၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 25.2.2021 မှ 3.3.2021 အထိ

25.2.2021 မှ 3.3.2021 အထိ တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်းစီးပွားရေးနှင့် ပတ်သက်သည့် လုပ်ငန်းကိစ္စများ နားမလည်ပါက ရှေ့ဆက်မတိုးလိုက်ပါနဲ့။ အလိမ်အညာခံရ၍ ဆုံးရှုံးရကိန်းများ ရှိနေမည်။ ဝန်ထမ်းဆိုတရားမဝင်ငွေကြေးနှင့်မရိုးမသား လုပ်ကိုင်ရခြင်းများ ကြောင့် ဒုက္ခရောက်ရတတ်သည်။

လူငယ်လူရွယ်တွေဆိုရင်အဓိပ္ပါယ်မဲ့၊ အကျိုးမဲ့စွာ၊ သတ္တိလွဲများ မွေးမိသဖြင့် မကောင်းသော ဆိုးကျိုးများနှင့် အတိဒုက္ခရောက်ရတတ်သည်။ တတ်နိုင်သမျှခရီးရှောင်စေချင်ပါတယ်။ ခရီးသွား လာရင်းအမှုပြဿနာများကြုံတွေ့လာရတတ်သည်။

အိမ်ပြောင်း၊ နေရာပြောင်း၊ အလုပ်ပြောင်းကဲ့သို့သော အပြောင်း အလဲကိစ္စများကြုံရတတ်ပါတယ်။ ထီပေါက်ချင်ပါက အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးနှင့်စပ်တူထီထိုးပါ။ မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာသမားကောင်းများနှင့် ပူးတွဲလုပ်ကိုင်ခွင့်ရ၍

လုပ်ငန်းစီးပွားများ အောင်မြင် တိုး တတ်လာ ပါလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ရောဂါကြောင့်မဖြစ်ဘဲ စိတ်ထောင်းကိုယ်ကြေဆိုတာမျိုးဖြစ်တတ်ပါ တယ်။ စိတ်ကြောင့် ရောဂါရမယ်ပေါ့ဗျာ။ ဒါအပြင်အခြားသတိထားရမှာက မသန့်ရှင်းသော ရေကြောင့် ရောဂါများ ရတတ် ပါသည်။

အချစ်ရေးကိစ္စတွေမှာတော့ လူသိမခံနိုင်တဲ့ကိစ္စတွေဖြစ်ပေါ်တတ်ပါတယ်။ အိမ်ထောင်သည်များအညံ့ အဆိုးသိပ်မရှိပါဘူး။ရေလိုက်ငါးလိုက်နေတတ်ဖို့ပဲလိုပါတယ်။ ပညာရေးကံအားနည်းချက်များပြားနေပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၅ အထူးဟော ကံအနည်းငယ်အားနည်းသည်။ ယတြာ…ဆန်ပြုတ်ဘုရားကပ်လှူပေးပါ။

တနင်္လာ

ဒီတစ်ပတ်အတွင်း မိမိဝယ်ချင်နေတဲ့တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူရတတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နေသူတွေ လုပ်ငန်းတိုးတတ်ဖို့အခွင့်အလမ်းတွေကြုံရမည်။ အိမ်တွင်းရေး၊ညီ အကို မောင်နှမကိစ္စများနှင့်ပတ်သက်၍ စကားများ ပြောဆိုဖြေရှင်းပေးနေရတတ်သည်။

ရပ်ဝေးနှင့်နိုင်ငံခြားသို့သွားမည့် အစီအစဉ်များ ပျက်တတ်ပါသည်။ ဘေးအန္တရာယ်များ ကြုံတွေ့ရတတ်ပါသည်။ အကောင်းအဆိုးများ ဒွန်တွဲနေရ တတ် သဖြင့် မိမိဉာဏ်နှင့် ဝီရိယအပေါ်မှာ များစွာ မူတည်နေတတ်ပါ သည်။

ထို့ကြောင့် စိတ်ဓါတ် တည်ကြည်ခိုင်မာ စွာ ဖြင့် စဉ်းစားတွေးခေါ်၍ ဇွဲရှိရှိဖြင့် ဆောင်ရွက်ပါမှ အဆင်ပြေ အောင်မြင်ပါလိမ့်မည်။ ကံကြမ္မာ ကောင်းခြင်းဘက် တွင် အလွန်များပြားနေရတတ်ပါသည်။ အပြိုင်အဆိုင်လုပ်ငန်း များ အတွက် စိတ်ညစ်နေရတတ် ပါသည်။

မရေမရာ လုပ်ငန်းများ လုပ်နေရ၍ အဆင်မပြေဖြစ်ရတတ်ပါသည်။ မိသားစုအတွက် စိတ်ပူရတတ် ပါသည်။ အိမ်ထောင်ရေး တွင် အိမ်ထောင်ဘက်၏ ဆွေမျိုးများရဲ့ရန်ပြုခြင်းကို ခံနေရတတ်ပါသည်။ ထီထိုးခြင်း၊ ကံစမ်းခြင်းများမှ မမျှော်လင့် ဘဲ ငွေဝင်တတ်ပါသည်။

