မိုးေရခ်ိန္ ၂လက္မ မွ ၅ လက္မထိ ႐ြာသြန္းႏိုင္တဲ့ ျမိဳ႕မ်ားႏွင့္ ေန႕စဥ္မိုးေလ၀သ သတင္း

ယေန႔ကစၿပီး ေနာက္ႏွစ္ရက္ထိ မိုးေရခ်ိန္ ၂လက္မ မွ ၅ လက္မထိ ႐ြာသြန္းႏိုင္တဲ့ ျပည္နယ္မ်ား

၂၃ရက္ေန႔မွ ၂၅ရက္ေန႔အတြင္း ဖားကန႔္ ကာမိုင္း ျမစ္ႀကီးနား ဝိုင္းေမာ္ ဝါေရွာင္ ဆဒုံး ကန္ပိုက္တီ ခ်ီေဗြ Kaban. တို႔တြင္ မိုးေရခ်ိန္ ၂လက္မ မွ ၅လက္မ အထိ႐ြာသြန္းႏိုင္ပါတယ္..

ျမစ္ဆုံ

su su san

(၂၀၂၁ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔ နံနက္(၇:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္အေျခအေန။ ကပၸလီပင္လယ္ျပင္ႏွင့္ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားအသင့္အတင့္ ရွိေနပါသည္။

ယေန႔ညေနအထိခန႔္မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)တို႔တြင္ ေနရာကြက္က်ား၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၃၀)မွ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။

က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၉)ေပခန႔္ႏွင့္ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန႔္ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန႔္မွန္းခ်က္။ မုတ္သုံေလ အားအသင့္အတင့္ရွိမည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါ သည္။႐ြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္။

unicode

ယနေ့ကစပြီး နောက်နှစ်ရက်ထိ မိုးရေချိန် ၂လက်မ မှ ၅ လက်မထိ ရွာသွန်းနိုင်တဲ့ ပြည်နယ်များ

၂၃ရက်နေ့မှ ၂၅ရက်နေ့အတွင်း ဖားကန့် ကာမိုင်း မြစ်ကြီးနား ဝိုင်းမော် ဝါရှောင် ဆဒုံး ကန်ပိုက်တီ ချီဗွေ Kaban. တို့တွင် မိုးရေချိန် ၂လက်မ မှ ၅လက်မ အထိရွာသွန်းနိုင်ပါတယ်..

မြစ်ဆုံ

su su san

(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားအသင့်အတင့်ရှိမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။