စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၌ ပရဟိတ အဖွဲ့ဝင် (၃)ဦး အသတ်ခံရ












unicode

ရန်ကုန်၊ဇွန်-၂၀(PeopleMedia)

စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်၊သနပ်ကုန်းကျေးရွာအနီး၌ စံပြ ပရဟိတ အဖွဲ့မှ ပရဟိတ ဆောင်ရွက်နေသည် လူငယ်(၃)ဦးသည်

ဇွန် (၁၉)ရက်နေ့ ညနေ (၅:၃၀)အချိန်က အသတ်ခံခဲ့ရပါတယ်။

စံပြ ပရဟိတ အဖွဲ့သည် မကွေးတိုင်း ရေစကြိုမြို့နယ် သာဂေါင် ကျေးရွာမှ ဖြစ်ပါတယ်။

အဆိုပါ ပရဟိတ အဖွဲ့မှ လူငယ် (၃)ဦးသည် မနေ့က လူမှုကူညီးရေး ကူညီဆောင်ရွက်မှု အပြီး အပြန်ခရီး၌ မြောင်မြို့နယ် သနပ်ကုန်း ကျေးရွာ အနီးမှာ အသတ်ခံလိုက်ရတာလည်းဂဖြစ်ပါတယ်။

အဆိုပါ မြောင်မြို့နယ် သနပ်ကုန်းကျေးရွာသည် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း အစပ်ရှိ ကျေးရွာဖြစ်သလို

မြောင်မြို့နယ် နှင့် ရေစကြိုမြို့နယ် မြို့ချင်း စပ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

“ရေစကြိုနဲ့မြောင်ဆိုတာ မြို့ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။

အခု ဖြစ်တဲ့နေရာက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း နယ် ကပ်လျက် နေရာဖြစ်တယ်။”လို့ ဒေသခံ တစ်ဦးက ပြောသည်။

#PeopleMedia #ရေစကြိုမြို့ #မြောင်မြို့ #ပရဟိတ