အချစ်ရေး အဆင်မပြေဖြစ် တတ်၍ စိတ်ညစ်စရာများနှင့် ကြုံတွေ့နေရ တတ်ပါသည်။ အချစ်ရေးပြဿနာများ မကြာခဏ ဖြေရှင်းပေးနေ ရတတ်သည်။ကျန်းမာရေးအညံ့အဆိုးသိပ်မတွေ့ရပါဘူး။ပညာ ရေးနဲ့ပတ်သတ်ပြီးရပ်ဝေးကနေ ပညာအသစ်တွေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၆/၉ အထူးဟော စဉ်းစားတွေးခေါ်ပြီးမှ အရာရာဆောင်ရွက်ပါ။ ယတြာ ….ဆနွင်းမကင်း ဘုရားကပ်လှူပေးပါ။

အင်္ဂါ

ဒီတစ်ပတ်ရဲ့ကံကြမ္မာအရ ကောင်းမွန်သော အခွင့်အရေးများ ရရှိတတ်ပါသည်။ မိမိကိုယ်တိုင် ဦးဆောင် သည့် လုပ်ငန်းများ လုပ်ကိုင်ရတတ်ပေမယ့်ကောင်းမွန်အောင် စိတ်ဓါတ်တည်ကြည်စွာထား၍ သတိထားတွေးခေါ် လုပ်ကိုင်ဆောင်ရွက်ထားပါမှ အဆင်ပြေ အောင်မြင်ရပါလိမ့်မည်။

သတိမရှိလျှင် မရှိသလို နစ်နာမှုများ ရှိတတ် ပါသည်။မိမိရဲ့ကျန်းမာရေးညံ့သလိုမိသားစုအတွင်းလဲကျန်းမာရေးအညံ့များ ကြုံတွေ့နေရတတ်ပါသည်။ အိမ်ထောင် ရေးတွင် မိမိအိမ်ထောင် ဘက်နှင့် အဆင်မပြေ တစ်ကျက်ကျက် ဖြစ်နေရတတ်ပါသည်။

မိမိအနီးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများ၏ စောင်းမြောင်း ပြောခြင်း ကိုလည်း ခံစားရတတ်ပါသည်။ ကုန်သည်များပေးထားသော ကတိ ပျက်၍ စိတ်ညစ်ရတတ်ပါသည်။စုဆောင်းထားသော ငွေကြေးများ မဆင်မခြင်သုံးစွဲမှုကြောင့် ဆုံးရှုံးနစ်နာရခြင်းများ ဖြစ်နေရတတ်ပါ သည်။

အထူးသဖြင့်လောင်းကစားမလုပ်ပါနဲ့။ တပည့်လက်အောက်ငယ်သားများနှင့် တွဲဖက်ဆောင် ရွက်လုပ်ကိုင်ရ သော အလုပ်စီးပွားများမှ အထူးကံကောင်း အကျိုးပေးခြင်းများ ကြုံတွေ့ရတတ် ပါသည်။ အရာ ရာ တွင် အထူးသတိရှိပါ။

ဖြစ်ပေါ်လာသော အဆင်မပြေမှုများကို တုန့်ဆိုင်းမနေပဲ ရဲရဲ ရှေ့တိုးဆောင်ရွက်ပါ။ အချစ်ရေး မှာတော့ ချစ်သူက မိမိကို အကြောင်းတစ်ခုခုကြောင့်အကြီးအကျယ်အထင်လွဲတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၇/၀ အထူးဟော….လောင်းကစားကိစ္စများရှောင်ပါ။ ယတြာ….စံပယ်ပန်းလေးတွေဘုရားလှူပေးပါ။

ဗုဒ္ဓဟူး / ရာဟု

ဒီကာလအတွင်းလူမှားပြီး အန္တရာယ်ပေးခြင်း၊ ရန်မူခြင်း၊ချောင်းရိုက်ခြင်းများ ကိုလည်း ခံရတတ်ပါသည်။ သားသမီးများအတွက် အလုပ်များရတတ်ပါသည်။ ကုသိုလ်ကောင်းမှုဘက်တွင် စိတ်ရောက်ပြီး တရားဓမ္မလုပ်ဖြစ် အောင် နှိုးဆော်တဲ့ကလျာဏမိတ္တများနှင့်တွေ့ရတတ်သည်။

အမှုအခင်းများနှင့် ကြုံတွေ့နေရတတ်ပါသည်။ မိမိ၏ လုပ်ငန်းကို သူတစ်ပါးက စျေးကွက်ဝင်လုခြင်းများ ခံနေရတတ်ပါသည်။စိတ်ဓါတ်တည်ကြည်ခိုင်မာအောင် ထားပြီး ဆင်ခြင် သုံးသပ်ပါမှအရာရာ အဆင်ပြေအောင်မြင်ပါလိမ့်မည်။

အရာရာကို စိတ်အေးချမ်းစွာဖြင့် စဉ်းစား၊ ဆုံးဖြတ် ၍ ဇွဲရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်သွားပါ။ အစစအရာရာ အဆင်ပြေအောင်မြင်လာပါလိမ့်မည်။ သတိလက်လွတ် လုပ်ကိုင်မိလျှင် လွတ်သလို နစ်နာမှုများ ရှိနေရတတ် ပါသည်။

လုပ်ငန်းခွင်အတွင်းလုပ်ဖော်ကိုင် ဖက်များ၏ ငြိုငြင် မှုကိုလည်း ခံရတတ်ပါသည်။ နေရာထိုင်ခင်းကိစ္စများနှင့်ပတ်သက်၍ စကားတွေ အများကြီး ပြေ ဆိုရတတ်သည်။ ဝင်ငွေများကို မထိန်းသိမ်းနိုင်သဖြင့် ပြန်ထွက်သွားတတ်သည်။

