ဂ်ပန္အဆိုေတာ္ Suwa Junko ျပန္လည္ သီဆိုထားတဲ့ “ခြန္အားျဖည့္မိငယ္” (႐ုပ္/သံ)

ဂ်ပန္အဆိုေတာ္ Suwa Junko ျပန္လည္ သီဆိုထားတဲ့ “ခြန္အားျဖည့္မိငယ္” (႐ုပ္/သံ)

ယေန႔၊ ဇြန္လ ၁၉ ရက္ေန႔မွာ က်ေရာက္တဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ အသက္ ၇၆ ႏွစ္ျပည့္ ေမြးေန႔မွာ ဂ်ပန္နိုင္ငံက နာမည္ႀကီး အဆိုေတာ္ Suwa

Junko က အဆိုေတာ္ ခင္ေမာင္တိုးရဲ့ “ခြန္အားျဖည့္မိငယ္”ဆိုတဲ့ သီခ်င္းကို ျပန္လည္ သီဆိုကာ ျမန္မာျပည္သူေတြအတြက္ အားေပးခဲ့ပါတယ္။

“ဒီအခ်ိန္မွာ က်မ လုပ္နိုင္တဲ့အရာကို စဥ္းစားၾကည့္တဲ့အခါ က်မတို့ ဂ်ပန္လူမ်ိဳးေတြကို ျမန္မာျပည္ရဲ့ လက္ရွိ အေျခအေနကို နားလည္ေစဖို့ လုပ္ေဆာင္ျခင္းပဲလို့ ယူဆမိပါတယ္”

“အခုအႀကိမ္ကေတာ့ က်မ ေနထိုင္တဲ့ တိုခ်ိဂိခရိုင္၊ အိုတာဝါရၿမိဳ့က ၿမိဳ့သူၿမိဳ့သားေတြဆီကို ျမန္မာျပည္အေၾကာင္း ရွင္းျပၿပီး သူတို့ရဲ့ ပူးေပါင္းပါဝင္မွုနဲ႔ ျမန္မာျပည္အတြက္ ခြန္အားေပးတဲ့

“ခြန္အားျဖည့္မိငယ္”ဆိုတဲ့ သီခ်င္းဗီဒီယိုေလး ျပဳလုပ္ ျဖစ္ခဲ့ပါတယ္”

“ဒီသီခ်င္း ဗီဒီယိုေလးကတဆင့္ တိုင္းျပည္အတြက္ ႀကိဳးစားေနၾကတဲ့ က်မ ခ်စ္ရတဲ့ ျမန္မာျပည္သူျပည္သားေတြကို တဖက္တလမ္းက ခြန္အားျဖစ္ေစဖို့ ေမၽွာ္လင့္မိပါတယ္”လို့ ဆိုေတာ္ Suwa Junko က ေျပာထားပါတယ္။

႐ုပ္သံ – Suwa Junko’s Facebook

unicode

ဂျပန်အဆိုတော် Suwa Junko ပြန်လည် သီဆိုထားတဲ့ “ခွန်အားဖြည့်မိငယ်” (ရုပ်/သံ)

ယနေ့၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် မွေးနေ့မှာ ဂျပန်နိုင်ငံက နာမည်ကြီး အဆိုတော် Suwa

Junko က အဆိုတော် ခင်မောင်တိုးရဲ့ “ခွန်အားဖြည့်မိငယ်”ဆိုတဲ့ သီချင်းကို ပြန်လည် သီဆိုကာ မြန်မာပြည်သူတွေအတွက် အားပေးခဲ့ပါတယ်။

“ဒီအချိန်မှာ ကျမ လုပ်နိုင်တဲ့အရာကို စဉ်းစားကြည့်တဲ့အခါ ကျမတို့ ဂျပန်လူမျိုးတွေကို မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို နားလည်စေဖို့ လုပ်ဆောင်ခြင်းပဲလို့ ယူဆမိပါတယ်”

“အခုအကြိမ်ကတော့ ကျမ နေထိုင်တဲ့ တိုချိဂိခရိုင်၊ အိုတာဝါရမြို့က မြို့သူမြို့သားတွေဆီကို မြန်မာပြည်အကြောင်း ရှင်းပြပြီး သူတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ မြန်မာပြည်အတွက် ခွန်အားပေးတဲ့

“ခွန်အားဖြည့်မိငယ်”ဆိုတဲ့ သီချင်းဗီဒီယိုလေး ပြုလုပ် ဖြစ်ခဲ့ပါတယ်”

“ဒီသီချင်း ဗီဒီယိုလေးကတဆင့် တိုင်းပြည်အတွက် ကြိုးစားနေကြတဲ့ ကျမ ချစ်ရတဲ့ မြန်မာပြည်သူပြည်သားတွေကို တဖက်တလမ်းက ခွန်အားဖြစ်စေဖို့ မျှော်လင့်မိပါတယ်”လို့ ဆိုတော် Suwa Junko က ပြောထားပါတယ်။

ရုပ်သံ – Suwa Junko’s Facebook