ္အပတ္စဥ္ထိုးျဖစ္ေၾကာင္း၊

သူမေရာင္းခ်ေနသည့္ေစ်းအတြင္းရွိ ထီအေရာင္းဆုိင္တြင္ ၂ ေစာင္တြဲဝယ္ယူခဲ့ေၾကာင္း

ပံုမွန္အတိုင္း နံနက္ ၁ နာရီကတည္းကငါးေရာင္းထြက္လာ၍ ထီေပါက္သည္ကိုမသိရွိရေၾကာင္း

ထီေပါက္ေၾကာင္းသိရွိရၿပီးေနာက္ မိမိေရာင္းခ်ေနသည့္ ကီလိုဂရမ္ ၂ဝဝ ခန္႔ရွိသည့္ငါးမ်ားကို ေစ်းသူေစ်းသားမ်ားအား အခမဲ့ေပးေဝခဲ့ေၾကာင္း၊

စြမ္းအားျဖည့္အခ်ဳိရည္မ်ားကိုပါ ေပးေဝခဲ့ေၾကာင္း သိရွိရသည္။

ထို႔ေနာက္ ၿမိဳ႕ေတာ္ဗန္ေကာက္ရွိ ထီရံုးခ်ဳပ္ရွိရာသို႔ ခရီးႏွင္ခဲ့ၿပီး ေငြထုတ္ယူခဲ့သည္ဟု သူမဆိုသည္။

ကနဦးတြင္ ကံထူးထားသည့္ေငြတခ်ဳိ႕ကို သူမအိမ္အနီးရွိဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဒါနျပဳမည္ဟုသိရၿပီး က်န္ေငြမ်ားကို မည္သို႔စီမံခန္႔ခြဲမည္ကို မသိရေသးေၾကာင္း သူမဆိုသည္။

ကံထူးရွင္ ဆြမ္းေဖာ္ ပင္ေထာင္သည္ စင္းဘူရီခရိုင္ႏွင့္ထိစပ္ေနသည့္ အမွတ္ ၁၂၈၊ မူ၉၊ေခါင္းစေမာခြန္ေက်းရြာအုပ္စု၊ ထာ့ဝန္းၿမိဳ႕နယ္၊ လြပ္ဘူရီခရိုင္တြင္ေနထိုင္သူတဦးျဖစ္ၿပီး

စင္းဘူရီၿမိဳ႕စည္းပင္သာယာေစ်းတြင္ တီလားဗီးယားငါးမ်ားကိုေရာင္းခ်လုပ္ကိုင္ေနသူတဦးျဖစ္သည္ဟု သိရသည္။

unicode

စင်းဘူရီတွင် ငါးသည်တဦး ထိုင်းထီ ၁၂ သန်းကံထူး

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့အပတ်စဉ်တွင် စင်းဘူရီမြို့စည်ပင်သာယာစျေးရှိ အသက် ၅၃ နှစ်အရွယ် တီလားဗီးယားငါးသည်တဦး ထိုင်းထီ ၁၂ သန်းကံထူးသည်ဟု သိရသည်။

သူမ၏ပစ်ကပ်ကားနံပါတ်ကိုကောက်ထားသည့် 691861 နံပါတ်ကို မွေးဂဏန်းအဖြစ်အပတ်စဉ်ထိုးဖြစ်ကြောင်း၊

သူမရောင်းချနေသည့်စျေးအတွင်းရှိ ထီအရောင်းဆိုင်တွင် ၂ စောင်တွဲဝယ်ယူခဲ့ကြောင်း

ပုံမှန်အတိုင်း နံနက် ၁ နာရီကတည်းကငါးရောင်းထွက်လာ၍ ထီပေါက်သည်ကိုမသိရှိရကြောင်း

ထီပေါက်ကြောင်းသိရှိရပြီးနောက် မိမိရောင်းချနေသည့် ကီလိုဂရမ် ၂ဝဝ ခန့်ရှိသည့်ငါးများကို စျေးသူစျေးသားများအား အခမဲ့ပေးဝေခဲ့ကြောင်း၊

စွမ်းအားဖြည့်အချိုရည်များကိုပါ ပေးဝေခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မြို့တော်ဗန်ကောက်ရှိ ထီရုံးချုပ်ရှိရာသို့ ခရီးနှင်ခဲ့ပြီး ငွေထုတ်ယူခဲ့သည်ဟု သူမဆိုသည်။

ကနဦးတွင် ကံထူးထားသည့်ငွေတချို့ကို သူမအိမ်အနီးရှိဘုန်းတော်ကြီးကျောင်းတွင် ဒါနပြုမည်ဟုသိရပြီး ကျန်ငွေများကို မည်သို့စီမံခန့်ခွဲမည်ကို မသိရသေးကြောင်း သူမဆိုသည်။

ကံထူးရှင် ဆွမ်းဖော် ပင်ထောင်သည် စင်းဘူရီခရိုင်နှင့်ထိစပ်နေသည့် အမှတ် ၁၂၈၊ မူ၉၊ခေါင်းစမောခွန်ကျေးရွာအုပ်စု၊ ထာ့ဝန်းမြို့နယ်၊ လွပ်ဘူရီခရိုင်တွင်နေထိုင်သူတဦးဖြစ်ပြီး

စင်းဘူရီမြို့စည်းပင်သာယာစျေးတွင် တီလားဗီးယားငါးများကိုရောင်းချလုပ်ကိုင်နေသူတဦးဖြစ်သည်ဟု သိရသည်။