အဓိဋ္ဌာန်တစ်ခုခုကိုဝင်ချင် စိတ်များ ဖြစ်နေရတတ် ပါသည်။ အချစ်ရေးရော၊ အိမ်ထောင်ရေးရော ဒီကာလအညံ့အဆိုးမရှိသလောက်နည်းပါတယ်။ ကျန်းမာရေးက တော့ အာရုံကြောတွေ အထူးအားနည်းလွယ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။

အကျိုးပေးဂဏန်း…၁/၆/၈ အထူးဟော….ကျန်းမာရေးညံ့ဖျင်းတတ်သည်။ ယတြာ…ပဲကပ်ကြော်ဘုရားကပ်လှူပါ။

ကြာသပတေး

အရာရာ မမေ့မလျော့ သောသတိတရားဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက အဆင်ပြေလာပါလိမ့်မည်။ ငွေရေး၊ ကြေးရေး အကုန်အကျများ များပြားနေရတတ်ပါသည်။ မိသားစုနှင့်ပတ်သက်၍ စိတ်ပူရတတ်ပါသည်။

သားသမီး များ ကြောင့် စကားပြောဆိုရာတွင် အဆင်မပြေမှုများလည်း ကြုံတွေ့ရနိုင်ပါသည်။ လုပ်ငန်းခွင်အတွင်း အပြိုင် အဆိုင်များ လုပ်ကိုင် ရတတ် သည်။ကိုယ်ပိုင်စီးပွားများ စိတ်ဆင်းရဲစရာဖြစ်ရပ်များနှင့် ကြုံတွေ့နေရတတ်သည်။

သူတစ်ပါး၏ စွပ်စွဲပြောဆိုခြင်းများ ခံရတတ်ပါသည်။ ဆရာသမားများကြောင့် စိတ်အနှောက်အယှက် ဖြစ်ရခြင်းများ ကြုံတွေ့ရနိုင်ပါသည်။ ကျန်းမာရေးကောင်းပေမယ့်မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်လာရတတ်ပါသည်။ စပ်တူ လုပ်ငန်းများ အဆင်ပြေနေတတ် ပါသည်။

လုပ်ငန်းစီးပွားရေးကိစ္စများ တိုးတတ်မှုများ ရပ်ဆိုင်း ထစ်ငေါ့နေရတတ် သည်။ အခွင့်အရေးရခါနီးတွင် သူတစ်ပါး၏ ကြောင့်ပျက်သွားတတ်ပါသည်။ လူငယ်များ မိမိစိတ်ကို မထိန်းသိမ်းပဲ စိတ်လိုက်မာန်ပါ လုပ်ကိုင်မိခြင်းများကြောင့် အဆင်မပြေမှုများ ဖြစ်တတ်ပါသည်။

ပညာရေးအထူးကောင်းမွန်၍ ဝင်ခွင့်စာမေးပွဲများဖြေဖို့ကြုံရင် ထူးထူးချွန်ချွန် အောင်မြင်တတ်ပါသည်။အချစ်ရေးမှာတော့ လွန်စွာစိတ်ချမ်းသာရ မည်။ ချစ်သူမရှိသေးသူများချစ်သူရလွယ်တတ်ပါတယ်။ အိမ်ထောင်ရေးများ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု အပြည့်ရှိနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၂/၇/၀ အထူးဟော စိတ်အနှောက်အယှက်ဖြစ်စရာများနေမည်။ ယတြာ… တံခွန် ၇လုံးဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီတစ်ပတ်အတွင်း ကံကောင်းခြင်းတစ်ဝက်၊ ဆိုးခြင်းတစ်ဝက်လည်း ဖြစ်ပေါ်နေပေမယ့် ငွေကြေးဥစ္စာဓန ကံကောင်းမှုများ ရှိနေတတ် ပါသည်။ အလုပ်နှင့်ပတ်သက်၍ ငွေဝင်တတ်ပါသည်။ ထီပေါက်ကိန်းများကြုံရတတ် သည်။

အိမ်တွင်းရေး အဆင် ပြေစိတ်ချမ်းသာရမည်။ မိမိဖြစ်စေ၊အိမ်သားတစ်ဦးဦးဖြစ်စေ နေထိုင်မကောင်းခြင်း ကြောင့် ငွေကြေးကုန်ကျမှုများ များပြားနေရတတ်သည်။ အဖိုးတန်သောပစ္စည်းများ ဝင်လာတတ်သည်။

မောင်နှမ သားချင်းများ၏ချစ်ခင်ခြင်းကို ရရှိမည်။အလေးအပင်မမယ့်သူများစနစ်တကျဆောင်ရွက်ပါ။ ဒူးနာ၊ ခါးနာလည်း ဖြစ် တတ် ပါသည်။ ဝန်ဆောင်မှု ပေးရတဲ့လုပ်ငန်းများအကူအညီကောင်းများ ရရှိပြီး စီးပွားဥစ္စာဓနများ ပေါများတတ် ပါသည်။

မိုးရွာတုန်း ရေခံဆိုသည့်စကားအတိုင်း အခွင့်အလမ်းကောင်းများကို အချိန်မီ အသုံးချဆောင်ရွက်သင့်ပါ သည်။ပညာရေးနဲ့ဆက် နွယ်သောရည်မှန်းချက်၊ ရည်ရွယ်ချက်များ အားလုံးလည်း အောင်မြင်ထွန်းပေါက် လာ တတ် ပါသည်။

