ရေထဲသို့ကျသွားသော ဖုန်းအား ပါးစပ်နှင့်ကိုက်ပြီး ပိုင်ရှင်ထံ ဆယ်ယူလာပေးသော ချစ်စဖွယ် ဝေလငါး(ရုပ်သံ)

ဝေလငါးများသည် နို့တိုက်သတ္တဝါထဲတွင် ပါဝင်ပြီး အသိဥာဏ်ကြွယ်ပြီး ကြင်နာတတ်သော တိရစ္ဆာန်လေးများပင် ဖြစ်သည်။

သို့ဖြစ်၍ Mansika အမည်ရှိသော မိန်းကလေးနှင့် သူငယ်ချင်းအဖွဲ့သည် belugaဝေလငါးအား တွေ့ချင်၍ ပျော်ရွှင်စွာ နော်ဝေးရေကြောင်းခရီး
ထွက်ခဲ့သည်။

လှေပေါ်တွင် Mansikaသည် ဝေလငါးအား ကြည့်ချင်ဇောဖြင့် စိတ်လှုပ်ရှားရင်း မိုဘိုင်းဖုန်းအား အိတ်ကပ်ထဲတွင် ထည့်ထားစဥ် မပိတ်လိုက်မိ၍
ရုတ်တရက် ရေထဲသို့ ပြုတ်ကျသွားသည်။

မကြာမီ ရေအောက်ကနေ အံ့အားသင့်ဖွယ် သူမဧ။် ဖုန်းအား ပါးစပ်နှင့် ကိုက်ချီလာပေးသော ဝေလငါးလေးအား တွေ့ရှိခဲ့ရပြီး ဖုန်းပြန်ရခဲ့သည့်အ
ပြင် တွေ့ချင်သော ဝေလငါးကိုလည်း အနီးကပ် တွေ့ရှိခဲ့ရ၍ အလွန်ဝမ်းသာသွားခဲ့သည်။

မိန်းကလေးသည် ဝေလငါးအား ကြင်နာတတ်ပြီး ချစ်စရာကောင်းသော သတ္တဝါလေးအဖြစ် ချီးမွမ်းကာ လိုင်းပေါ်တွင် မျှဝေခဲ့သည်။

Hlaing (Love Feeling )

Zawgyi



ထွက်ခဲ့သည်။





Hlaing (Love Feeling )