အဆိုေတာ္ေရမြန္ ကြယ္လြန္

အဆိုေတာ္ေရမြန္ ကြယ္လြန္

Idiots ဂီတအဖြဲ႕က ပင္တိုင္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေရမြန္ဟာ ဒီေန႔ ဇြန္ ၂၃ ရက္မနက္ပိုင္းမွာ ကြယ္လြန္သြားတယ္လို႔ သူ႔ရဲ့မိသားစုဝင္တစ္ဦးက လူမႈကြန္ရက္မွာေရးသားထားပါတယ္။

ဘာေၾကာင့္ ကြယ္လြန္တယ္ဆိုတာေတာ့ မသိရေသးပါဘူး။

ေရမြန္ဟာ Idiots ဂီတအဖြဲ႕နဲ႔အတူ “လူအဂီတ” ပြဲဦးထြက္ စီးရီးထြက္ရွိခဲ့ၿပီး ေတးသီခ်င္းေတြကိုလည္း ကိုယ္တိုင္ေရးသားသီဆိုခဲ့တဲ့ လူငယ္အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။

မကြယ္လြန္မီ ဇြန္ ၁၉ ရက္ေန႔က နိုင္ငံတဝန္း ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔အထိမ္းအမွတ္ ပန္းသပိတ္ဆင္ႏႊဲရာမွာ ပါဝင္ခဲ့တာကို သူ႔ရဲ့ လူမႈကြန္ရက္မွာတင္ထားခဲ့ပါတယ္။

ေရမြန္ရဲ့ ဂီတတီးဝိုင္း Idiots ေဖ့စ္ဘြတ္စာမ်က္ႏွာကလည္း အနက္ေရာင္ပရိုဖိုင္းေျပာင္းလဲထားၿပီး

ေရမြန္ေသဆုံးသြားေၾကာင္းနဲ႔ ေကာင္းမြန္ရာဘုံဘဝေရာက္ေစဖို႔ ဆုေတာင္းေပးထားတာေတြ႕ရပါတယ္။

ထပ္မံရရွိတဲ့သတင္းကိုလည္း တင္ဆက္ေပးပါမယ္။

Photo-Wai Mon Oo facebook

unicode

အဆိုတော်ရေမွန် ကွယ်လွန်

Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ ဒီနေ့ ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဘာကြောင့် ကွယ်လွန်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “လူအဂီတ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

မကွယ်လွန်မီ ဇွန် ၁၉ ရက်နေ့က နိုင်ငံတဝန်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲရာမှာ ပါဝင်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။

ရေမွန်ရဲ့ ဂီတတီးဝိုင်း Idiots ဖေ့စ်ဘွတ်စာမျက်နှာကလည်း အနက်ရောင်ပရိုဖိုင်းပြောင်းလဲထားပြီး

ရေမွန်သေဆုံးသွားကြောင်းနဲ့ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဆုတောင်းပေးထားတာတွေ့ရပါတယ်။

ထပ်မံရရှိတဲ့သတင်းကိုလည်း တင်ဆက်ပေးပါမယ်။

Photo-Wai Mon Oo facebook