ဤကာလများ တွင် အတတ်ပညာများကြိုးစားသလောက် ခရီးရောက်၍ အောင်မြင်ထွန်းပေါက်နေတတ် ပါသည်။ အချစ်ရေးမှာ အနေဝေးပေမယ့် သင့်မြတ်နေတတ်ပါတယ်။

အိမ်ထောင်ရေးအဆင်ပြေပေမယ့် အနာ ဟောင်းကို ပြန်မဆွမိဖို့လိုအပ်ပါတယ်။ အိမ်ထောင်ဘက်ကို မူးပြီးရစ်တာမျိုးမလုပ်မိစေနဲ့။သွေးထွက်သံယိုကိစ္စများ ထိဖြစ်သွားနိုင်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၆ အထူးဟော ကံမြင့်မားနေမည်။ ယတြာ….လက်ဖက်ခြောက်တစ်ထုပ်လူကြီးမိဘတွေကိုလှူပေးပါ

စနေ

အခြေအနေအရ အခက်အခဲ၊ ပြဿနာအများစု ရင်ဆိုင်တွေ့ကြုံရတတ်သည်။ သို့သော်မိမိက ဓမ္မနည်း လမ်းကျကျပြုလုပ်ခြင်း၊ လမ်းမှန်၊ လမ်းဟောင်းကို စိတ်ဓါတ် ခိုင်မာတည်ကြည်စွာ ပြုလုပ်ခြင်းဖြင့် ရေရှည်တွင် ကောင်းသောအခြေအနေများ ဖြစ်ပေါ်လာတတ်ပါသည်။

ကုသိုလ်ရေးကို အထူးမမေ့သင့်ပါ။ အဆင်မပြေမှုများ၊ အပြစ်တင်ခံရခြင်းများဖြစ်နေပြီးမိမိလုပ်ကိုင်နေသောလုပ်ငန်းများအားမလုပ်ချင်ဘဲ ဖြစ်နေရတတ်ပါသည်။ ပျောက် နေသောရွှေ၊ ငွေများ ပြန်ရတတ်ပါသည်။

အလိမ်ခံ ထားရသော၊ ဒါမှမဟုတ်ကြန့်ကြာနေသော ကုန်ပစ္စည်း ဖိုးများ ပြန်ရတတ်သည်။တပည့်လက်အောက်ငယ်သားများ၏ရန်ရှာ ခြင်းကို ခံရတတ်သည်။ ငွေကြေးပြဿနာများ ကြောင့် သိက္ခာကျဆင်းတတ်သည်။

အမှုအခင်းများနှင့် ရင်ဆိုင်ရတတ် သည်။ လက်အောက်ငယ်သားများ၏ ဒုက္ခပေးခြင်း များ ကို ခံရတတ်ပါသည်။ စနစ်တကျလုပ်ကိုင်ရသော လုပ်ငန်း များမှသာအဆင်ပြေတတ်သည်။ အချင်းချင်း စိတ် ဝမ်း ကွဲတတ်သည်။

မောင်နှမများ၏ ပြဿနာများကို မိမိမှခေါင်းခံ၍ ဖြေရှင်း ပေးရတတ်သည်။ လမ်းခရီး၌ အဆင် မပြေဖြစ်ရတတ်သည်။ မည်မျှပင် အခက်အခဲ၊ အတားအဆီးများ ပိတ်ဆို့ထားပါစေ အဆုံးပိုင်းတွင် အောင်မြင်မှု များနှင့် ပြည့်စုံနေမည်။

အချစ်ရေး အိမ်ထောင်ရေးစိတ်ချမ်းသာရမည်။ ကျန်းမာရေးအညံ့အနည်းငယ်သာရှိနေမည်။

အကျိုးပေးဂဏန်း…၂/၄/၇ အထူးဟော….စန်းအားကောင်းနေမည်။ ယတြာ….ကျောက်ကျောတစ်ပန်းကန်ဘုရားလှူပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695/ 09 44 5555 695

Zawgyi

25.2.2021 မွ 3.3.2021 အထိ တစ္ပတ္စာ ၇ ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီတစ္ပတ္အတြင္းစီးပြားေရးႏွင့္ ပတ္သက္သည့္ လုပ္ငန္းကိစၥမ်ား နားမလည္ပါက ေရွ႕ဆက္မတိုးလိုက္ပါနဲ႔။ အလိမ္အညာခံရ၍ ဆုံးရႈံးရကိန္းမ်ား ရွိေနမည္။ ဝန္ထမ္းဆိုတရားမဝင္ေငြေၾကးႏွင့္မ႐ိုးမသား လုပ္ကိုင္ရျခင္းမ်ား ေၾကာင့္ ဒုကၡေရာက္ရတတ္သည္။

လူငယ္လူ႐ြယ္ေတြဆိုရင္အဓိပၸါယ္မဲ့၊ အက်ိဳးမဲ့စြာ၊ သတၱိလြဲမ်ား ေမြးမိသျဖင့္ မေကာင္းေသာ ဆိုးက်ိဳးမ်ားႏွင့္ အတိဒုကၡေရာက္ရတတ္သည္။ တတ္ႏိုင္သမွ်ခရီးေရွာင္ေစခ်င္ပါတယ္။ ခရီးသြား လာရင္းအမႈျပႆနာမ်ားႀကဳံေတြ႕လာရတတ္သည္။

