မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္ေန

မႏၱေလးျမိဳ႕ ခ်မ္းျမသာစည္ျမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္ေန

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၅၄ လမ္း၊ ၁၁၁ လမ္း နဲ႔ ၁၁၂ လမ္းဘက္မွာ ဇြန္လ ၂၂ ရက္ မနက္ ၈ နာရီေလာက္က စၿပီး ပစ္ခတ္မႈေတြျဖစ္ေနတယ္လို႔ ကနဦး သိရပါတယ္။

ပစ္ခတ္မႈ စတင္တုန္းက အာဏာသိမ္းစစ္ေကာင္စီရဲ့ အၾကမ္းဖက္အဖြဲ႕ေတြ အရပ္ဝတ္ေတြနဲ႔ ေရာက္လာၿပီး တရစပ္ ပစ္ခတ္တာေတြ လုပ္ၾကတယ္လို႔ ပတ္ဝန္းက်င္မွာ ေနထိုင္သူ တခ်ိဳ႕က ေျပာပါတယ္။

“ပစ္ခတ္တာေတြကေတာ့ ဆက္တိုက္ပဲ ။ အျပန္အလွန္ပစ္တဲ့ ပုံပဲ။

ဗုံးေပါက္တာေတြလည္း ၾကားရတယ္။ ဘယ္ကေန စျဖစ္တာလဲ မသိရေသးဘူး။

PDF နဲ႔ ပစ္တာလို႔လည္း ေျပာေနၾကတယ္။ အစက အရပ္ဝတ္ေတြနဲ႔တင္ လာၾကတာ မၾကာဘူး။

စစ္ကားသုံးေလးစီးလည္း ေရာက္လာတယ္။” လို႔ ပစ္ခတ္မႈျဖစ္တဲ့ အနီးအနားေနသူ တစ္ဦး က ဆိုပါတယ္။

မႏၲေလး PDF အေနနဲ႔ ဒီေန႔စတင္တိုက္ပါၿပီ ဆိုၿပီးေတာ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

အျပန္အလွန္ပစ္ခတ္တဲ့ အေျခအေနေၾကာင့္ ထိခိုက္မႈေတြ ရွိေပမယ့္ အတည္ျပဳ နိုင္တာေတာ့ မရွိေသးပါဘူး။ ျဖစ္စဥ္ကို အေသးစိတ္ ထပ္မံတင္ျပသြားပါမယ္။

credit

unicode

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း၊ ၁၁၁ လမ်း နဲ့ ၁၁၂ လမ်းဘက်မှာ ဇွန်လ ၂၂ ရက် မနက် ၈ နာရီလောက်က စပြီး ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ ကနဦး သိရပါတယ်။

ပစ်ခတ်မှု စတင်တုန်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး တရစပ် ပစ်ခတ်တာတွေ လုပ်ကြတယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်သူ တချို့က ပြောပါတယ်။

“ပစ်ခတ်တာတွေကတော့ ဆက်တိုက်ပဲ ။ အပြန်အလှန်ပစ်တဲ့ ပုံပဲ။

ဗုံးပေါက်တာတွေလည်း ကြားရတယ်။ ဘယ်ကနေ စဖြစ်တာလဲ မသိရသေးဘူး။

PDF နဲ့ ပစ်တာလို့လည်း ပြောနေကြတယ်။ အစက အရပ်ဝတ်တွေနဲ့တင် လာကြတာ မကြာဘူး။

စစ်ကားသုံးလေးစီးလည်း ရောက်လာတယ်။” လို့ ပစ်ခတ်မှုဖြစ်တဲ့ အနီးအနားနေသူ တစ်ဦး က ဆိုပါတယ်။

မန္တလေး PDF အနေနဲ့ ဒီနေ့စတင်တိုက်ပါပြီ ဆိုပြီးတော့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

အပြန်အလှန်ပစ်ခတ်တဲ့ အခြေအနေကြောင့် ထိခိုက်မှုတွေ ရှိပေမယ့် အတည်ပြု နိုင်တာတော့ မရှိသေးပါဘူး။ ဖြစ်စဉ်ကို အသေးစိတ် ထပ်မံတင်ပြသွားပါမယ်။

credit