


မင်းထက်စံ






unicode

တပ်ထောက်ခံပွဲလုပ်ပြီး လေးခွနဲ့ပစ်သူတွေကို ပြည်သူတွေက ဖမ်းဆီး

ရန်ကုန်-ဖေဖေါ်ဝါရီ-၂၅-၂၀၂၁

မင်းထက်စံ

တပ်မတော်ထောက်ခံတဲ့သူတွေနဲ့ အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြသူတွေ အပြန်အလှန်ရိုက်ကြတာတွေ ၊ လောက်လေးတွေ ၊ ခဲတွေနဲ့ ပစ်ခတ်တာကြောင့်

ရပ်ကွက်နေပြည်သူက တပ်မတော်ထောက်ခံတဲ့သူတွေကို လက်ရဖမ်းဆီးခဲ့ကြပါတယ်။

လတ်တလောအခြေအနမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူမီးရထားဝန်းထဲက သာသနာ့ဟိတဓရ ဓမ္မာရုံမှာ ဖမ်းမိထားတဲ့ တပ်မတော်ထောက်ခံသူ ၃၀ လောက်ကို ထိမ်းသိမ်းထားတယ်လို့သိရပါတယ်။

ဖမ်းမိတဲ့သူတွေကို ရဲလက်အပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #သိမ်ဖြူမီးရထားဝန်း#တပ်မတော်ထောက်ခံသူတွေဖမ်းမိ