အိမ္ေျပာင္း၊ ေနရာေျပာင္း၊ အလုပ္ေျပာင္းကဲ့သို႔ေသာ အေျပာင္း အလဲကိစၥမ်ားႀကဳံရတတ္ပါတယ္။ ထီေပါက္ခ်င္ပါက အရင္းႏွီးဆုံးမိတ္ေဆြတစ္ဦးႏွင့္စပ္တူထီထိုးပါ။ မိတ္ေကာင္း၊ ေဆြေကာင္း၊ ဆရာသမားေကာင္းမ်ားႏွင့္ ပူးတြဲလုပ္ကိုင္ခြင့္ရ၍

လုပ္ငန္းစီးပြားမ်ား ေအာင္ျမင္ တိုး တတ္လာ ပါလိမ့္မည္။ က်န္းမာေရးအေနျဖင့္ ေရာဂါေၾကာင့္မျဖစ္ဘဲ စိတ္ေထာင္းကိုယ္ေၾကဆိုတာမ်ိဳးျဖစ္တတ္ပါ တယ္။ စိတ္ေၾကာင့္ ေရာဂါရမယ္ေပါ့ဗ်ာ။ ဒါအျပင္အျခားသတိထားရမွာက မသန႔္ရွင္းေသာ ေရေၾကာင့္ ေရာဂါမ်ား ရတတ္ ပါသည္။

အခ်စ္ေရးကိစၥေတြမွာေတာ့ လူသိမခံႏိုင္တဲ့ကိစၥေတြျဖစ္ေပၚတတ္ပါတယ္။ အိမ္ေထာင္သည္မ်ားအညံ့ အဆိုးသိပ္မရွိပါဘူး။ေရလိုက္ငါးလိုက္ေနတတ္ဖို႔ပဲလိုပါတယ္။ ပညာေရးကံအားနည္းခ်က္မ်ားျပားေနပါတယ္။

အက်ိဳးေပးဂဏန္း ၁/၃/၅ အထူးေဟာ ကံအနည္းငယ္အားနည္းသည္။ ယၾတာ…ဆန္ျပဳတ္ဘုရားကပ္လႉေပးပါ။

တနလၤာ

ဒီတစ္ပတ္အတြင္း မိမိဝယ္ခ်င္ေနတဲ့တန္ဖိုးႀကီးပစၥည္းမ်ား ဝယ္ယူရတတ္သည္။ စပ္တူရွယ္ယာ လုပ္ငန္း မ်ား လုပ္ကိုင္ေဆာင္႐ြက္ေနသူေတြ လုပ္ငန္းတိုးတတ္ဖို႔အခြင့္အလမ္းေတြႀကဳံရမည္။ အိမ္တြင္းေရး၊ညီ အကို ေမာင္ႏွမကိစၥမ်ားႏွင့္ပတ္သက္၍ စကားမ်ား ေျပာဆိုေျဖရွင္းေပးေနရတတ္သည္။

ရပ္ေဝးႏွင့္ႏိုင္ငံျခားသို႔သြားမည့္ အစီအစဥ္မ်ား ပ်က္တတ္ပါသည္။ ေဘးအႏၲရာယ္မ်ား ႀကဳံေတြ႕ရတတ္ပါသည္။ အေကာင္းအဆိုးမ်ား ဒြန္တြဲေနရ တတ္ သျဖင့္ မိမိဉာဏ္ႏွင့္ ဝီရိယအေပၚမွာ မ်ားစြာ မူတည္ေနတတ္ပါ သည္။

ထို႔ေၾကာင့္ စိတ္ဓါတ္ တည္ၾကည္ခိုင္မာ စြာ ျဖင့္ စဥ္းစားေတြးေခၚ၍ ဇြဲရွိရွိျဖင့္ ေဆာင္႐ြက္ပါမွ အဆင္ေျပ ေအာင္ျမင္ပါလိမ့္မည္။ ကံၾကမၼာ ေကာင္းျခင္းဘက္ တြင္ အလြန္မ်ားျပားေနရတတ္ပါသည္။ အၿပိဳင္အဆိုင္လုပ္ငန္း မ်ား အတြက္ စိတ္ညစ္ေနရတတ္ ပါသည္။

မေရမရာ လုပ္ငန္းမ်ား လုပ္ေနရ၍ အဆင္မေျပျဖစ္ရတတ္ပါသည္။ မိသားစုအတြက္ စိတ္ပူရတတ္ ပါသည္။ အိမ္ေထာင္ေရး တြင္ အိမ္ေထာင္ဘက္၏ ေဆြမ်ိဳးမ်ားရဲ႕ရန္ျပဳျခင္းကို ခံေနရတတ္ပါသည္။ ထီထိုးျခင္း၊ ကံစမ္းျခင္းမ်ားမွ မေမွ်ာ္လင့္ ဘဲ ေငြဝင္တတ္ပါသည္။

အခ်စ္ေရး အဆင္မေျပျဖစ္ တတ္၍ စိတ္ညစ္စရာမ်ားႏွင့္ ႀကဳံေတြ႕ေနရ တတ္ပါသည္။ အခ်စ္ေရးျပႆနာမ်ား မၾကာခဏ ေျဖရွင္းေပးေန ရတတ္သည္။က်န္းမာေရးအညံ့အဆိုးသိပ္မေတြ႕ရပါဘူး။ပညာ ေရးနဲ႔ပတ္သတ္ၿပီးရပ္ေဝးကေန ပညာအသစ္ေတြရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၆/၉ အထူးေဟာ စဥ္းစားေတြးေခၚၿပီးမွ အရာရာေဆာင္႐ြက္ပါ။ ယၾတာ ….ဆႏြင္းမကင္း ဘုရားကပ္လႉေပးပါ။

အဂၤါ

ဒီတစ္ပတ္ရဲ႕ကံၾကမၼာအရ ေကာင္းမြန္ေသာ အခြင့္အေရးမ်ား ရရွိတတ္ပါသည္။ မိမိကိုယ္တိုင္ ဦးေဆာင္ သည့္ လုပ္ငန္းမ်ား လုပ္ကိုင္ရတတ္ေပမယ့္ေကာင္းမြန္ေအာင္ စိတ္ဓါတ္တည္ၾကည္စြာထား၍ သတိထားေတြးေခၚ လုပ္ကိုင္ေဆာင္႐ြက္ထားပါမွ အဆင္ေျပ ေအာင္ျမင္ရပါလိမ့္မည္။

သတိမရွိလွ်င္ မရွိသလို နစ္နာမႈမ်ား ရွိတတ္ ပါသည္။မိမိရဲ႕က်န္းမာေရးညံ့သလိုမိသားစုအတြင္းလဲက်န္းမာေရးအညံ့မ်ား ႀကဳံေတြ႕ေနရတတ္ပါသည္။ အိမ္ေထာင္ ေရးတြင္ မိမိအိမ္ေထာင္ ဘက္ႏွင့္ အဆင္မေျပ တစ္က်က္က်က္ ျဖစ္ေနရတတ္ပါသည္။

မိမိအနီးပတ္ဝန္းက်င္ရွိ အိမ္နီးနားခ်င္းမ်ား၏ ေစာင္းေျမာင္း ေျပာျခင္း ကိုလည္း ခံစားရတတ္ပါသည္။ ကုန္သည္မ်ားေပးထားေသာ ကတိ ပ်က္၍ စိတ္ညစ္ရတတ္ပါသည္။စုေဆာင္းထားေသာ ေငြေၾကးမ်ား မဆင္မျခင္သုံးစြဲမႈေၾကာင့္ ဆုံးရႈံးနစ္နာရျခင္းမ်ား ျဖစ္ေနရတတ္ပါ သည္။

အထူးသျဖင့္ေလာင္းကစားမလုပ္ပါနဲ႔။ တပည့္လက္ေအာက္ငယ္သားမ်ားႏွင့္ တြဲဖက္ေဆာင္ ႐ြက္လုပ္ကိုင္ရ ေသာ အလုပ္စီးပြားမ်ားမွ အထူးကံေကာင္း အက်ိဳးေပးျခင္းမ်ား ႀကဳံေတြ႕ရတတ္ ပါသည္။ အရာ ရာ တြင္ အထူးသတိရွိပါ။

ျဖစ္ေပၚလာေသာ အဆင္မေျပမႈမ်ားကို တုန႔္ဆိုင္းမေနပဲ ရဲရဲ ေရွ႕တိုးေဆာင္႐ြက္ပါ။ အခ်စ္ေရး မွာေတာ့ ခ်စ္သူက မိမိကို အေၾကာင္းတစ္ခုခုေၾကာင့္အႀကီးအက်ယ္အထင္လြဲတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၅/၇/၀ အထူးေဟာ….ေလာင္းကစားကိစၥမ်ားေရွာင္ပါ။ ယၾတာ….စံပယ္ပန္းေလးေတြဘုရားလႉေပးပါ။

ဗုဒၶဟူး / ရာဟု

ဒီကာလအတြင္းလူမွားၿပီး အႏၲရာယ္ေပးျခင္း၊ ရန္မူျခင္း၊ေခ်ာင္း႐ိုက္ျခင္းမ်ား ကိုလည္း ခံရတတ္ပါသည္။ သားသမီးမ်ားအတြက္ အလုပ္မ်ားရတတ္ပါသည္။ ကုသိုလ္ေကာင္းမႈဘက္တြင္ စိတ္ေရာက္ၿပီး တရားဓမၼလုပ္ျဖစ္ ေအာင္ ႏႈိးေဆာ္တဲ့ကလ်ာဏမိတၱမ်ားႏွင့္ေတြ႕ရတတ္သည္။

အမႈအခင္းမ်ားႏွင့္ ႀကဳံေတြ႕ေနရတတ္ပါသည္။ မိမိ၏ လုပ္ငန္းကို သူတစ္ပါးက ေစ်းကြက္ဝင္လုျခင္းမ်ား ခံေနရတတ္ပါသည္။စိတ္ဓါတ္တည္ၾကည္ခိုင္မာေအာင္ ထားၿပီး ဆင္ျခင္ သုံးသပ္ပါမွအရာရာ အဆင္ေျပေအာင္ျမင္ပါလိမ့္မည္။

အရာရာကို စိတ္ေအးခ်မ္းစြာျဖင့္ စဥ္းစား၊ ဆုံးျဖတ္ ၍ ဇြဲရွိရွိျဖင့္ လုပ္ကိုင္ေဆာင္႐ြက္သြားပါ။ အစစအရာရာ အဆင္ေျပေအာင္ျမင္လာပါလိမ့္မည္။ သတိလက္လြတ္ လုပ္ကိုင္မိလွ်င္ လြတ္သလို နစ္နာမႈမ်ား ရွိေနရတတ္ ပါသည္။

လုပ္ငန္းခြင္အတြင္းလုပ္ေဖာ္ကိုင္ ဖက္မ်ား၏ ၿငိဳျငင္ မႈကိုလည္း ခံရတတ္ပါသည္။ ေနရာထိုင္ခင္းကိစၥမ်ားႏွင့္ပတ္သက္၍ စကားေတြ အမ်ားႀကီး ေျပ ဆိုရတတ္သည္။ ဝင္ေငြမ်ားကို မထိန္းသိမ္းႏိုင္သျဖင့္ ျပန္ထြက္သြားတတ္သည္။

အဓိ႒ာန္တစ္ခုခုကိုဝင္ခ်င္ စိတ္မ်ား ျဖစ္ေနရတတ္ ပါသည္။ အခ်စ္ေရးေရာ၊ အိမ္ေထာင္ေရးေရာ ဒီကာလအညံ့အဆိုးမရွိသေလာက္နည္းပါတယ္။ က်န္းမာေရးက ေတာ့ အာ႐ုံေၾကာေတြ အထူးအားနည္းလြယ္တဲ့ကာလတစ္ခုျဖစ္ပါတယ္။

အက်ိဳးေပးဂဏန္း…၁/၆/၈ အထူးေဟာ….က်န္းမာေရးညံ့ဖ်င္းတတ္သည္။ ယၾတာ…ပဲကပ္ေၾကာ္ဘုရားကပ္လႉပါ။

ၾကာသပေတး

အရာရာ မေမ့မေလ်ာ့ ေသာသတိတရားျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ပါက အဆင္ေျပလာပါလိမ့္မည္။ ေငြေရး၊ ေၾကးေရး အကုန္အက်မ်ား မ်ားျပားေနရတတ္ပါသည္။ မိသားစုႏွင့္ပတ္သက္၍ စိတ္ပူရတတ္ပါသည္။

သားသမီး မ်ား ေၾကာင့္ စကားေျပာဆိုရာတြင္ အဆင္မေျပမႈမ်ားလည္း ႀကဳံေတြ႕ရႏိုင္ပါသည္။ လုပ္ငန္းခြင္အတြင္း အၿပိဳင္ အဆိုင္မ်ား လုပ္ကိုင္ ရတတ္ သည္။ကိုယ္ပိုင္စီးပြားမ်ား စိတ္ဆင္းရဲစရာျဖစ္ရပ္မ်ားႏွင့္ ႀကဳံေတြ႕ေနရတတ္သည္။

သူတစ္ပါး၏ စြပ္စြဲေျပာဆိုျခင္းမ်ား ခံရတတ္ပါသည္။ ဆရာသမားမ်ားေၾကာင့္ စိတ္အေႏွာက္အယွက္ ျဖစ္ရျခင္းမ်ား ႀကဳံေတြ႕ရႏိုင္ပါသည္။ က်န္းမာေရးေကာင္းေပမယ့္မေတာ္တဆ ထိခိုက္မႈမ်ား ျဖစ္ေပၚလာရတတ္ပါသည္။ စပ္တူ လုပ္ငန္းမ်ား အဆင္ေျပေနတတ္ ပါသည္။

လုပ္ငန္းစီးပြားေရးကိစၥမ်ား တိုးတတ္မႈမ်ား ရပ္ဆိုင္း ထစ္ေငါ့ေနရတတ္ သည္။ အခြင့္အေရးရခါနီးတြင္ သူတစ္ပါး၏ ေၾကာင့္ပ်က္သြားတတ္ပါသည္။ လူငယ္မ်ား မိမိစိတ္ကို မထိန္းသိမ္းပဲ စိတ္လိုက္မာန္ပါ လုပ္ကိုင္မိျခင္းမ်ားေၾကာင့္ အဆင္မေျပမႈမ်ား ျဖစ္တတ္ပါသည္။

ပညာေရးအထူးေကာင္းမြန္၍ ဝင္ခြင့္စာေမးပြဲမ်ားေျဖဖို႔ႀကဳံရင္ ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္တတ္ပါသည္။အခ်စ္ေရးမွာေတာ့ လြန္စြာစိတ္ခ်မ္းသာရ မည္။ ခ်စ္သူမရွိေသးသူမ်ားခ်စ္သူရလြယ္တတ္ပါတယ္။ အိမ္ေထာင္ေရးမ်ား တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈ အျပည့္ရွိေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၂/၇/၀ အထူးေဟာ စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ားေနမည္။ ယၾတာ… တံခြန္ ၇လုံးဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ

ဒီတစ္ပတ္အတြင္း ကံေကာင္းျခင္းတစ္ဝက္၊ ဆိုးျခင္းတစ္ဝက္လည္း ျဖစ္ေပၚေနေပမယ့္ ေငြေၾကးဥစၥာဓန ကံေကာင္းမႈမ်ား ရွိေနတတ္ ပါသည္။ အလုပ္ႏွင့္ပတ္သက္၍ ေငြဝင္တတ္ပါသည္။ ထီေပါက္ကိန္းမ်ားႀကဳံရတတ္ သည္။

အိမ္တြင္းေရး အဆင္ ေျပစိတ္ခ်မ္းသာရမည္။ မိမိျဖစ္ေစ၊အိမ္သားတစ္ဦးဦးျဖစ္ေစ ေနထိုင္မေကာင္းျခင္း ေၾကာင့္ ေငြေၾကးကုန္က်မႈမ်ား မ်ားျပားေနရတတ္သည္။ အဖိုးတန္ေသာပစၥည္းမ်ား ဝင္လာတတ္သည္။

ေမာင္ႏွမ သားခ်င္းမ်ား၏ခ်စ္ခင္ျခင္းကို ရရွိမည္။အေလးအပင္မမယ့္သူမ်ားစနစ္တက်ေဆာင္႐ြက္ပါ။ ဒူးနာ၊ ခါးနာလည္း ျဖစ္ တတ္ ပါသည္။ ဝန္ေဆာင္မႈ ေပးရတဲ့လုပ္ငန္းမ်ားအကူအညီေကာင္းမ်ား ရရွိၿပီး စီးပြားဥစၥာဓနမ်ား ေပါမ်ားတတ္ ပါသည္။

မိုး႐ြာတုန္း ေရခံဆိုသည့္စကားအတိုင္း အခြင့္အလမ္းေကာင္းမ်ားကို အခ်ိန္မီ အသုံးခ်ေဆာင္႐ြက္သင့္ပါ သည္။ပညာေရးနဲ႔ဆက္ ႏြယ္ေသာရည္မွန္းခ်က္၊ ရည္႐ြယ္ခ်က္မ်ား အားလုံးလည္း ေအာင္ျမင္ထြန္းေပါက္ လာ တတ္ ပါသည္။

ဤကာလမ်ား တြင္ အတတ္ပညာမ်ားႀကိဳးစားသေလာက္ ခရီးေရာက္၍ ေအာင္ျမင္ထြန္းေပါက္ေနတတ္ ပါသည္။ အခ်စ္ေရးမွာ အေနေဝးေပမယ့္ သင့္ျမတ္ေနတတ္ပါတယ္။

အိမ္ေထာင္ေရးအဆင္ေျပေပမယ့္ အနာ ေဟာင္းကို ျပန္မဆြမိဖို႔လိုအပ္ပါတယ္။ အိမ္ေထာင္ဘက္ကို မူးၿပီးရစ္တာမ်ိဳးမလုပ္မိေစနဲ႔။ေသြးထြက္သံယိုကိစၥမ်ား ထိျဖစ္သြားႏိုင္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၃/၆ အထူးေဟာ ကံျမင့္မားေနမည္။ ယၾတာ….လက္ဖက္ေျခာက္တစ္ထုပ္လူႀကီးမိဘေတြကိုလႉေပးပါ

စေန

အေျခအေနအရ အခက္အခဲ၊ ျပႆနာအမ်ားစု ရင္ဆိုင္ေတြ႕ႀကဳံရတတ္သည္။ သို႔ေသာ္မိမိက ဓမၼနည္း လမ္းက်က်ျပဳလုပ္ျခင္း၊ လမ္းမွန္၊ လမ္းေဟာင္းကို စိတ္ဓါတ္ ခိုင္မာတည္ၾကည္စြာ ျပဳလုပ္ျခင္းျဖင့္ ေရရွည္တြင္ ေကာင္းေသာအေျခအေနမ်ား ျဖစ္ေပၚလာတတ္ပါသည္။

ကုသိုလ္ေရးကို အထူးမေမ့သင့္ပါ။ အဆင္မေျပမႈမ်ား၊ အျပစ္တင္ခံရျခင္းမ်ားျဖစ္ေနၿပီးမိမိလုပ္ကိုင္ေနေသာလုပ္ငန္းမ်ားအားမလုပ္ခ်င္ဘဲ ျဖစ္ေနရတတ္ပါသည္။ ေပ်ာက္ ေနေသာေ႐ႊ၊ ေငြမ်ား ျပန္ရတတ္ပါသည္။

အလိမ္ခံ ထားရေသာ၊ ဒါမွမဟုတ္ၾကန႔္ၾကာေနေသာ ကုန္ပစၥည္း ဖိုးမ်ား ျပန္ရတတ္သည္။တပည့္လက္ေအာက္ငယ္သားမ်ား၏ရန္ရွာ ျခင္းကို ခံရတတ္သည္။ ေငြေၾကးျပႆနာမ်ား ေၾကာင့္ သိကၡာက်ဆင္းတတ္သည္။

အမႈအခင္းမ်ားႏွင့္ ရင္ဆိုင္ရတတ္ သည္။ လက္ေအာက္ငယ္သားမ်ား၏ ဒုကၡေပးျခင္း မ်ား ကို ခံရတတ္ပါသည္။ စနစ္တက်လုပ္ကိုင္ရေသာ လုပ္ငန္း မ်ားမွသာအဆင္ေျပတတ္သည္။ အခ်င္းခ်င္း စိတ္ ဝမ္း ကြဲတတ္သည္။

ေမာင္ႏွမမ်ား၏ ျပႆနာမ်ားကို မိမိမွေခါင္းခံ၍ ေျဖရွင္း ေပးရတတ္သည္။ လမ္းခရီး၌ အဆင္ မေျပျဖစ္ရတတ္သည္။ မည္မွ်ပင္ အခက္အခဲ၊ အတားအဆီးမ်ား ပိတ္ဆို႔ထားပါေစ အဆုံးပိုင္းတြင္ ေအာင္ျမင္မႈ မ်ားႏွင့္ ျပည့္စုံေနမည္။

အခ်စ္ေရး အိမ္ေထာင္ေရးစိတ္ခ်မ္းသာရမည္။ က်န္းမာေရးအညံ့အနည္းငယ္သာရွိေနမည္။

အက်ိဳးေပးဂဏန္း…၂/၄/၇ အထူးေဟာ….စန္းအားေကာင္းေနမည္။ ယၾတာ….ေက်ာက္ေက်ာတစ္ပန္းကန္ဘုရားလႉပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695/ 09 44 5555 695